Monday, May 31, 2010

ကာမအကျိုးဆက်နှင့် ကာမမှလွတ်ရာလမ်း။

ဟိန္ဒူနှင့် ဗုဒ္ဓဘာသာတွင် ကာမဟူသည် လူ၏မကောင်းဆုံး အမှုအရာကိုပြဆိုပြီး၊ သူ၏အပြစ်တ သဘောဘ၀အခြေအနေနှင့် သူ၏ နောက်ဘ၀ကို အဆုံးအဖြတ်ပြုသောအရာအဖြစ်ဆိုသည် ( Webster's New 20th Century Dictionary) ။

      ``လူသည် တစ်ခါတည်းသေ၍ ထို့နောက်တရားစီရင်ခြင်းခံရမည် ´´ ဟေဗြဲ ၉း၂၇။
      သမ္မာကျမ်းစာ၍ ရှင်းလင်းစွာသိရသည်မှာ လူသည်တစ်ခါတည်းမွေး၍ တစ်ခါတည်းသေခြင်းတရားကို ရင်ဆိုင်ရရန် သာရှိသည်။ ကျွန်ုပ်တို့၏ ငယ်စဉ်က သင်ကြားခဲ့ရသကဲ့သို့ အကြိမ်များစွာ မွေးဖွားခြင်းဟူသော သံသရာ အမှန်တကယ်မရှိပါ။

၁။ကာမ။
      တစ်ကြိမ်တစ်ခါတုံးက ဗုဒ္ဓ၏ နောက်လိုက် အရဟံက ကာမမှ အဘယ်သို့ လွတ်၍ အကျွတ်တရားလမ်းသို့ ရောက်နိုင်သနည်း? ဟုမေးရာတွင် ဗုဒ္ဓက အောက်ပါအတိုင်းဖြေခဲ့လေသည်။
      ``ထမ်းပိုးသည် ရေပေါ်တွင် သုံးနှစ်ပေါလောပေါ်နေပြီး၊ မျက်မမြင် လိပ်တစ်ကောင်ကိုရှာဖွေ ခိုင်း၍ ထိုသုံးနှစ် ပေါလောပေါ်နေသော ထမ်းပိုးကို မျက်မမြင်လိပ်က ရှာတွေ့ပါက သင်သည် အကျွတ်တရားလမ်းသို့ ရောက်ပေမည်´´ ဆိုသော စကားပင်ဖြစ်သည်။
      ``အပါယ်ငရဲသို့ ပို့စေသော သတ်မှတ်ချက် ဆယ်ခုတွင် တစ်ခုကို သင်ချိုးဖေါက်ပါက သင်သည် ငရဲ၍သာလှမ်းရပေမည်´´ ဆိုသောစကားပင်ဖြစ်သည်။ မြန်မာမူပြုရပါက ``တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်´´ ပင်ဖြစ်လေသည်။
      အထက်ပါ အဖြစ်အပျက်မှတ်တမ်းများအရ ဗုဒ္ဓက ကျွန်ုပ်တို့အား ရှင်းလင်းစွာ သိမြင်စေသည်မှာ ဥပုဒ်၊ သီလ၊ ကောင်းမှု ကုသိုလ်စသော အရာများဖြင့် လူသည် မိမိကိုယ်ကို မိမိမကိုးစားနိုင်ကြောင်းပင်ဖြစ်သည်။ ထိုမျှမက အပြစ်၏ အကျိုးဆက်ကြောင့် ဗုဒ္ဓကိုယ်သော်မှ ကိုးစား၍ မရနိုင်ကြောင်း မိန့်ဆိုတော်မူခဲ့လေသည်။ အကြောင်းအရင်းနှစ်ရပ်ကိုတွေ့မြင်နိုင်ပါသည်။
      (က)။ လူသည် ဥပုဒ်၊ သီလကိုလုံခြုံအောင် မစောင့်ထိန်းနိုင်ခြင်း။
      (ခ) ဗုဒ္ဓ၍ ကယ်တင်ခြင်းမျိုး ရှိပါက အထက်ပါစကားကို ဟောကြားမည်မဟုတ်။
            သုံးနှစ်တိုင်တိုင် မြုတ်နေသော ထိုထမ်းပိုးနှင့် စပ်လျှဉ်း၍ ၊ သင်က သုံးရက်ပင်မျောလိုက်ဦးတော့ တစ်ဖန်ကန်းနေသော လိပ်ကိုရှာခိုင်းပါက အဘယ်သို့တွေ့နိုင်ပါအံ့နည်း။
      ဗုဒ္ဓက ရုပ်ပိုင်းဆိုင်ရာနှင့် စပ်လျှဉ်း၍ ( ကာယ) အပြစ်သုံးမျိုးကိုဖေါ်ပြပါသည်။ စကားနှင့်ပါတ်သက်၍လည်း ( ၀စီ ) လေးမျိုး၊ စိတ်နှင့်ပါတ်သက်၍လည်း ( မနော ) သုံးမျိုးထပ်၍ခွဲခြားပြပါသည်။
      (၁) ကာယကံ အပြစ်တွင်ကား။
            သတ်ခြင်း၊ ခိုးခြင်း၊ ကာမအရာမှာ မှားယွင်းခြင်း။
      (၂) ၀စီနှင့်ပါသတ်၍ကား။
            လိမ်ညာခြင်း၊ ကြမ်းတမ်းစွာစကားဆိုခြင်း၊ သိမ်ဖျင်းသောစကားပြောခြင်း၊ မလိုတမာပြောခြင်း။
      (၃) မနောနှင့်ပါတ်သက်၍ကား။
            ဒေါသ၊ မကောင်းကြံစည်မှု၊ တပ်မက်မူ၊ စသော အရာတို့သည် ဗုဒ္ဓ၏ စကားတော်လာ
အပြစ်တရားများပင်ဖြစ်သည်။ 


၂။ ကာမအကျိုးဆက်။
      ဗုဒ္ဓက မှားယွင်းသောအတွေးအခေါ်များကြောင့် မြွေဖြစ်ရသော မဟာအာသောက မင်းကြီးအကြောင်းကို ဤသို့ဆိုခဲ့လေသည်။
      ``မဟာအာသောကမင်းကြီး အသက်ရှင်စဉ်က တရားဘ၀နာ ပွားမွားခြင်း၊ အလှူဒါနပေးခြင်းနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးတို့ကို အစွမ်းကုန်ကြိုးစားကာ အမြဲမပြတ် ကျင့်ကြံအားထုတ်ခဲ့လေသည်။ သူသည် ဗုဒ္ဓ၏ လမ်းစဉ်ကို ရိုးသားစွာဖြင့် နာခံလိုက်လျှောက်၍ ဘာသာ သာသနာတွင် ကထိန်သင်္ကန်းလည်း ကြီးကျယ်ခန်းနားစွာ လှူဒါန်းခဲ့ည်။ တစ်နေ့ ဘုရားကျောင်းသို့ ဖြတ်လမ်းမှ သွားစဉ် ရေကန်၍ ငါးများမြူးတူးနေသည်ကိုတွေ့ရာ ``ဤငါးများကိုဖမ်း၍ အချဉ်ပြုကာစားရလေလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း´´ ဟုလက်တွေ့မပါ ၊ မပြုအားဘဲ အတွေးကလေးတစ်ခုပြုမိလိုက်လေသ်ည။ အရွယ်ရလာသောအခါတွင်ကား အာသောကမင်းကြီးသည်လည်း သေလွန်သွားလေ၏။
      ကောင်းရာဘုံတံခါးသို့ ရောက်သောအခါတွင် ကောင်းရာဘုံစောင့်က ၀င်ခွင့်မပေးဘဲ သူ၏ အကုသိုလ်အကြွေးအားပေးဆပ်ရန် ပြန်သွားခိုင်းလိုက်သောကြောင့် ဟိမ၀န္တာတောင်ခြေအနီးတွင် စပါးကြီးမြွေအဖြစ်ခံယူရလေသည်။ မြွေသည် ငါးကိုစားခြင်းမှာ သဘာဝဖြစ်သောကြောင့် လှည့်လယ်ကာ ရှာဖွေစားသောက်နေရလေ၏။ ( စိတ်ဖြင့်ပင် ဤသို့ကျခံရက လက်တွေ့ စားနေသောအကျိုးကား အဘယ်သောအခါတွင် တစ်ပါတ်လည်လေဦးမည်နည်း *ဤကားစကားချပ်တည်း)။
      မဟာအာသောကမင်း မရှိသည့်နောက် သားတော် အာသောကမင်းသည် နန်းထိုင်လေ၏။ သူသည်လည်း ဥပုဒ်သီတင်းသီလတို့ကို ပြင်းထန်စွာ စောင့်စည်းလိုက်နာကာ ပျံ၍တက်နိုင်လောက်အောင်ပင် အလှူဒါနအစုစုကိုပြုလေသည်။ သူသည်လည်း သေလွန်သည့်နောက် ကေင်းရာဘုံသို့ ရောက်သောအခါ သူ၏ဖခင်အကြောင်းကို မေးမြန်လေသည်။ အဆုံးတွင်ကား သူ့ဖခင်သည် မြွေကြီးဖြစ်၍ သားစိမ်းငါးစိမ်းများကို ရှာဖွေစားသောက်နေရမှန်း သိရှိရလေသည်။
      ``ခင်များ တွေ့လိုပါက ထိုမြွေကြီး၏ လမ်းကြောင်းအတိုင်းလိုက်သွားပါ´´ ဟုဂိတ်စောင့်ကပြောဆိုလေသောအခါတွင်၊ သူသည် ထပ်ချပ်မကွာ ခြေရာခံ၍ လိုက်ရာ အဆုံးစွန်သော တောနက်ကြီးထဲ၌ အလွန်ကြီးမားသော မြွေကြီးကို တွေ့မြင်ရာ မြွေကလည်း သူ့ကိုတွေ့သဖြင့် တွေ့၍ စားမြိုရန်သာ ဆန္ဒပြင်းထန်သောလေတော့သည်။ ထို့ကြောင့် သားဖြစ်သူက စ၍ ကားဆို၏။
      ``ကျွန်ုပ်ကား လူ့ဘ၀တုံးက ဖခင်ရဲ့သားပါ´´
      ``မင့်ဟာ ငါ့သားမှန်ရင် ငါ့ခေါင်းကနေပြီး အမြီးတိုင်အောင် လမ်းလျှောက်လှည့်ပါ၊ မကျပါက သင့်အား ငါ့သားအဖြစ်အသိအမှတ်ပြုပြီး၊ ကျပါက သင့်ကို ငါစားစရာအဖြစ်သာ အသိအမှန်ပြုပေမည်´´
      သားဖြစ်သူကလည်း ကောင်းမွန်စွာ လျှောက်ပြလေသည်။ ထို့ကြောင့် မေးခွန်းထုတ်၍ မေးလေသည်မှာကား။
      ``အဘယ့်ကြောင့် သည်လိုဖြစ်ရတာလည်း အဖေ၊ အဖေသည် လူ့ဘ၀၌ အကျင့်သီလပြည့်စုံခဲ့သည်မဟုတ်ပါလား၊ ထိုဒါန၊ သီလ၊ ကောင်းမှု ကုသိုလ်တို့၏ အကျိုးဆက်ကို မခံစားရတော့ဘူးလား? နောက်ပြီး အဖေ့  အပြစ်တွေအတွက် ဘယ်မျှလောက်သော အတိုင်းအတာကာလအထိ ပေးဆပ်နေရမှာလည်း အဖေ?´´
      ``ငါ၌ ရှိသော အကြးခွံနှင့်အမျှ ငါသည် သံသရာလည်၍ ၀ဋ်ကြွေးကို ပေးဆပ်ရဦးမယ်သား´´
      အထက်ဖေါ်ပြပါဖြစ်စဉ်သည် ဗုဒ္ဓဘာသာ၌၊ သီလတို့က ပေးဆပ်ရန်ရှိသော ၀ဋ်ကြွေးများပင်ဖြစ်သည်။ ထိုကဲ့သို့သော ၀ဋ်ကြွေးအပြစ်တရားခံရန် အပြစ်တရားကို ကျခံရန်မှာ ပင်ပန်းကြီးစွာ လုပ်ဆောင်ရန် မလိုတွေးတောရုံမျပင်ဖြစ်သည်။
      အထက်ဖေါ်ပြပါနည်းတူ ယေရှုခရစ်တော်ဘုရားက မဿဲ ၅း၂၂၊၂၈ တို့တွင် သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အကြောင်းကိုဆိုခဲ့လေသည်။ လက်တွေ့ ကျူးလွန်ရန် မလိုစိတ်ကူးကာမျှဖြင့် ထိုအပြစ်ကို ကျူးလွန်ပြီးဖြစ်ကြောင်းဆိုခဲ့လေသည်။ အကြောင်းအရင်းမှာကား စိတ်သည် အပြစ်အားလုံးအတွက် အရင်းအမြစ်ပင်မဟုတ်ပါလား။
      ဗုဒ္ဓက သူ၏ နောက်ဆုံးသော အချိန်ကာလ ကလေးတွင် သူ၏ နောက်လိုက်တို့အား အခြားအခြားသော စကားများကိုမှာကြားမိန့်ဆိုခဲ့လေသည်။
      (၁) ရုပ်တုဆင်းတုပြုလုပ် ကိုးကွယ်ခြင်းမပြုရန်။
      (၂) ထာဝရဘုရားကို ကိုးစားမျှော်လင့်ရန်။
      (၃) အပြစ်တရားမှ လွတ်ရာလမ်းရှာရန် သို့မဟုတ် ပျက်စီးခြင်းက ၀ါးမြိုလိမ့်မည်။
      (၄) ဘုရားအား စိတ်၊ ၀ိညာဉ်၊ သမ္မာတရားဖြင့်သာ ကိုးကွယ်ခြင်းပြုရန်( အလှူဒါန အပယိကမဟုတ်)။
      (၅) ဗုဒ္ဓသာသနာ သုံးထောင်နောက်တွင် ရုပ်တုများ လွင့်ပျောက်၍ ကမ္ဘာကြီးအား မီးဖြင့် ဖျက်စီးမည်ဆိုသော စကားတို့ပင်ဖြစ်သည်။
 
၃။ ကာမအပြစ်မှ လွတ်ရာလမ်း။
      ကာမအပြစ်တရားကြောင့် လူသည် ကောင်းမွန်သော တမလွန်ဘ၀ကို မရနိုင်ကြောင်း၊ ဟိန္ဒူနှင် ဗုဒ္ဓဘာသာတို့က သွန်သင်ညွှန်ပြလေသည်။ ဟိန္ဒူတို့၏ နည်းအရ လူတို့တွင် အဆင့်ဆင့်ရှိလေသည်။
      အဆင့်တစ်-
            အဆင့်တစ်တွင် ဘုရားသုံးဆူနှင့် ဘုရားမသုံးဦးပင်ဖြစ်သည်။ Vishnu ဘုရားက ကာကွယ်ပေးခြင်း၊ Siva မူကား ပျက်စီးခြင်းနှင့် Pham ဘုရားကတော့ ဖန်ဆင်းခြင်းအရှင်တို့ဖြစ်သည်။ ထိုသုံးဆူသော ဘုရားတို့သည် ဟိန္ဒူအတွက် အရေးပါလှပြီး ``ဥုံ´´ ဟူသော စကားလုံးကိုဖြစ်စေသည်။ ထို့ကြောင့်လည်း ရှေးလူကြီးသူမတို့က၄င်း လူလတ်တန်းစားတို့က၄င်း၊ ထိုအရာဖြင့်အစပြု မန်းမှုတ်ကြလေသည်။ ထို ``ဥုံ´´ သည် ဘုရားသုံးဆူကို ညွှန်းပြီး ၄င်းတို့သည် အသက်၏ မူလအမြစ်တည်ရာအဖြစ် မှတ်ယူကြလေသည်။
      အဆင့်နှစ် -
            ဟိန္ဒူတို့၏ ယုံကြည်ချက်အရ ၄င်းအဆင့်မှာကား ၊ လူ၊ နတ်၊ ၀ိညာဉ်၊ ကောင်းဆိုးစသော ရောယှက်နေသော အဆင့်ဖြစ်သည်၊ ဆိုလိုရင်းကား လူတစ်ပိုင်း၊ နတ်တစ်ပိုင်း စသော အလယ်အလတ် အဆင့်ပင်ဖြစ်သည်။
      အဆင့်သုံး -
            ထိုအဆင့်ကား နောက်ဆုံး အဆင့်ဖြစ်ပြီး ၄င်းတို့တွင် ရေ၊ မြေ၊ တောတောင်၊ ကျောက်၊ သစ်ပင်၊ လူ၊ တိရိစ္ဆာန်တို့လည်းပါဝင်နေသည်။
      လူတို့က အထက်အရပ်ကိုမျှော်သော်လည်း သူတို့၏ နေ့စဉ် အပြစ်ကြွေးက အောက်ကိုသာစွဲချပြီး၊ ၀ဋ်ကြွေးများကို ပေးဆပ်နေကြရလေသည်။ ထို့ကြောင့်လည်း ဆိုးညစ်သော လူတို့သည် အပြစ်ကာမမှ လွတ်မြောက်ရာ လမ်းမရှိဖြစ်သည်။ ၄င်းသည်ကား ဗုဒ္ဓဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်တို့၏ မစားရ၀ခမန်းလိလိ အိမ်မက်ကိုမက်နေခြင်းပင်ဖြစ်သည်
      ထို့ကြောင့် အထက်ပါ ဘာသာတရားများ၏ အနာဂတ္တိစကားတော်နှင့်အညီ ``နောင်တွင် ကယ်ချွတ်ရှင်ကြွလာတော်မူမည်´´ ဟူ၍ တွေ့ရလေသည်။ ဗုဒ္ဓက ထိုအရှင်သည် လူတို့အား အပြစ်ငရဲမှ ကယ်တင်၍ နန်းအမတသို့ ပို့ဆောင်မည့် မဂ္ဂင်ဖောင်အဖြစ်၎င်၊ ရွှေဖောင်ကြီးအဖြစ်၎င်း သံသရာမှ လွတ်စေမည်ဟုဆိုခဲ့လေသည်။ ဟိန္ဒူဘာသာတွင်လည်း ၀င်းပသော အဆင့်ရှိသူတို့က ပေါ်လာ၍ သူ၏အမည်ကား ကန်လီ* ဟူ၍တွင်ပြီး အပြစ်တရားတွင် မွှေ့လျှော်သူများအဖို့ ဓါးကိုယူဆောင်လာကာ စီရင်ခြင်းပြုမည်ဟု ဆိုခဲ့လေသည်။ ဤကမ္ဘာအဆုံးတွင် ကမ္ဘာအသစ် စလိုက်မည်ဟုလည်း ဆိုခဲ့သည်။
      * Quoted from the comparison of Religions, page 540 , in the Thai language.
      ကျွန်ုပ်အတွက်မူကား ဆင်းရဲ၊ ဒုက္ခ၊ အို၊ နာ၊ သေခြင်း စသော သံသရာတွင်းမှ မျှော်လင့်ချက်မရှိသော ဘ၀မှ ကြီးမားသော လွတ်မြောက်ရာလမ်းပင်ဖြစ်လေတော့သည်။ ထိုလွတ်မြောက်ရာလမ်းကား လူသားအားလုံးကို အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းငှါ ကြွလာတော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော်ပင်ဖြစ်ပေတော့သည်။ ခရစ်တော်သည်ကား ကျွန်ုပ်နှင့် လူသားအားလုံးတို့အတွက် နန်းအမတသို့ ဘေးကင်းလုံးခြုံစွာ ကူးမြောက်ရာ ရွှေမဂ္ဂင်ဖောင်ကြီးပင်ဖြစ်ပါတော့သတည်း။
      သုတ္တံ ၁၅း၂၄ ``ပညာရှိသောသူလိုက်ရာ အသက်လမ်းသည် အောက် အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍ အထက်သို့ ပို့ဆောင်တတ်၏၊၊´´

Twitter Delicious Facebook Digg Stumbleupon Favorites More