ဗုဒ္ဓ၏ အနာဂတ၀ံ ကျမ်း

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

ဗုဒ္ဓေါဝါဒ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

လိမ်ညာဇာတ်များ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

၁၈ နှစ်အဖြေ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

မာရ်ငါးပါး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, June 10, 2010

တမလွန်အရေးအတွက် နှိုင်းယှဉ်ပြခြင်း။

ဗုဒ္ဓလမ်းစဉ်။
      အနိစ္စတရားနှင့်အတူ ပြန်လမ်းမရှိ။
      ဆုံးပါးခြင်းနှင့်အတူ နိုးကြားလာခြင်းမရှိ။
      သေခြင်းတရားမှ ရှင်ပြန်ခြင်းမရှိ။
      လွတ်ရာလမ်းလည်းမရှိ။

ခရစ်တော်လမ်းစဉ်။
      အနိစ္စတရားမှ ပြန်လမ်းရှိ။
      တဖန်နိုးကြားရဦးမည်။
      ရှင်ပြန်ထမြောက်ခြင်းရှိသည်။
      လွတ်မြောက်လိုက ကယ်တင်ရာမဂ္ဂင်လမ်းရှိ။ 


ဘ၀၌အကြီးမားဆုံးသော မျော်လင့်ရာ။
      လောက၌လူတိုင်းက သေခြင်းတရား၏ နောက်ကွယ်တွင် သာ၍ငြိမ်းချမ်း အေးမြရာ တမလွန်ဘ၀ နောင်ရေးအတွက် မျှော်လင့်ခြင်းပင်ဖြစ်သည်။ ဘာသာတရားတိုင်းက ကွဲပြားသော မျော်လင့်ချင်းဖြင့် ထိုအရေးကို မျော်တွေးကြရာတွင်၊ ကမ္ဘာ့ ဘာသာတရားထဲတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့၏ ကွာခြင်းချက်ကို အောက်ပါအတိုင်း တွေ့မြင်နိုင်သည်။ 


၁။ ဗုဒ္ဓဘာသာ၏ တမလွန်နောင်ရေး။
      သေခြင်းတရားဟူသည် လုံးဝအဖြေရှာမရသော အရာပင်ဖြစ်သည်။ ဤလောကတွင် လူတို့သည် မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆဖြင့် အသက်ရှင်ကြသည်။ အထူးသဖြင့် သေခြင်း၏နောက်ကွယ်တွင် ဘယ်ကိုသွားရမည်ကို ကျွန်တော်၏ လူမျိုးတော်တို့သည် မသိရှိကြပါ။ ဗုဒ္ဓဂေါတမ၏ သွန်သင်ချက်အရ “လောကရှိလူသားတိုင်းနှင့် အရာရာတို့သည် အကြောင်းတရားကြောင့် ဖြစ်တည်လာရသည်” ဆိုသည့်အချက်ပင်ဖြစ်သည်။ ဗုဒ္ဓဂေါတမကိုယ်တိုင်က ကာမ (သို့) ကံကြမ္မာကို အတည်ပြုပြောဆိုသည်။ ၄င်းကြောင့်ပင် ဘ၀ဖြစ်လာရသည်၊ တဖန် သံသရာလည်ရဦးမည်ဆိုသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာဝင်တိုင်းတို့ကား နောက်ဘ၀တွင် ဤသို့သော လူအဖြစ်ကို ပြန်ရဦးမည်ဆိုသော အတွေးဖြင့် မျော်လင့်တတ်ကြပေသည်။ နောင်ဘ၀တွင် ဘာဖြစ်မည်၊ ဘယ်ဘ၀ရောက်မည်ဆိုသောအရာတို့သည်ကား လောကတွင် အသင်မည်သို့ နေထိုင်ကျင့်ကြံသည် ဆိုသောအရာအပေါ်တွင်သာ ပဓါနကျလှပေသည်။
      ဗုဒ္ဓ၏ သွန်သင်ချက်တွင် ဤလောက၌ သင်သည်ဆိုးသည်၊ ကောင်းသည်ဖြစ်စေ ၄င်းတို့သည် အတိတ်၏ ကံတရားဟူ၍၄င်းဆိုသည်။ ဥပမာအားဖြင့် လူတစ်ဦးသည် လယ်သမား၊ အနုပညာသမား၊ စက်မှုလက်မှုပညာရှင်ပဲဖြစ်ဖြစ်၊ သူခိုး၊ စစ်သား၊ ဘုရင်စသော ဘ၀ကို ရရှိခြင်းသည် အတိတ်ကံနှင့်သာ ဆိုင်လေ၏။ ဤလောက၌ဘာပဲဖြစ်ဖြစ် အရာရာတို့သည် ကံ၏စေရာပင်ဖြစ်သည်။ သတ္တ၀ါအားလုံးတို့သည် ထိုခြားရဟတ်ပမာ ကံ၏ စီမံရာကို ခံကြရလေသည်။ ကံ၏စီမံရာကို၎င်း၊ ကံ၏စေစားရာကို၎င်း နားလည်နိုင်ရန် ဗုဒ္ဓက အောက်ပါအတိုင်း ဆိုထားပေသည်။
      (က) သတ်ဖြတ်ခဲ့၍ အသက်တိုရ၊ မသတ်ဖြတ်ခဲ့၍အသက်ရှည်ရ။
      (ခ) ဖိနှိပ်ညှင်းဆဲခဲ့၍ ရောဂါထူပြောရ၊ မပြု့ခဲ့သူတို့က ကျန်းမာရသည်။
      (ဂ) ဒေါသကြောင့်အရုပ်ဆိုးရ၍၊ ဒေါသမထွက်သောကြောင့် အဆင်းလှ။
      (ဃ) မနာလိုဝန်သိုခဲ့၍ ယုတ်ညံရ၊ ထိုသို့မပြုခဲ့သောကြောင့် ကြီးမြတ်ရ။
      (င) မလှူခဲ့၍ ဆင်းရဲရ၊ လှူခဲ့၍ချမ်းသာရ။
      (စ) အမျိုးယုတ်ညံ့ခြင်းက မနှိမ့်ချ၍၊ အမျိုးမြတ်ရခြင်းက နှိမ့်ချခဲ့သောကြောင့်။
      (ဆ) မထီမဲ့မြင်ပြုသူက ပညာကို မလိုလားသောကြောင့်၊ ပညာလိုသူက ရှာဖွေဆည်းပူးခဲ့သော ကြောင့်ဟူ၍ပင်ဖြစ်သည်။
      လာအိုလူမျိုးအများစုက ဗုဒ္ဓဘာသာ အလိုအလျှောက် ဖြစ်နေကြပေမဲ့၊ သေပြီးနောက်တွင် ဘာဖြစ်မည်ဆိုသည်ကို လုံးဝ နားလည်ခြင်းမရှိ၊ တတ်သိနားလည်ခြင်းနှင့် ဆိုင်သော ညာဏ်အလင်းကိုကား မရရှိကြ။ သင်ကြားခံယူမူတို့သည်လည်း ရှုပ်ထွေးနေပြီး မရှင်းမလင်းမှုများကြောင့် တမလွန်အရေးဟူသည့် အရာကိုပင် နားလည်ခြင်းမရှိဘဲ ဘ၀မီးစာကုန်ခဲ့ကြရသည်။ သေသည်၏ အခြားမဲ့ဘ၀၌ ဘာဖြစ်မည်၊ ဘယ်ကိုသွားမည်ကိုလည်း မသိကြ။ တဖန် ယခုသက်ရှိထင်ရား ရှိနေသေးသူများကလည်း သေခြင်းတရား အား ရင်ဆိုင်ဖို့အရေး မည်သို့ပြင်ဆင်ထားကြရမည်ကို မသိကြ။ ဘ၀ကို ရေဆုန်အတိုင်းမျောလိုက်ရင်း၊ ဘာဖြစ်မည်ကိုလည်း တွေးယူချင်းမရှိကြတော့သည်မှာ လူအများစု၏ လက်ခံကျင့်သုံးမှုပင်ဖြစ်သည်။
      ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည့် ဘုန်းတော်ကြီးများပင် မျော်လင့်ချက်ကင်းမဲ့သော စကားကိုသာဆိုနေကြမြဲဖြစ်သည်။ အသုဘ ကိစ္စများတွင်လည်း မျက်လွှာကို ယပ်တောင်ဖြင့်အပ်ကာ “သတ္တ၀ါ တစ်ခု၊ ကံတစ်ခု” သဗ္ဗေသတ္တာကမ္မဿကာ၊ ဟူသာဆိုကြသည်။ ၄င်းစကားစုသည် အားပေးခြင်း မဟုတ်ပေ မျော်လင့်ရာမဲ့နေသောအခြေအနေမှန်ကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဂေါတမ၏ စကားတော်အတိုင်း ကြွလာတော်မူမည့် ကယ်တင်ရှင် ယေရှုခရစ်တော်အား ဖူးတွေ့ခြင်း မရှိသေးသ၍ လူထုကြီးသည် မျော်လင့်ရာမဲ့များပင်ဖြစ်သည်။
` ကြီးစွာသော လွဲမှားသည့် ယုံကြည်မှုကား သေခြင်းနောက်တွင် “တစ္ဆေ၊ သရဲဖြစ်ခြင်း” ဆိုသည့်အရာပင်ဖြစ်သည်။ အသက်ရှင်ခိုက်တွင် ချစ်ခင်း၊ ကြင်နာခြင်းတွေဖြင့် ရှိကြသည့်တိုင်အောင် မိသားစုဝင် သေသောအခါတွင်ကား လွန်စွာ ကြောက်လန့်၍ မိမိတို့ကိုမိမိ ကာကွယ်ရန် ကြိုးများကာရံထားကြပြီး တစ္ဆေ၊ သရဲများ ၀င်မလာရန် ဆီးတားထားကြသည်။
      သေဆုံးခြင်းတွင်ကား ရုပ်နှင့် နာမ် ခွဲခွါသည်နှင့်အမျ ခန္ဓာရုပ်ကား မြေမှုန့်မှလာ၍ မြေမြုပ်ခြင်း (သို့) သင်္ဂြိုဟ်ခြင်း ပြုရန်သာဖြစ်လေသည်။ နံဝိညာဉ်မူကား ဘုရားရှင်စီမံ ခန့်ခွဲရာအတိုင်း ခံရန်သာရှိလေသည်။ လူတို့သည် ၄င်းအရာကို သိရှိခြင်းမရှိကြပါ။ ထို့ကြောင့်လည်း သေသည့်နောက်တွင် ကံစီမံရာ အတိုင်း တစ္ဆေ၊ သရဲ ဖြစ်ကာ လှည့်လည်သွားလာနေရမည်ဟု ထင်မှတ်မှားကြခြင်းပင်ဖြစ်သည်။
      လောကတွင် မျော်လင့်ချက်မဲ့ဖြင့် အသက်ရှင်က ဘာဖြစ်မည်နည်း။ ဘယ်သွားမည်နည်းဆိုတာကို မသိဘဲ အသက်ရှင်လိုပါသလား (သို့) တမလွန်အတွက် စိတ်ချမှုဖြင့် အသက်ရှင်လိုပါသလား။ ၄င်းသည်ကား သင်၏ ရွေးချယ် ဆုံးဖြတ်ချက်အပေါ်တွင် မှီတည်၍သာနေသည်။ 


၂။ ခရစ်တော်၌ရှိသော မျော်လင့်ခြင်း။
      ခရစ်တော်၌ သေလွန်သူတို့၏ မျော်လင့်ရာကား သမ္မာကျမ်းစာတွင် လွန်စွာရှင်းလင်းလှသည်။ သေခြင်းတရားသည် သဘာဝတရား မဟုတ်ကြောင်း၊ ကာမကြောင့် မဟုတ်ကြောင်းနှင့် ၄င်းသည် ဘုရားရှင်အား မနာခံဘဲ အပြစ်တရားကို ဖက်တွယ်ခဲ့သော အကျိုးဆက်ဖြစ်ကြောင်းနှင့် ထိုအကျိုးဆက်ကြောင့် တရားစီရင်ခြင်း ခံရမှုသည် သေခြင်းတရားဖြစ်ကြောင်း ဘုရားရှင်က ဖွင့်ပြထားလေသည်။
      အာဒံသည် အပြစ်၌ ကျဆင်းခဲ့ပြီး သေခြင်းတရားကို ရင်ဆိုင်ရချိန်၊ ဘုရားရှင်သည် လျှစ်လျှူမထားဘဲ လူသားထုအားလုံးအတွက် အကြံအစည်တော်ရှိထားသည်။ ၄င်းကား သားတော်ကို လူ့ဇာတိအဖြစ် ခံယူစေကာ ကျွန်ုပ်တို့ကိုယ်စား အပြစ်တရားအတွက် စီရင်ခြင်းကို ခံယူစေခဲ့သည်။ ထို့ကြောင့်လည်း လူ့ဇာတိကိုခံယူခြင်း၊ ကိုယ်စားခံယူခြင်းနှင့် ခရစ်တော်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်းသည် လူသားအားလုံးအတွက် မဟာမျော်လင့်ချက်ကြီးပင်ဖြစ်သည်။ သမ္မာကျမ်းစာက “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။” ယော ၁၁း၂၅-၂၆။
      သေခြင်းတရားနောက် ခရစ်တော်၌ရှိသော မျော်လင့်ခြင်းနှင့် ဗုဒ္ဓ၏ သေခြင်းနောက် မျော်လင့်ခြင်းတို့သည် လုံးဝကွဲပြားခြားနားသည်။ ခရစ်တော်သည် သေခြင်းတရားနောက် မျော်လင့်ခြင်းသာမက ကမ္ဘာ့လောက အားလုံးတို့၏ အစအဆုံးတို့ကိုလည်း ကွဲကွဲပြားပြား ခြားနာစွာဖေါ်ပြထားသည်။ သမ္မာကျမ်းစာက လုံးဝ သံသရာ မရှိကြောင်းကို အတိအလင်းဆို၏ “လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊” ဟေဗြဲ ၉း၂၇။
      ဘုရားရှင်က လူတစ်စုံတစ်ဦးမျ ပျက်ဆီးခြင်းငှါ အလိုတော်မရှိပါ။ ကျွန်ုပ်တို့အားလုံး နောင်တ တရားနှင့်အတူ ပြင်ဆင်ပေးသော ကယ်တင်ခြင်း အကျွတ်တရားလမ်း ၊ မဂ်ယဉ်ကို ရာယူလိုက်ပါရန် အလိုတော်ရှိသည် ( ၂ ပေ ၃း၉ )။ လောကတွင် သက်ရှိထင်ရှား ရှိနေသူ မှန်သမျ ယုံကြည်၍ ဘုရားထံဆည်းကပ်သူတို့သည် အနိစ္စတရားကြောင့် ခွဲခွါခြင်း ( သို့) သေရသော်လည်း ပြန်လည်၍ ရှင်ရန် လမ်းရှိသည်။ ခရစ်တော်၌ သင်သည် အိပ်ပျော် (သို့) သေပါကလည်း နိုင်းထရခြင်း အခွင့်ရှိပါသည်။ သေခြင်းကို ရင်ဆိုင်ရပါကလည်း တဖန်ထမြောက်ခြင်းအခွင့်ကို ရ၍ လွတ်မြောက်ခြင်းအခွင့်ကို ရကာ အသက်ရှင်ရမည်။ အထက်ပါ အကြောင်းအရာတို့သည် ဗုဒ္ဓဘာသာ၏ သွန်သင်ချက်တို့နှင့် လုံးဝခြားနား၍ ဆန့်ကျင်နေသောအရာပင်ဖြစ်သည်။ အောက်ပါအတိုင်း ဥပမာ ပြဆိုပါမည်။ 


      က) ပြန်ရန်လမ်းရှိ။
            သမ္မာကျမ်းစာက ခရစ်တော်၌ သေလွန်သူတို့သည် တဖန်ပြန်လည်၍ တွေ့ဆုံရန် ဖြစ်ကြောင်းကို အတိအလင်းဆိုသည် ( ၁ သက် ၄း၁၃)။ ခရစ်တော်ဘုရားကိုယ်၌က သူ၏ တပည့်သာဝက များအား သူသည် တဖန်ကြွလာဦးမည့်အကြောင်းကို ကတိတော်ပေးခဲ့သည် ( ယော ၁၄း၁-၃)။ တပည့်သာဝကများနှင့် လူထု ၅၀၀ ကျော်တို့အားလည်း မျက်ဝါးထင်ထင်ပြကာ သူတို့မျက်မှောက်၌ပင် ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံယူစဉ်က တပည့်သာဝကတို့အား ကောင်းကင်တမန်က “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက်နေ ကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏။ ” (တမန်တော် ၁း၁၁)။ အထက်ပါ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် ခရစ်တော်၌ သေလွန်သူအားလုံးတို့သည် တဖန် သူနှင့်အတူ ပြန်လာရ မည်ဖြစ်ကြောင်း မျော်လင့်ခြင်းကို ပေးသော တရားပင်ဖြစ်သည်။ 


      ခ) ပြန်လည်နိုးထရခြင်း။
            သမ္မာကျမ်းစာက ခရစ်တော်၌ သေလွန်သူတို့သည် လာဇရုကဲ့သို့ပင် အိပ်စက်ခြင်းသာ ဖြစ်ကြောင်း သွန်သင်လေသည်။ ခရစ်တော်ဘုရားက သူ၏ တပည့်သာဝကတို့အား “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။ ” (ယော ၁၁း၁၁)။ အဓိပ္ပါယ်ကား သင်သည် ခရစ်တော်၌ အိပ်ပျော်ပါက ပြန်လည်၍ နိုးထနိုင်ခွင့်ရှိနေခြင်းပင်ဖြစ်သည်။ သေလွန်သူအားလုံးတို့သည် ဘုရားရှင်ရှေ့တွင် တရားစီရင်ခြင်း ခံယူရန် တဖန်ထမြောက်ကြရမည် ဖြစ်သည်။ ကောင်းကင်နန်းနှင့် အပါယ်ဘုံတွင် အသီးအသီးခံကြရမည်၊ စံကြရမည်ဖြစ်သည်။
      အထက်ပါဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ခရစ်တော်အား ယုံကြည်သူတို့သည်လည်း အသက်ရှင် ကြလိမ့်မည်ဖြစ်ကြောင်းပင်ဖြစ်သည် ( ၁ သက် ၄း၁၆)။ မည်ကဲ့သို့ ထမြောက်ရမည်ကို ၁ ကော ၁၅း၁-၅၈ တွင် အတိအလင်းဆိုထားသည်။ ထိုမှတပါး သမ္မာကျမ်းစာတွင် ခရစ်တော်ဘုရားက လာဇရုကို အမည်ခေါ်၍ ထမြောက်စေခဲ့ခြင်းကလည်း စစ်မှန်သော မျော်လင့်ခြင်းကို သာ၍တိုးပွားကာ ခိုင်မာသော ယုံကြည်ခြင်းကို ဖြစ်စေသောအရာပင်ဖြစ်သည်။ ထိုမှ တဖန် ခရစ်တော်ဘုရားကိုယ်၌ကလည်း သေပြီးနောက် သုံးရက်မြောက်တွင် ရှင်ပြန် ထမြောက်တော်မူခဲ့သည်။
  
      ဂ)။ လွတ်ရာလမ်းရှိခြင်း။
            လူသည် ဒုက္ခပေါင်း သောင်းခြောက်ထောင်မှ လွတ်ကင်းရန် နည်းလမ်းရှိသော်လည်း၊ သေခြင်းတရားအား လွန်ဆန်ရန်ကား လမ်းမရှိ။ ထိုသို့ဆိုပါက ခရစ်တော်အားဖြင့်လည်း သေခြင်းတရားကို ကျွန်ုပ်တို့ လွန်မြောက်နိုင်ပါမည်လော။ အကြောင်းအရာကား ခရစ်တော်သည် ကျွန်ုပ်တို့အတွက် သေခံတော်မူခြင်းဖြင့် လွတ်မြောက်ခြင်း အခွင့်ကိုရကြောင်း စိတ်ချမှုကို ဖြစ်စေသည်။ ခရစ်တော်က ကားတိုင်ပေါ်တွင် အသက်စွန့်လှူပူဇော်ပြီးနောက် ကိုယ်စားပြု ယတြာပြုခြင်းပင်ဖြစ်သည်။ ရိုးရှင်းစွာ ဆိုရပါက “မယုံကြည်သူမှန်သမျသည် သူတို့၏ အပြစ်တွင် သေကြရမည်” ဖြစ်သည် ( ယော ၈း၂၄ )။ ယုံကြည်သောသူတို့မူကား တရားစီရင်ခြင်း ကို မခံရ ထာဝရ အသက်ကိုရသည်ဖြစ်၍ သေခြင်းမှ လွန်မြောက်ရခြင်းအခွင့်ကိုရသည်” ( ယော ၅း၂၄ )။ သေခြင်းတရားကို မရင်ဆိုင်ရလိုပါက ဦးစွာ အပြစ်တရားမှ ကင်းလွတ်ရန် လိုအပ်လှသည်။ ကယ်တင်ခြင်းသည် အခြားသော လမ်းစဉ်တွင် မရှိသောကြောင့် ထိုနည်းလမ်းတစ်ခုတည်းဖြစ်သော ခရစ်တော်အားဖြင့်သာ ကျွန်ုပ်တို့ လွတ်ရာလမ်း ရှိသည် “ထိုသခင်မှတပါး အဘယ်သူမျှကယ်တင်ခြင်းအမှုကို မတတ်နိုင်။” (တမန် ၄း၁၂ )။ ၄င်းသည် တစ်ခုတည်းသော လမ်းဖြစ်ပြီး အပြစ်တရား၏  စီရင်ခြင်းမှ  ဘုရားရှင်ပြင်ဆင်ပေးသော ကယ်တင်ခြင်းသို့ ရောက်ရန်လမ်းသည် ယေရှုခရစ်တော်အရှင်တစ်ပါးတည်းပင်ဖြစ်လေသည် ( မဿဲ ၁း၂၁)။
 

နိဂုံး။
      အသင်သည် ထိုကိစ္စအ၀၀ကို သိပါက ဘာထပ်လုပ်ဦးမည်နည်း။ မျော်လင့်ခြင်းကင်းသော ဘ၀ဖြင့် အသက်ဆက်ရှင်လိုပါသလား၊ သို့မဟုတ် ခရစ်တော်ဘုရားအား ယုံကြည်လာပြီး ထာဝရအပြစ်စီရင်ခြင်းမှ ကင်းလွတ်သော ဘ၀အသက်တာကို ရယူပိုင်ဆိုင်လိုပါသလား။ ထိုလမ်းစဉ်ကိ ရွေးချယ်ဆုံးဖြတ်ရန်ကား သင်၏ အငန်းအတာပင်ဖြစ်သည်။
      အသင်သည် မှန်ကန်သော လမ်းစဉ်ကို သိမြင်ပြီးနောက် ခရစ်တော်တည်းဟူသော ကယ်ချွတ်ရှင်အား ယုံကြည်ကိုးစား၍ မှန်ကန်သော ဘ၀အတသက်တာကို ရယူနိုင်စေရန်မှာ ကျွန်ုပ်၏ ဆန္ဒနှင့် ဆုတောင်းချက်ပင်ဖြစ်သည်။ ၄င်းသည်ကား ထာဝရ ဘုရားထားရှိတော်မူသော အကြံအစည်တော်ပင်ဖြစ်သည်။
 

သင်၏ အတွေးအခေါ်နှင့် ဆုံးဖြတ်ချက်။
            နားမထောင်သောကြောင့် လူမိုက်သည် သေခြင်းသို့ရောက်ရတတ်၏၊
            မသိခြင်းကြောင့် လည်ပင်းခိုင်မာသောသူသည် သေခြင်းသို့ရောက်ရတတ်၏။
            ပညာရှိသည် တွေးခေါ်ချိန်ဆ၍ ဆုံးဖြတ်တတ်၏၊ မိုက်သောသူမူကား မဆင်မခြင်ပြုလုပ် တတ်၏။ Inta Chathavongsouk 
 
၁။ ရှင်းလင်းစာ သိသည့်နောက် ဘာဆက်လုပ်မည်နည်း။
      လာလတံသော ကယ်ချွတ်ရှင်ဘုရားနှင့် စပ်လျှဉ်း၍ အနာဂတ္တိစကား၊ ရှင်းလင်းချက်၊ သက်သေသက္ကာယနှင့် ဆိုင်သော ဗုဒ္ဓ၏ သွန်သက်ချက်များကို ဆွေးနွေးခဲ့ပြီးသည့်နောက် အသင်ဘာဆက်လုပ်မည်နည်း။
      ထိုဘုရားကို လက်ခံယုံကြည်၊ကိုးစားခြင်းအားဖြင့် သင့်ဘ၀ပြောင်းလဲခြင်း အသက်တာရမည်ကို ယုံကြည်ပါသလား။ အကယ်၍ သင့်ဘ၀အတွက် အရေးမကြီးဟု ထင်မှတ်ကာ ဥပေက္ခာပြုမည်ဆိုပါက သင့်အတွက် ကျွန်ုပ်စိတ်မကောင်းပါ။ အကယ်၍ သင်က ထိုအရာတို့သည် မှန်ကန်၍ အရေးကြီးကြောင်းသိရှိလက်ခံမည်ဆိုပါက ကျွန်ုပ်အင်မတန်မှ ၀မ်းမြောက်ဂုဏ်ယူမိပါသည်။ သင့်အနေဖြင် လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ သင့်ရှေ့မှာ မီးမောင်းထိုးပြခဲ့သောအရာတို့သည်ကား သင်၏ နောက်ဆုံးဆုံးဖြတ်ချက်ပင်ဖြစ်သည်။ 


      က)။ အရေးမကြီးဟုထင်သူများအတွက်။
            သေသည်၏အခြားမဲ့ (သို့) ရုပ်နှင့် နာမ် ခွဲသွားပြီးနောက်။ သင်၏ နာမ်သက်သည် အဘယ်အရပ်သို့ သွားမည်နည်း။ လူပြန်ဝင်စားမည်လော။ တစ္ဆေ၊ သရဲဖြစ်မည်လော။ ၀ိညာဉ်ဘ၀ဖြင့် စာတန်မာရ်နတ်နှင့်အတူ အပါယ်ငရဲတွင် ဝေဒနာ ခံစားရမည်လော။ သို့မဟုတ် ခရစ်တော်နှင့်အတူ စံမြန်းရမည်လော၊ သင်၏ ထင်မြင်ချက်အရ လက်ရှိ အနေဖြင့် သေဆုံးသွားပါက ဘယ်သို့မြန်းရမည်ဟုထင်ပါသနည်း။ လောကီသားအားလုံးတို့ သိသည့်အရာမှာ ကျွန်ုပ်တို့သည် တမလွန်အရေးအတွက် အသင့်ရှိရမည်။ အများစုက ဤအရာသည် ကျွန်ုပ်တို့ မသိနိုင်ပါဟုဆိုကာ ဥပေက္ခာပြုထားကြသည်။ အချို့က အမှန်ကို မသိဘဲ ဇွတ်မှိတ်ယုံကြည်ကာ နေကြသည်။  ဘယ်ကဲ့သို့ပင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ခရစ်တော်ဘုရားအား ယုံကြည်ကိုးစားခြင်းမရှိပါက အောက်ပါ အကျိုးဆက်များကို အမှန်ရင်ဆိုင်ရပေမည်။
            (၁)။ ဤလောကတွင် ခရစ်တော်အား ငြင်းပယ်ခဲ့ပါက တမလွန်တွင် အံ့သြခြင်းနှင့် ခရစ်တော်ကို ဖူးတွေ့ရမည်။
            (၂)။ ခရစ်တော်၏ တရားစီရင်ခြင်းအတိုင်း အပါယ်ငရဲသို့သွားရမည်ကိုသိလျက် ကြီးစွာ နောင်တရရမည်။
            (၃)။ ထာဝရ ငရဲမီးအိုင်တွင် ထိတ်လန့်ဖွယ်ရာခံစားရမည်။
            (၄)။ လူမျိုးတိုင်း၊ ဘာသာတိုင်း နောက်ဆုံးတွင် ခရစ်တော်၏ စီရင်ခြင်းအတိုင်း ဒူးထောက်ကာ ခံယူရမည်။ 


      ခ)။ အားလုံးကယ်တင်ခြင်းရရန် ဘုရားအလိုတော်ရှိသည်။
            ဘုရားရှင်သည် အားလုံးနောင်တရ၍ သူနှင့်အတူ ထာဝရ နန်းအမတတွင် စံစားရန် အလိုတော်ရှိသည်။ ထို့ကြောင့်လည်း လူသားတိုင်းအား အခွင့်အလမ်းကို ပေးတော်မူသည်။ ဘုရားရှင်သည် ခရစ်တော်၌ ပြန်လည်၍ အားလုံးသင့်မြတ်ရန် အလိုရှိသည် ( ရောမ ၅း၁ )။ ထာဝရအသက်ကို၎င်း ( ၁ ယော၊ ၅း၁၁-၁၂)၊ ကြွယ်ဝသော အသက်တာကို၎င်း( ယော ၁၀း၁၀ )၊ ထိုမျှမက ထာဝရ ဘုရားနှင့်အတူ အို၊ နာ၊ သေခြင်းကင်းရာ မှာ ထာဝရ အတူစံစားစေရန် ခရစ်တော်အားဖြင့် အပါယ်ပိတ်လမ်းကို ပေးတော်မူခဲ့သည်။ 


      ဂ)။ လူတိုင်းက ငြိမ်သက်ခြင်းကို အလှိုရှိသည်။
            ပြဿနာကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြခြင်းပင်ဖြစ်သည် ( ရောမ ၃း၂၃ )။ ထိုအပြစ်တရားကြောင့်ပင် ကျွန်ုပ်တို့သည် အောက်ပါအကျိုးဆက်များကို ခံစားကြရသည်။
            (၁)။ ဒုက္ခဆင်းရဲ၊ ၀မ်းနည်းမူများ။
            (၂)။ ရုပ်ပိုင်းသေခြင်း။
            (၃)။ နာမ်သက်သေခြင်း။
            (၄)။ စာတန်မာရ်နတ်နှင့်အတူ စီရင်ခြင်းကိုရင်ဆိုင်ရန်။
            (၅)။ထာဝရ ငရဲမီးအိုင်ဟူသော လမ်းဆုံးတို့ပင်ဖြစ်သည်။ 


      ဃ)။ အသက်ရှင်စဉ် ခရစ်တော်နှင့်မဆိုင်သူများ ရှောင်လွဲမရသည့်ငါးခုသောအရာ။
            ကျွန်ုပ်တို့ အပြစ်ကိုယ်စား ခရစ်တော်အား ကိုယ်စားဝင်စေခြင်းဖြင့် လုံလောက်သော လွတ်ရာလမ်းကို ဘုရားရှင်ပြင်ဆင်ပေးခဲ့သည် ( ၂ ကော၊ ၅း၂၁)၊
            ခရစ်တော်အား ယုံကြည်ဆည်းကပ်ကိုကွယ်သောသူသည် ဘုရားသခင်၏ ရှေ့တော်တွင် အပြစ်တင်ခွင့်နှင့် ကင်းလွတ်ကာ ဖြောင့်မတ်ခြင်းအခွင့်ကို၍ ငြိမ်သက်မူကိုခံစားနိုင်သည် ( ရော၊ ၅း၁)။
            ကျွန်ုပ်တို့ ရုပ်နာမ်ခန္ဓာ သေသော်လည်း နာမ်သက်ဝိညာဉ်ကား သေမည်မဟုတ် ( ယော၊ ၅း၂၄၊ ၁၁း၂၅)။ နောက်ဆုံးသောနေ့တွင်  နာမ်သက်ဝိညာဉ်သည် ငရဲသို့ သွားစရာမလိုဘဲ စီရင်ခြင်းမှ ကင်းလွတ်ခြင်းအခွင့်ကိ ရကြသည် ( ယော၊ ၄း၁၈၊ ၅း၂၄)။
            ဘုရားရှင်က လူသားတို့အား အပြစ်တရားမှ ကင်းလွတ်စေ၍ ၊ နန်းအမတ ၀င်စားနိုင်စေရေး၊ သားတော် ယေရှုခရစ်တော်ကို စေလွတ်၍ ကယ်တင်စေခဲ့သည်။ အခြားသူ၊ အခြားလမ်း တို့သည်  စာတန်မာရနတ်၏ လမ်းစဉ်ပင်ဖြစ်သည်။ အထက်ဖေါ်ပြပါ တရားစီရင်ခြင်းမှ ကင်းလွတ်စိမ့်သောငှါ၎င်း၊ မိမိတို့၏ ဘ၀နောင်ရေးကို အပါယ်ငရဲမှ ကင်းလွတ်၍ တမလွန်အတွက် စိတ်အေးချမ်းသာစွာ လက်ဦးမှုကို ရယူလိုသူတို့သည် ခရစ်တော်ဘုရားအား အချိန်အခါမလင့်မှီ ယုံကြည်လက်ခံဆည်းကပ်ကိုးကွယ်ခြင်းကို ပြုသင့်လှပေသည်။ 
 
၂။ သွန်သင်ချက်ကို လက်ခံသူတို့အတွက် လမ်းညွှန်ချက်။
      (၁)။ ခရစ်တော် ယေရှုဘုရားနှင့် စပ်လျှဉ်းသော ဗုဒ္ဓ၏အနာဂတ၀ံစကားတို့သည် အမှန်ဖြစ်ကြောင်းသိပါ။
      (၂)။ အပြစ်သားဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်အစား ဖန်ဆင်းခံကို ကိုးကွယ်နေကြောင်းဝန်ခံပါ။
      (၃)။ ကျွန်ုပ်တို့၏ ဘ၀နောင်ရေးအတွက် ခရစ်တော်သည် ဘုရားဖွင့်ပြသော ကယ်ချွတ်ရှင်ဖြစ်ကြောင်းလက်ခံယုံကြည်ပါ။
      (၄)၊ အပြစ်ကိုဝန်ချ၍ မျက်ကန်းယုံကြည်ခြင်းကိုစွန့်ပယ်ကာ နောင်တနှင့်အတူ ဆည်းကပ်ပါ။
      (၅)။ ခရစ်တော်အား သင်၏စိတ်နှလုံးတွင် အုပ်စိုးရန် ခေါ်ဖိတ်လက်ခံပါ။
      (၆)။ အထက်ပါ အကြံပြုချက်များကို အမှန်ပြုပါက အောက်ပါ ဆုတောင်းချက်ကို လိုက်ဆိုပါ။
            “မြင့်မြတ်လှသော အဖဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ပေး၍ ဖန်ဆင်းရှင်းဖြစ်ကြောင်း သိရသည့်အတါက် ၀မ်းမြောက်ဂုဏ်ယူပါသည်။ ကိုယ်တော်အား မသိခဲ့သဖြင့် ငြင်းပယ်ခဲ့မူများအတွက် တောင်းပန်ပါ၏၊ ကျွန်ုပ်ကိုချစ်၍ အပြစ်ကြွေးယတြာကိုပြုကာ သေခြင်းမှ ၊ မြုပ်နှံခြင်း သုံးရက်မြောက်သောနေ့တွင် တဖန်ပြန်လည် ထမြောက်တော်မူခဲ့သည်ကို အထူးကျေးဇူးတင်ပါ၏၊ ကျွန်ုပ် နှလုံသားတွင် အရှင်သခင်အဖြစ် ၀င်ရောက် အုပ်စိုးလျှက် လမ်းပြတော်မူပါ၊ ယေရှုနာမတော်ဖြင့် ဆုတောင်းပါ၏။ အာမင်= အာမဘန္တေ။” 


      က။ သင့်အတွက် အထူးညွှန်ကြားချက်။
            အရေးကြီးသော အချက်သည်ကား သင်၏ အသွေးအသား၊ ကာမဂုဏ်တို့အတိုင်းအသက်မရှင်ဘဲ၊ ဘုရားအလိုတော်နှင့်အညီ အသက်ရှင်ပါက လောကီသားများကဲ့သို့ မျော်လင့်ရာမဲ့ခြင်း ဘ၀ကိုခံစားရတော့မည်မဟုတ်။ ဘုရားရှင်၏ အခွင်တော်တည်းဟူသော စကားတော်တို့သည်ကား သင့်အတွက် ယခုဘ၀၊ နောင်ဘ၀အတွက် တိကျသော အာမခံချက်များပင်ဖြစ်သည်။

      ခ။ ဘာသာတရားတို့သည် ကောင်းသော်ငြားမပြည့်စုံ။
            ဘာသာတရားတို့သည် ကောင်းသော်ငြားလည်း ချွင်းချက်မဲ့မဟုတ်ပါ။ ၄င်းတို့သည် သင်၏ ဘ၀အတွက် လိုအပ်မှုအချို့တို့ကို ပေးစွမ်းသော်လည်း အောက်ပါ အချက်သုံးချက်ကိုကား ဘယ်သောအခါမှ ပေးစွမ်းနိုင်မည်မဟုတ်ပါ။
            (၁)။ စစ်မှန်သော ဘုရား။
            (၂)။ အပြစ်လွတ်ခြင်းတရား။
            (၃)။ ထာဝရ နန်းအမတတို့ပင်ဖြစ်သည်။
                  အထက်ပါ အရာတို့ကို ရရှိနိုင်သော နေရာကား ယေရှုခရစ်တော်သာလျှင်ဖြစ်သည်။ အကြောင်းမူကား ထိုယေရှုခရစ်သည် ဗုဒ္ဓက စောင့်စားမျော်လင့်ရန် ဟောကြားထားခဲ့သော အရိမေတ္တယျ ကယ်ချွတ်ရင်ဖြစ်နေသောကြောင့်ပင်ဖြစ်သည် ( ၁ ယော၊ ၅း၂၀)။ ထိုခရစ်တော်ကား ကျွန်ုပ်တို့၏ အပြစ်နွံတွင်းမှ ရွေးနူတ်ခြင်းအလို့ငှါ ဤလောကသို့ ကြွလသောအရှင်ဖြစ်သည် ( မဿဲ၊ ၁း၂၁)၊ သာမက ဘုရားနှင့် လူသားတို့အား ပြန်လည်ပေါင်းစည်းစေ၍ နန်းအမတကို ပို့ဆောင်ပေသည့် ကယ်ချွတ်ရှင်ပင်ဖြစ်သောကြောင့်ပင်။ 


      ဂ။ စာရှုသူအတွက်ဆုတောင်း။
            ခမည်းတော်ဘုရား၏ ချစ်ခြင်းမေတ္တာ၊ သားတော်ဘုရား၏ ကျေးဇူးကရုဏာနှင့် ၀ိညာဉ်တော်ဘုရား၏ မိတ်သဟာယနှင့် ကွယ်ကာစောင့်မခြင်းသည် သင့်အပေါ်မှာ ညာဏ်ပညာနှင့်တကွ ထာဝရ တည်ရှိတည်နေပါစေသော်။ 
      ဤစာအုပ်ကို ဖတ်ရှုပြီး၍ အသက်တာကို ခရစ်တော်ဘုရားရှင်ထံတွင် ဆည်းကပ်အပ်နှံသူများ (သို့) မေးစရာမေးခွန်းရှိသူများသည် စာအုပ်၏ နောက်တွင်ဖေါ်ပြသော ကျွန်ုပ်၏ လိပ်စာသို့ ရေးသား မေးမြန်းနိုင်ပါကြောင်း မေတ္တာဖြင့်။ 
            Inta Chanthavongsouk
The Lao Conference of Churches
P.O.Box 845
La Mirada, CA 90637
(562)974-4651 Ext. 3126, Fax. (562) 943-0160
 

Buddha's Prophecy of the Messiah
First Editon
October 1999
Printing 1000 copies 
Copyright©1999,LCC
The Lao Conference of Churches



 

Bibliography 
The following books are published in the Thai language except the Christian Bible. 
  1. Issan Literature by Precha Pinthong,  Self Published, October 1979.
  2. History of Religions by Souchip Ponyanouphab Published by Thai Department of Religion, 5th Edition 1983.
  3. Comparison of Religion by Sathian Phathalangsy Published by Peavithaya, Bangkok, 1944.
  4. The Buddhist Bible, by Phrasir Visouthvong, Phrasiing Chaingmai, 23,1944 Published by the Thai Bible Society.
  5. The Bible Old and New Testament, Published by the Thai Bible Society, Bangkok, 1988.
  6. Buddhist Bible, People's Edition, by Souchip Ponyanouphab, Mahakudsarad College,1975.
  7. History of Buddhism from His Own Mouth, by Thammathamsaya Foundation, 1970.
  8. Lao Cultural Awareness, Self Published by John C. Kounthanpanya.

Monday, May 31, 2010

ကာမအကျိုးဆက်နှင့် ကာမမှလွတ်ရာလမ်း။

ဟိန္ဒူနှင့် ဗုဒ္ဓဘာသာတွင် ကာမဟူသည် လူ၏မကောင်းဆုံး အမှုအရာကိုပြဆိုပြီး၊ သူ၏အပြစ်တ သဘောဘ၀အခြေအနေနှင့် သူ၏ နောက်ဘ၀ကို အဆုံးအဖြတ်ပြုသောအရာအဖြစ်ဆိုသည် ( Webster's New 20th Century Dictionary) ။
      ``လူသည် တစ်ခါတည်းသေ၍ ထို့နောက်တရားစီရင်ခြင်းခံရမည် ´´ ဟေဗြဲ ၉း၂၇။
      သမ္မာကျမ်းစာ၍ ရှင်းလင်းစွာသိရသည်မှာ လူသည်တစ်ခါတည်းမွေး၍ တစ်ခါတည်းသေခြင်းတရားကို ရင်ဆိုင်ရရန် သာရှိသည်။ ကျွန်ုပ်တို့၏ ငယ်စဉ်က သင်ကြားခဲ့ရသကဲ့သို့ အကြိမ်များစွာ မွေးဖွားခြင်းဟူသော သံသရာ အမှန်တကယ်မရှိပါ။

၁။ကာမ။
      တစ်ကြိမ်တစ်ခါတုံးက ဗုဒ္ဓ၏ နောက်လိုက် အရဟံက ကာမမှ အဘယ်သို့ လွတ်၍ အကျွတ်တရားလမ်းသို့ ရောက်နိုင်သနည်း? ဟုမေးရာတွင် ဗုဒ္ဓက အောက်ပါအတိုင်းဖြေခဲ့လေသည်။
      ``ထမ်းပိုးသည် ရေပေါ်တွင် သုံးနှစ်ပေါလောပေါ်နေပြီး၊ မျက်မမြင် လိပ်တစ်ကောင်ကိုရှာဖွေ ခိုင်း၍ ထိုသုံးနှစ် ပေါလောပေါ်နေသော ထမ်းပိုးကို မျက်မမြင်လိပ်က ရှာတွေ့ပါက သင်သည် အကျွတ်တရားလမ်းသို့ ရောက်ပေမည်´´ ဆိုသော စကားပင်ဖြစ်သည်။
      ``အပါယ်ငရဲသို့ ပို့စေသော သတ်မှတ်ချက် ဆယ်ခုတွင် တစ်ခုကို သင်ချိုးဖေါက်ပါက သင်သည် ငရဲ၍သာလှမ်းရပေမည်´´ ဆိုသောစကားပင်ဖြစ်သည်။ မြန်မာမူပြုရပါက ``တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်းကြက်သွန်´´ ပင်ဖြစ်လေသည်။
      အထက်ပါ အဖြစ်အပျက်မှတ်တမ်းများအရ ဗုဒ္ဓက ကျွန်ုပ်တို့အား ရှင်းလင်းစွာ သိမြင်စေသည်မှာ ဥပုဒ်၊ သီလ၊ ကောင်းမှု ကုသိုလ်စသော အရာများဖြင့် လူသည် မိမိကိုယ်ကို မိမိမကိုးစားနိုင်ကြောင်းပင်ဖြစ်သည်။ ထိုမျှမက အပြစ်၏ အကျိုးဆက်ကြောင့် ဗုဒ္ဓကိုယ်သော်မှ ကိုးစား၍ မရနိုင်ကြောင်း မိန့်ဆိုတော်မူခဲ့လေသည်။ အကြောင်းအရင်းနှစ်ရပ်ကိုတွေ့မြင်နိုင်ပါသည်။
      (က)။ လူသည် ဥပုဒ်၊ သီလကိုလုံခြုံအောင် မစောင့်ထိန်းနိုင်ခြင်း။
      (ခ) ဗုဒ္ဓ၍ ကယ်တင်ခြင်းမျိုး ရှိပါက အထက်ပါစကားကို ဟောကြားမည်မဟုတ်။
            သုံးနှစ်တိုင်တိုင် မြုတ်နေသော ထိုထမ်းပိုးနှင့် စပ်လျှဉ်း၍ ၊ သင်က သုံးရက်ပင်မျောလိုက်ဦးတော့ တစ်ဖန်ကန်းနေသော လိပ်ကိုရှာခိုင်းပါက အဘယ်သို့တွေ့နိုင်ပါအံ့နည်း။
      ဗုဒ္ဓက ရုပ်ပိုင်းဆိုင်ရာနှင့် စပ်လျှဉ်း၍ ( ကာယ) အပြစ်သုံးမျိုးကိုဖေါ်ပြပါသည်။ စကားနှင့်ပါတ်သက်၍လည်း ( ၀စီ ) လေးမျိုး၊ စိတ်နှင့်ပါတ်သက်၍လည်း ( မနော ) သုံးမျိုးထပ်၍ခွဲခြားပြပါသည်။
      (၁) ကာယကံ အပြစ်တွင်ကား။
            သတ်ခြင်း၊ ခိုးခြင်း၊ ကာမအရာမှာ မှားယွင်းခြင်း။
      (၂) ၀စီနှင့်ပါသတ်၍ကား။
            လိမ်ညာခြင်း၊ ကြမ်းတမ်းစွာစကားဆိုခြင်း၊ သိမ်ဖျင်းသောစကားပြောခြင်း၊ မလိုတမာပြောခြင်း။
      (၃) မနောနှင့်ပါတ်သက်၍ကား။
            ဒေါသ၊ မကောင်းကြံစည်မှု၊ တပ်မက်မူ၊ စသော အရာတို့သည် ဗုဒ္ဓ၏ စကားတော်လာ
အပြစ်တရားများပင်ဖြစ်သည်။ 


၂။ ကာမအကျိုးဆက်။
      ဗုဒ္ဓက မှားယွင်းသောအတွေးအခေါ်များကြောင့် မြွေဖြစ်ရသော မဟာအာသောက မင်းကြီးအကြောင်းကို ဤသို့ဆိုခဲ့လေသည်။
      ``မဟာအာသောကမင်းကြီး အသက်ရှင်စဉ်က တရားဘ၀နာ ပွားမွားခြင်း၊ အလှူဒါနပေးခြင်းနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးတို့ကို အစွမ်းကုန်ကြိုးစားကာ အမြဲမပြတ် ကျင့်ကြံအားထုတ်ခဲ့လေသည်။ သူသည် ဗုဒ္ဓ၏ လမ်းစဉ်ကို ရိုးသားစွာဖြင့် နာခံလိုက်လျှောက်၍ ဘာသာ သာသနာတွင် ကထိန်သင်္ကန်းလည်း ကြီးကျယ်ခန်းနားစွာ လှူဒါန်းခဲ့ည်။ တစ်နေ့ ဘုရားကျောင်းသို့ ဖြတ်လမ်းမှ သွားစဉ် ရေကန်၍ ငါးများမြူးတူးနေသည်ကိုတွေ့ရာ ``ဤငါးများကိုဖမ်း၍ အချဉ်ပြုကာစားရလေလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း´´ ဟုလက်တွေ့မပါ ၊ မပြုအားဘဲ အတွေးကလေးတစ်ခုပြုမိလိုက်လေသ်ည။ အရွယ်ရလာသောအခါတွင်ကား အာသောကမင်းကြီးသည်လည်း သေလွန်သွားလေ၏။
      ကောင်းရာဘုံတံခါးသို့ ရောက်သောအခါတွင် ကောင်းရာဘုံစောင့်က ၀င်ခွင့်မပေးဘဲ သူ၏ အကုသိုလ်အကြွေးအားပေးဆပ်ရန် ပြန်သွားခိုင်းလိုက်သောကြောင့် ဟိမ၀န္တာတောင်ခြေအနီးတွင် စပါးကြီးမြွေအဖြစ်ခံယူရလေသည်။ မြွေသည် ငါးကိုစားခြင်းမှာ သဘာဝဖြစ်သောကြောင့် လှည့်လယ်ကာ ရှာဖွေစားသောက်နေရလေ၏။ ( စိတ်ဖြင့်ပင် ဤသို့ကျခံရက လက်တွေ့ စားနေသောအကျိုးကား အဘယ်သောအခါတွင် တစ်ပါတ်လည်လေဦးမည်နည်း *ဤကားစကားချပ်တည်း)။
      မဟာအာသောကမင်း မရှိသည့်နောက် သားတော် အာသောကမင်းသည် နန်းထိုင်လေ၏။ သူသည်လည်း ဥပုဒ်သီတင်းသီလတို့ကို ပြင်းထန်စွာ စောင့်စည်းလိုက်နာကာ ပျံ၍တက်နိုင်လောက်အောင်ပင် အလှူဒါနအစုစုကိုပြုလေသည်။ သူသည်လည်း သေလွန်သည့်နောက် ကေင်းရာဘုံသို့ ရောက်သောအခါ သူ၏ဖခင်အကြောင်းကို မေးမြန်လေသည်။ အဆုံးတွင်ကား သူ့ဖခင်သည် မြွေကြီးဖြစ်၍ သားစိမ်းငါးစိမ်းများကို ရှာဖွေစားသောက်နေရမှန်း သိရှိရလေသည်။
      ``ခင်များ တွေ့လိုပါက ထိုမြွေကြီး၏ လမ်းကြောင်းအတိုင်းလိုက်သွားပါ´´ ဟုဂိတ်စောင့်ကပြောဆိုလေသောအခါတွင်၊ သူသည် ထပ်ချပ်မကွာ ခြေရာခံ၍ လိုက်ရာ အဆုံးစွန်သော တောနက်ကြီးထဲ၌ အလွန်ကြီးမားသော မြွေကြီးကို တွေ့မြင်ရာ မြွေကလည်း သူ့ကိုတွေ့သဖြင့် တွေ့၍ စားမြိုရန်သာ ဆန္ဒပြင်းထန်သောလေတော့သည်။ ထို့ကြောင့် သားဖြစ်သူက စ၍ ကားဆို၏။
      ``ကျွန်ုပ်ကား လူ့ဘ၀တုံးက ဖခင်ရဲ့သားပါ´´
      ``မင့်ဟာ ငါ့သားမှန်ရင် ငါ့ခေါင်းကနေပြီး အမြီးတိုင်အောင် လမ်းလျှောက်လှည့်ပါ၊ မကျပါက သင့်အား ငါ့သားအဖြစ်အသိအမှတ်ပြုပြီး၊ ကျပါက သင့်ကို ငါစားစရာအဖြစ်သာ အသိအမှန်ပြုပေမည်´´
      သားဖြစ်သူကလည်း ကောင်းမွန်စွာ လျှောက်ပြလေသည်။ ထို့ကြောင့် မေးခွန်းထုတ်၍ မေးလေသည်မှာကား။
      ``အဘယ့်ကြောင့် သည်လိုဖြစ်ရတာလည်း အဖေ၊ အဖေသည် လူ့ဘ၀၌ အကျင့်သီလပြည့်စုံခဲ့သည်မဟုတ်ပါလား၊ ထိုဒါန၊ သီလ၊ ကောင်းမှု ကုသိုလ်တို့၏ အကျိုးဆက်ကို မခံစားရတော့ဘူးလား? နောက်ပြီး အဖေ့  အပြစ်တွေအတွက် ဘယ်မျှလောက်သော အတိုင်းအတာကာလအထိ ပေးဆပ်နေရမှာလည်း အဖေ?´´
      ``ငါ၌ ရှိသော အကြးခွံနှင့်အမျှ ငါသည် သံသရာလည်၍ ၀ဋ်ကြွေးကို ပေးဆပ်ရဦးမယ်သား´´
      အထက်ဖေါ်ပြပါဖြစ်စဉ်သည် ဗုဒ္ဓဘာသာ၌၊ သီလတို့က ပေးဆပ်ရန်ရှိသော ၀ဋ်ကြွေးများပင်ဖြစ်သည်။ ထိုကဲ့သို့သော ၀ဋ်ကြွေးအပြစ်တရားခံရန် အပြစ်တရားကို ကျခံရန်မှာ ပင်ပန်းကြီးစွာ လုပ်ဆောင်ရန် မလိုတွေးတောရုံမျပင်ဖြစ်သည်။
      အထက်ဖေါ်ပြပါနည်းတူ ယေရှုခရစ်တော်ဘုရားက မဿဲ ၅း၂၂၊၂၈ တို့တွင် သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အကြောင်းကိုဆိုခဲ့လေသည်။ လက်တွေ့ ကျူးလွန်ရန် မလိုစိတ်ကူးကာမျှဖြင့် ထိုအပြစ်ကို ကျူးလွန်ပြီးဖြစ်ကြောင်းဆိုခဲ့လေသည်။ အကြောင်းအရင်းမှာကား စိတ်သည် အပြစ်အားလုံးအတွက် အရင်းအမြစ်ပင်မဟုတ်ပါလား။
      ဗုဒ္ဓက သူ၏ နောက်ဆုံးသော အချိန်ကာလ ကလေးတွင် သူ၏ နောက်လိုက်တို့အား အခြားအခြားသော စကားများကိုမှာကြားမိန့်ဆိုခဲ့လေသည်။
      (၁) ရုပ်တုဆင်းတုပြုလုပ် ကိုးကွယ်ခြင်းမပြုရန်။
      (၂) ထာဝရဘုရားကို ကိုးစားမျှော်လင့်ရန်။
      (၃) အပြစ်တရားမှ လွတ်ရာလမ်းရှာရန် သို့မဟုတ် ပျက်စီးခြင်းက ၀ါးမြိုလိမ့်မည်။
      (၄) ဘုရားအား စိတ်၊ ၀ိညာဉ်၊ သမ္မာတရားဖြင့်သာ ကိုးကွယ်ခြင်းပြုရန်( အလှူဒါန အပယိကမဟုတ်)။
      (၅) ဗုဒ္ဓသာသနာ သုံးထောင်နောက်တွင် ရုပ်တုများ လွင့်ပျောက်၍ ကမ္ဘာကြီးအား မီးဖြင့် ဖျက်စီးမည်ဆိုသော စကားတို့ပင်ဖြစ်သည်။
 
၃။ ကာမအပြစ်မှ လွတ်ရာလမ်း။
      ကာမအပြစ်တရားကြောင့် လူသည် ကောင်းမွန်သော တမလွန်ဘ၀ကို မရနိုင်ကြောင်း၊ ဟိန္ဒူနှင် ဗုဒ္ဓဘာသာတို့က သွန်သင်ညွှန်ပြလေသည်။ ဟိန္ဒူတို့၏ နည်းအရ လူတို့တွင် အဆင့်ဆင့်ရှိလေသည်။
      အဆင့်တစ်-
            အဆင့်တစ်တွင် ဘုရားသုံးဆူနှင့် ဘုရားမသုံးဦးပင်ဖြစ်သည်။ Vishnu ဘုရားက ကာကွယ်ပေးခြင်း၊ Siva မူကား ပျက်စီးခြင်းနှင့် Pham ဘုရားကတော့ ဖန်ဆင်းခြင်းအရှင်တို့ဖြစ်သည်။ ထိုသုံးဆူသော ဘုရားတို့သည် ဟိန္ဒူအတွက် အရေးပါလှပြီး ``ဥုံ´´ ဟူသော စကားလုံးကိုဖြစ်စေသည်။ ထို့ကြောင့်လည်း ရှေးလူကြီးသူမတို့က၄င်း လူလတ်တန်းစားတို့က၄င်း၊ ထိုအရာဖြင့်အစပြု မန်းမှုတ်ကြလေသည်။ ထို ``ဥုံ´´ သည် ဘုရားသုံးဆူကို ညွှန်းပြီး ၄င်းတို့သည် အသက်၏ မူလအမြစ်တည်ရာအဖြစ် မှတ်ယူကြလေသည်။
      အဆင့်နှစ် -
            ဟိန္ဒူတို့၏ ယုံကြည်ချက်အရ ၄င်းအဆင့်မှာကား ၊ လူ၊ နတ်၊ ၀ိညာဉ်၊ ကောင်းဆိုးစသော ရောယှက်နေသော အဆင့်ဖြစ်သည်၊ ဆိုလိုရင်းကား လူတစ်ပိုင်း၊ နတ်တစ်ပိုင်း စသော အလယ်အလတ် အဆင့်ပင်ဖြစ်သည်။
      အဆင့်သုံး -
            ထိုအဆင့်ကား နောက်ဆုံး အဆင့်ဖြစ်ပြီး ၄င်းတို့တွင် ရေ၊ မြေ၊ တောတောင်၊ ကျောက်၊ သစ်ပင်၊ လူ၊ တိရိစ္ဆာန်တို့လည်းပါဝင်နေသည်။
      လူတို့က အထက်အရပ်ကိုမျှော်သော်လည်း သူတို့၏ နေ့စဉ် အပြစ်ကြွေးက အောက်ကိုသာစွဲချပြီး၊ ၀ဋ်ကြွေးများကို ပေးဆပ်နေကြရလေသည်။ ထို့ကြောင့်လည်း ဆိုးညစ်သော လူတို့သည် အပြစ်ကာမမှ လွတ်မြောက်ရာ လမ်းမရှိဖြစ်သည်။ ၄င်းသည်ကား ဗုဒ္ဓဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်တို့၏ မစားရ၀ခမန်းလိလိ အိမ်မက်ကိုမက်နေခြင်းပင်ဖြစ်သည်
      ထို့ကြောင့် အထက်ပါ ဘာသာတရားများ၏ အနာဂတ္တိစကားတော်နှင့်အညီ ``နောင်တွင် ကယ်ချွတ်ရှင်ကြွလာတော်မူမည်´´ ဟူ၍ တွေ့ရလေသည်။ ဗုဒ္ဓက ထိုအရှင်သည် လူတို့အား အပြစ်ငရဲမှ ကယ်တင်၍ နန်းအမတသို့ ပို့ဆောင်မည့် မဂ္ဂင်ဖောင်အဖြစ်၎င်၊ ရွှေဖောင်ကြီးအဖြစ်၎င်း သံသရာမှ လွတ်စေမည်ဟုဆိုခဲ့လေသည်။ ဟိန္ဒူဘာသာတွင်လည်း ၀င်းပသော အဆင့်ရှိသူတို့က ပေါ်လာ၍ သူ၏အမည်ကား ကန်လီ* ဟူ၍တွင်ပြီး အပြစ်တရားတွင် မွှေ့လျှော်သူများအဖို့ ဓါးကိုယူဆောင်လာကာ စီရင်ခြင်းပြုမည်ဟု ဆိုခဲ့လေသည်။ ဤကမ္ဘာအဆုံးတွင် ကမ္ဘာအသစ် စလိုက်မည်ဟုလည်း ဆိုခဲ့သည်။
      * Quoted from the comparison of Religions, page 540 , in the Thai language.
      ကျွန်ုပ်အတွက်မူကား ဆင်းရဲ၊ ဒုက္ခ၊ အို၊ နာ၊ သေခြင်း စသော သံသရာတွင်းမှ မျှော်လင့်ချက်မရှိသော ဘ၀မှ ကြီးမားသော လွတ်မြောက်ရာလမ်းပင်ဖြစ်လေတော့သည်။ ထိုလွတ်မြောက်ရာလမ်းကား လူသားအားလုံးကို အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းငှါ ကြွလာတော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော်ပင်ဖြစ်ပေတော့သည်။ ခရစ်တော်သည်ကား ကျွန်ုပ်နှင့် လူသားအားလုံးတို့အတွက် နန်းအမတသို့ ဘေးကင်းလုံးခြုံစွာ ကူးမြောက်ရာ ရွှေမဂ္ဂင်ဖောင်ကြီးပင်ဖြစ်ပါတော့သတည်း။
      သုတ္တံ ၁၅း၂၄ ``ပညာရှိသောသူလိုက်ရာ အသက်လမ်းသည် အောက် အရပ်၊ မရဏာနိုင်ငံမှ လွှဲရှောင်၍ အထက်သို့ ပို့ဆောင်တတ်၏၊၊´´

Tuesday, May 25, 2010

နောင်ကာလနှင့်ဆိုင်သော ဗုဒ္ဓ၏အနာဂတ္တိစကား

နောင်သောအခါ
ကမ္ဘာရှုပ်ထွေး
ကွဲပြားလူတို့ အစုစုတို့
သေကြေရိုက်နှက်
ချောင်းမြစ်ဖြစ်ဘိ
လုံခြုံလမ်းသစ်
ပညောင်ရိပ်၌
မည်သူထိုင်တန်
ကျွတ်တန်းမှန်၏
နန်းအမတမြေ
လှမ်းနိုင်လေအံ့ လှမ်းနိုင်အံ့။

၁။ ဗုဒ္ဓ၏အနာဂတ္တိစကား။
ယုံကြည်သူဖြစ်လာပြီးနောက် ခရစ်တော်၏ မဟာအမှုတော်မြတ်တွင် နှစ်ပေါင်းများစွာ သွန်သင်လာရင်း ဗုဒ္ဓ၏ ဟောဖေါ်ညွန်ပြသော တရားတော်များကို သာ၍အောက်မေ့သတိရမိပါသည်။
``သာသနာတော် နှစ်ထောင် ( ၂၅၀၀ )ကျော်၊ နောက်သော်ရောက်သောအခါ၊ တရားကင်းကြ မင်းပါပ၊ မုချအုပ်စိုးမှာ၊ ပညောင်အောက်တွင် လောကီဝင် နေရာပြင်ထား ထိုခေတ်တစ်ပါး၊ မာန်ညွတ်ကျိုးနွံသူတော်စဉ်တို့ ဖူးတွေ့ကြုံရ မြတ်ဗုဒ္ဓ´´
ထိုခေတ်ထိုအခါတွင် ဘုရားမြတ်က လောကီတစ်ခွင်လုံးအား ရွှေလက်တော်ဖြင့်စစ်၍ လူတို့အားပြုတော်မူမည်။ ထိုအခါ ဆင်တို့သည် တင်ကျန်ခြင်းမရှိ၊ ခြတို့သည်သာ တင်ကျန်ခြင်းရှိလိမ့်မည်ဟု ဆိုခဲ့လေသည်( လာအိုတစ်ဘောင့်စကား)။ ထိုတစ်ဘောင့်စကားသည် ခေတ်အဆက်ဆက်ကတည်ရှိခဲ့ပါသည်။ လာအိုလူမျိုးတို့က နှုတ်တိုက်အာဂုံဆောင်ကာ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းလာခဲ့ကြပြီး မိမိတို့နားလည်သလို အနက်ဖွင့်ဆိုကြလေသည်။ ယုံကြည်သူဖြစ်လာပြီးနောက်၎င်း၏ အနက်အဓိပ္ပါယ်ကို လွန်စွာနက်နက်နဲနဲဖြစ်နေကြောင်း ကျွန်ုပ်သိရှိလာရလေသည်။

၂။ အနာဂတ္တိစကားအနက်ဖွင့်ခြင်း။
အောက်ဖေါ်ပြပါ အနာဂတ္တိစကားတို့သည် လွန်စွာမှပင် သိရှိရန် အရေးပါလှပေသည်။

က။ ဗုဒ္ဓပြောကြား နောင်ကာလစကား။
သာသနာ ၂၅၀၀ နောက်ပိုင်း။
သာသနာ ၂၅၀၀ နောက်ပိုင်းရောက်သောအခါတွင် ကမ္ဘာကြီးသည် ယိုယွင်းပျက်စီးမည်ဖြစ်ကြောင်းဆို၏။ ထိုခေတ်ထိုအခါကာလကို ယခုမြင်တွေ့ရပါမည်။ ခရစ်တော်ဘုရားမူကား သာ၍ ရှင်းလင်းသော အနာဂတ္တိစကားကို ဖေါ်ကျူးထားလေသည်။ ရှင်မဿဲ ခရစ်ဝင် ၂၄ တွင် ကမ္ဘာလောကကြီး၏ နောက်ဆုံးသော ဆုတ်ကပ်ကာလအကြောင်းကို၎င်း၊ လူတို့သည် ဘုရားတရားကင်းကွာလာကြမည်ကို၎င်း ဖွင့်ဆိုထားသည်။ တဖြည်းဖြည်းနှင့် တပြည်နှင့်တစ်ပြည် စစ်မက်ဘေး အန္တရယ်များ၊ တောတောင်ပြိုခြင်း၊ ငလျှင်မလှုပ်ခြင်း၊ မိစ္ဆာဒိဌိဘာသာရေးဆရားများ၊ မနာလိုဝန်သိုခြင်း၊ လှည့်ဖြားခြင်း ညှင်းပန်းနှိုပ်စက်ခြင်းစသည်တို့ရှိလိမ့်မည်ဖြစ်ကြောင်းဆို၏။ ၎င်းတို့သည်ဖြစ်ပေါ်နေသည်သာမက ကျွန်ုပ်တို့အား အစဉ်ခြောက်လှန့်နေသည်မဟုတ်ပါလား။ လောကကြီးသည် ထိုထက်သာ၍ဆိုးဝါးလာကာ နောက်ဆုံးသောကာလသည် အဆုံးသတ်နိဂုံးတိုင်ရပေမည်။
ဗုဒ္ဓက နှစ် ၅၀၀၀ နောက်ပိုင်းတွင် ကမ္ဘာကြီးကို မီးဖြင့် ဖျက်စီး၍ လွတ်မြောက်သူမရှိဟု ဆိုခဲ့သည်။ ဗုဒ္ဓပြောခဲ့သည့်အတိုင်း ခရစ်တော်ပြောခဲ့သည့်အတိုင်း ခရစ်တော်ဘုရားက ကြွလာတော်မူသောအခါ ထပ်တူဆိုခဲ့၏၊ ထိုနေ့ရက်ကို ဘုရားမှတစ်ပါး မည်သူမျှ အတိအကျမသိနိုင်ကြောင်း အတိအလင်း ဆိုခဲ့သည်။ သို့တိုင်အောင် နောက်ဆုံးသော ကာလသည် အမှန်ပင် ပြည့်စုံလာမည့်အကြောင်း ကမ္ဘာသည် အဆုံးတိုင်ရပေမည်။ နောက်ဆုံးသောကာလတွင် ဘုရားရှင်က လက်ရှိကမ္ဘာကြီးအား မီးဖြင့် ဖျက်စီးမည့်အကြောင်း ဗျာဒိတ် ၂၀း၉ တွင် သမ္မာကျမ်းစာက ဖေါ်ပြထားပါသည်။ ဗုဒ္ဓဘာသာက၎င်း၊ ခရစ်ယာန်က၎င်း ထိုအရာအတွက် အတိအလင်းမီးနှင့် ဖျက်စီးမည်ကို တစ်သံတည်းဆိုခဲ့ကြလေသည်။
ချစ်စွာသော သူတော်စဉ်အပေါင်းတို့ ထိုအရာများ ဤလောကတွင် ဖြစ်ပေါ်နေပါက မိမိတို့၏ ဘ၀နောင်ရေးအတွက် အသင့်ရှိပြီလား? မည်ကဲ့သို့သော နည်းလမ်းဖြင့် ကျွတ်ရာလမ်းကို ရောက်ရန် မျှော်လင့်ကာ အသက်ရှင်နေပါသနည်း? ထိုမေးခွန်းအတွက် အချိန်မနှောင်းခင် အဖြေပေးရန် အသင့်ရှိ သင့်လှပေသည် မဟုတ်ပါလား?

ခ။ ပညောင်သုံးခက်အရိပ်အောက်၌ လောကသားတို့ ခိုနားရမည်။
လူပေါင်းထောင်သောင်းများစွာသော သူတို့က ပညောင်သုံးခက်အရိပ်ကို အလွန်ပင်စိတ်ဝင်စားကြလေသည်။ ထိုအရိပ်ပေးသော ပညောင်သုံးခက်သည် ကွဲပြားသော လမ်းစဉ်များပင်ဖြစ်သည်။
နိုင်ငံရေးသမားတို့က နိုင်ငံရေးအသွင်ဖြင့်၎င်း၊ ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာဖြင့်၎င်း၊ အခြားသောသူတို့ကလည်း သူတို့၏ အခြားသော လမ်းစဉ်ဖြင့်၎င်း နားလည်သလို အနက်ဖွင့်ကြလေသည်။

(၁) နိုင်ငံရေးဖွင့်ဆိုချက်။
နိုင်ငံရေးသမားတို့က လွတ်လပ်သော ဒီမိုကရေစီ ( သို့ ) ကွန်မြူနစ်စသော ( သို့ ) လူမှုဖွံ့ဖြိုးရေးစသော လမ်းစဉ်သုံးခုဖြင့် ဖွင့်ဆိုကြသည်။

(၂) ဗုဒ္ဓဘာသာဖွင့်ဆိုချက်။
ပညောင်သုံးခက်သည် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာမြတ်သုံးပါးပင်ဖြစ်သည်။

(၃) တိုက်ရိုက်ဖွင့်ဆိုချက်။
ထိုညောင်သုံးခက်သည် အမှန်တကယ်ပင် ညောင်သုံးခက်ကို ဆိုလိုသည်ဟု အနက်ဖွင့်ကြလေသည်။ ထိုသို့ဆိုပါက သုံးခုဟူသော ဝေါဟာရအရ လောကီလူသားတို့သည် ထိုအပင်အောက်တွင် အမှန်စုနိုင်ရန်အရေး သတ်ဖြတ် ဖျက်ဆီးခြင်းများရှိနေကြရပေတော့မည်။

(၄) သုံးပွင့်ဆိုင်ဖွင့်ဆိုချက်။
ကျွန်တော့်၏ ယုံကြည်ချက်နှင့် နားလည်မှုအရာ ဂေါတမသည် ဘုးရားရှင်အား ညွှန်ပြခြင်းသာဖြစ်သည်။ သုံးခုဟူသော စကားအလာအရ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူဘုရား၏ မေတ္တာတော်အရိပ်အောက်တွင် အတူတကွ စုရုံးကြခြင်းပင်ဖြစ်သည်။
ဗုဒ္ဓက သူ၏နောက်လိုက်များအား နောင်တွင်ကြွလာမည့် ကယ်တင်ရှင်ကို စောင့်မျှော်ရန် ဟောကြားခဲ့လေသည်။ ဤလောကတွင် မည်ကဲ့သို့သော လူမျိုး၊ တိုင်း၊ နိုင်ငံဖြစ်နေပါစေ ထိုသုံးပါးတစ်ဆူ ဘုရားရှင်၏ ကျေးဇူးတရားအောက်တွင် နားခိုဖြေသိပ့်၍ အကျွတ်တရားလမ်းကို ရယူပိုင်ဆိုင်နိုင်ပါသည်။

ဂ။ ဘုရား။
``…… မျက်နှာတော်အား ဖူးမျှော်ရမည်´´
ထိုအနာဂတ္တိစကားက ဗုဒ္ဓ ( သို့ ) သိဒ္ဓတ္ထက သူ့ကိုယ်သူ ဘုရားဟူ၍ မညွှန်းဆိုခဲ့သလို၊ ဘုရားတည်ရှိတော်မူကြောင်းကိုလည်း ငြင်းပယ်တော်မူခြင်းမပြုခဲ့ပါ။ သူကိုယ်၌က ဘုရားဖြစ်ခဲ့ပါလျှင် ``သင်သည် ငါ၏ မျက်နှာကိုဖူးမျှော်ရမည်´´ ဟုသာဆိုပေမည်။ ၎င်းအစား ``သင်သည် ဘုရားမျက်နှာတော်အား ဖူးမျှော်ရမည်´´ ဟုဆိုသောကြောင့် ထိုဘုရားရှင်ကား သူ၏နောက်တွင် ကြွလာတော်မူသော ကယ်တင်ရှင် ယေရှုခရစ်တော်ဘုရားပင်ဖြစ်လေတော့သည်တကား။ ယေရှုခရစ်တော်ဘုရားက ဗုဒ္ဓကွယ်လွန်ပြီးနောက် ၅၄၃ နှစ်အကြာတွင် ပေါ်ထွန်းတော်မူခဲ့လေခြင်းဖြစ်သည်မှာ ဗုဒ္ဓ၏ စကားဦး အနာဂတ္တိစကားတို့နှင့်အညီ ဗုဒ္ဓသာသနာ၏ အနားအဆုံးသတ် သာသနာ ၅၀၀ အတွင်းတွင်ဖြစ်သည်ကိုကား အတိအကျပင်ဖြစ်လေသည်။

ဃ။ ထိုက်တန်သောသူ။
`` ထိုက်တန်သောသူသည် မျက်နှာတော်ကို ဖူးတွေ့ရမည်´´
အဘယ်ကဲ့သို့သော လူပုဂ္ဂိုလ်က ထိုက်တန်သနည်း? လူပေါင်းများစွာက နည်းလမ်းစုံဖြင့်အနက်ဖွင့်ဆိုကြ၏။ ထိုက်တန်သောသူသည် နက်နဲ၍ မြင်တွေ့ရန်ခက်ခဲလှသော အရာများကိုလည်း မြင်တွေ့ခံစားနားလည်နိုင်ခွင့်ရှိသည်ကို ကျွန်ုပ်တို့ ကောင်းစွာသဘောပေါက်ခဲ့သည်။ ``ထိုက်တန်သောသူ´´ ဟူသောစကားကို ဗုဒ္ဓ၏ အနာဂတ္တိစကားတွင် ထိုသို့သောသူများကို ရည်ညွှန်းခြင်းပင်ဖြစ်သည်။ ထိုစကားကို သိမြင်၍ နားလည်သောသူသည် ကောင်းစွာသော အနက်အဓိပ္ပယ်ကို နားလည်သောကြောင့် ``ထိုက်တန်သောသူ´´ ဟူ၍ဆိုလိုခြင်းပင်ဖြစ်သည်။ ဗုဒ္ဓက ``ငါ၏သွန်သက်ချက် နှုတ်ကပတ်တော်ကို နားလည်ပါက ငါသည် အဘယ်သူဖြစ်သည်ကို သိလိမ့်မည်´´ ဟုဆိုထားလေသည်။
ဘုရားကို ယုံကြည်ကိုးစားသော မည်သူမဆို ``နှုတ်ကပတ်တော်´´သည် မည်သူဖြစ်ကြောင်း၊ မည်သူ့ကိုဆိုလိုကြောင်းသိပေမည်။ ထို ``နှုတ်ကပတ်တော်´´ သည် ဗုဒ္ဓ၏ အနာဂတ္တိစကားတော်အဖြစ် ကောင်းစွာနားလည်ရပေသည်။ ဤနေရာတွင် ``နှုတ်ကပတ်တော်´´သည် ယေရှုခရစ်တော်ပင်ဖြစ်သည်။ ထိုအရာကို ရှင်ယောဟန်က ကောင်းစွာရှင်းပြထားခဲ့လေသည်။ ``
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော် သည်ဘည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော် မူခြင်းနှင့်ကင်းလွတ်လျက် ဖြစ်သောအရာတစုံတခုမျှမရှိ။ ´´ တဖန် ``နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။´´``ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။´´ ( ယောဟန် ၁း၁-၃၊၁၄၊၁၈)။
ထိုယေရှုခရစ်တော်သည်ကား ကျွန်ုပ်တို့ ဘိုးဘေးများ မျှော်လင့်စောင့်စားနေခဲ့ကြသော ကယ်တင်ရှင်မြတ်ဘုရားစင်စစ်ပင်ဖြစ်လေသည်သာမက ဗုဒ္ဓ၏ အနာဂတ္တိစကားတို့၏ အချုပ်အခြာလည်းဖြစ်တော်မူလေသည်။
ကျွန်ုပ်တို့၏ ဘေးဘိုးအစဉ်အဆက်တို့သည် ဆွမ်း၊ ကွမ်းများကို ကျောင်းကန်ဘုရားများသို့ ပို့ဆောင်ရာ၌ ရေကိုလည်းယူသကဲ့သို့/ ဆရာတော်ကြီးများကလည်း ရွတ်ဖတ်သရဈာယ်ကျသောအခါတွင် ရေစက်သွန်းရင်း `` ဤသို့ပြုရ ကုသလကြောင့် အို၊ နာကင်းရာ မြတ်နိဗ္ဗာန်ကို ဆောင်ပို့စေ၍၊ နောက်လာလတံသော ကယ်ချွတ်ရှင်မြတ်အား ဖူးတွေ့ရသူဖြစ်ကြစေ´´ ဟူ၍ ဆုပေးခြင်းအမှုကို ပြုကြလေသည်။ ``ယေရှုခရစ်တော်ဘုရားက ရှမာရိ အမျိုးသမီးအား ``
ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ ´´ ( ယောဟန် ၄း၂၆)၊ တဖန် ဖိလိပ္ပုအားလည်း ``သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏ ဟုမိန့်တော်မူသည်။ ´´ ( ယောဟန် ၁၄း၇ ) ဟုမိန်ဆိုတော်မူခဲ့လေသည်။
ထိုခရစ်တော်သည်ကား ဗုဒ္ဓက နောင်ကာလအချိန်တွင် ဤလောကကို ကယ်တင်မည့် ကယ်ချွတ်ရှင်ဖြစ်ကြောင်းကို အနာဂတ္တိစကားတို့က ညွှန်ပြနေခြင်းပင်ဖြစ်လေတော့သည်။

င။ နန်အမတ ရောက်မည့်သူနှင့် မရောက်မည့်သူ။
``ခြတို့သည်ကား တင်ကျန်ရစ်လိမ့်မည်…´´
တင်ကျန်သောခြတို့သည်ကား သာမန်လူတန်းစား လက်လုက်လက်စားစသောသူများကို ညွှန်းဆိုခြင်းဖြစ်သည်။ လောကစည်းစိမ်ကြွယ်ဝချမ်းသာခြင်းဖြင့် ပူပန်စိုးရိမ်ကာ ဘုရားတရားကို မျက်ကွယ်ပြုနေသော သူများကို မရည်ညွှန်းပါ။ ထိုသို့သော သူတို့၏စိတ်သည် စိတ်မသာညည်းတွားသောသူတို့သည် ဘုရားရှင်ထံသို့ဝင်ရောက်လာရန် ဆန္ဒအသင့် လွယ်ကူစွာရှိကြလေသည်။
တင်ကျန်ခြင်းမရှိသော ဆင်သည် ရာထူး၊ ဂုဏ်၊ ပကာသနတို့ဖြင့် အတ္တတစ်လူလူလွင့်ထူနေသော သူများကိုဆိုလိုခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည်ကား လူရှေ့တွင် သိမ်ငယ်မည်၊ ရာထူးဂုဏ်ရှိန်ညိုးမည်ကို စိုးသောကြောင့် မိမိမာန်ခ၀ါချရန် လွန်စွာခက်ခဲသည်နှင့်အညီ ``ရိုသေမန်ညွန်ကျိုး´´ ဟူသော စကားကို နှုတ်တွင် သွင်သွင်ဆိုသော်လည်း လက်တွေ့တွင်ကား ဘုရားဘုန်းထက် လူဘုန်းကိုသာ ရလိုသောကြောင့် ဘုရားရှင်ထံ ၀င်ရောက်ရန် လွန်စွာ ခဲယဉ်းလှပေသည်။
သမ္မာကျမ်းစာတွင်လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလသုံးတန်အတွက် ထိုသူတို့ကို ဘုရားထံမရောက်နိုင်သည့်အကြောင့်ကို တွေ့ရလေသည်။ ချမ်းသာလျှက် လူဆင်းရဲ ( လုကာ ၁၂း၁၆-၂၁)၊ ကပ်စေးနဲသူဌေး (လုကာ ၁၆း၁၉-၃၁)၊ သူဌေးသား ( လုကာ ၁၈း၁၈-၃၀)။ ဘုရင်အဂရိပနှင့် အရာရှိကြီများ ( တမန်တော် ၂၅-၂၆)၊ နိကောဒင် ( ယောဟန် ၃း၁-၂၁ ) စသည်ဖြင့် တွေ့ရပါသည်။ အထက်ပါ ပုဂ္ဂိုလ်တို့သည် သူတို့၏ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ အခွင့်အလမ်းများကို ခင်တွယ် တပ်မက်သောကြောင့် ဘုရားရှင်ထံတော်မှောက်သို့ အရောက်ဝင်ရန် လွန်စွာခဲယဉ်းလှကြောင့် အတိအလင်းဆိုထားလေသည်။ ထို့ကြောင့်လည်း ``
တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။´´ ( မဿဲ ၁၉း၂၄ ) ဟု မိန့်ဆိုထားခဲ့လေသည်။
အမှန်တကယ်ရဲရင့်သော သူတို့မူကား ဘုရားထံတော်မှောက်တွင် မာန်ခ၀ါချကာ မိမိ၏ ယခုဘ၀နောင်ဘ၀အရေး အကျွတ်တရား နန်းအမတအတွက် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချကာ `` ဘုရားမှတစ်ပါး အားကိုးစရာ အခြားမရှိ´´ ဆိုသော စကားနှင့်အညီ ဘုရားကိုသာ ကိုးစားယုံကြည်ရဲကြပေမည်။

၃။ မေတ္တာရှင် ဘုရားက လူတိုင်းကိုချစ်၍ အခွင့်အလမ်းပေးတော်မူခြင်း။
ဘုရားရှင်က ကျွန်ုပ်တို့အား ``တင်ကျန်သောခြ၊ တင်ကျန်ခြင်းမရှိသောဆင်´´ မိမိလိုရာအတိုင်းဖြစ်နိုင်သော အခွင့်အရေးကို ပေးထားတော်မူပါသည်။ ဘုရားမှတစ်ပါး အားကိုရာမရှိ ဆိုသောစကားအတိုင်း ``ဘုရားကို ရှာကြံသူ ´´အဖြစ် သို့မဟုတ် မိမိကိုယ်သာ ကိုးစားရာ ``ဘုရားမလို ငါသာဗိုလ်´´ ဆိုသောစကားကို၎င်း ရွေးချယ်ခွင့်ပေးထားပါသည်။ မှန်သော သစ္စာစကားသည်ကား ဘုရားရှင်သည် လောကီသားတို့အား ချစ်တော်မူ၍ အမှုများကို ပြုပေးတော်မူခဲ့ပါပြီ၊ ``ဘုရားဖက်၍ အသက်ဆက်´´ ကာ အကျွတ်တရားကို ရယူရန်သာလိုကြောင်း သိခွင့်လည်းပေးခဲ့ပါပြီ၊ သို့တိုင်အောင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး စသော အတ္တအစွဲအလမ်းတရားတို့ဖြင့် ဘုရားမြတ်၏ ဖွင့်ပေးထားတော်မူသော လမ်းစဉ်ကို၎င်း မဂ္ဂင်ဖောင်တော်ကို၎င်း ယနေ့တိုင် ကျွန်ုပ်တို့ ဥပေက္ခာပြု၊ လျစ်လျှူရှုနေကြဆဲပင်ဖြစ်သည်။ ဦးဆုံးဘုရားရှင်၏ လုပ်ဆောင်ချက်ကား ရှေးဘိုးဘေး ပုရောဖက်များအားဖြင့် ကယ်ချွတ်ရှင်ကြွလာမည့်အကြောင်းကို ဟောဖေါ်ညွှန်ပြတော်မူခဲ့လေသည်။ တဖန် အချိန်တန်သောအခါတွင် သားတော် ယေရှုခရစ်တော်ဘုရားအား စေလွတ်ကာ သူ၏ကိုယ်စား လူသားအားလုံးအတွက် ကိုယ်စားပြုယတြာအဖြစ်တော်ခံယူခြင်းအားဖြင့် အပါယ်ငရဲမှ မြတ်သော နန်းအမတလမ်းကိုဖွင့်ပေးစေခဲ့ပါသည်။ ထို့နောက်တွင်ကား သေခြင်းမာန်ကို အောင်မြင်စေခဲ့ပြီး ကျွန်ုပ်တို့အားလုံးကို စိတ်ချမှုအပြည့်ပေးတော်မူခဲ့ပါသည်။ ``မရဏာကို အောင်မြင်တော်မူခြင်း´´ အရှင်မြတ်အဖြစ်သက်သေပြုတော်မူစေခဲ့ပါသည်။ ထို့နောက်မှာကား ၎င်းအမှုအရာ အလုံးစုံတို့ကို ကျွန်ုပ်တို့ လောကီသားများသိရှိစေရန် သမ္မာကျမ်းစာတွင် မှတ်တမ်းပြု၍ ကျွန်ုပ်တို့သိရှိစေရန် ဘုရားမြတ်ရှင်က စောင့်ထိန်းကွယ်ကာတော်မူခဲ့ပါသည်။
ထိုကြီးမြတ်လှသော ဘုရားမြတ်၏မေတ္တာတော်ကို ဆင်ခြင်အောက်မေ့ကြပါစို့၊ ကျွန်ုပ်တို့သာ ဘုရားရှင်နေရာတွင် ဆိုပါက ``ထိုသို့ပြုနိုင်ဦးမည်လော?´´ ကျွန်ုပ်တို့စိတ်မျိုးဖြင့်ရှိတော်မမူသော ဘုရားရှင်၏ ကျေးဇူးတော်အစုံ၊ ဂုဏ်တော်အနန္တတို့အား အောက်မေ့ကျေးဇူးတင်ကြပါစို့၊ ထိုဘုရားရှင်သည် ကျွန်ုပ်တို့အပေါ်တွင် အနာဂတဿ ညာဏ်တော်အားဖြင့် အနှိုင်းမဲ့ မေတ္တာတော်အားဖြင့် အပြစ်ကို ခွင့်လွတ်နိုင်ရေး လမ်းမဂ်တရားကို ဖွင့်ပေးတော်မူကာ နန်းအမတသို့ အရောက်ပို့ဆောင်ပေးလိုသော ဘုရားမြတ်ပင်ဖြစ်သောကြောင့် ယုံကြည်ကိုးစားထိုက်လှပေသည်။

၎။ တင်ကျန်ခြင်း မရှိသောဆင်တို့၏ အကြောင်းတရား။
ရွှေရေစစ်ဖြင့် စစ်သောအခါတင်ကျန်ခြင်းမရှိသော ဆင်တို့မှာ လူကုံတန်၊ ကြွယ်ဝချမ်းသာသူ၊ ရာထူးဂုဏ်ရှိန်ရှိသူများ ကိုဆိုလိုခြင်းဖြစ်သည်။ တင်ကျန်ခြင်း မရှိရခြင်းမှာ မိမိတို့သည် တစ်ခြားသောသူများထက် သာလွန်ထူးကဲ့သောသူများအဖြစ် ထင်မှတ်ထားကြသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှိုပ်ချရန် လွန်စွာခဲယဉ်းလှပြီး သူတို့ဘ၀တွင် မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမလို နောက်ဆုံး ဘုရားမြတ်ရှင်၏ ကျေးဇူးတော်ကိုပင်မလိုဟု ထင်မှတ်သောကြောင့် ပင်ဖြစ်သည်။ ဘုရား၏ ဓမ္မတာနှင့် လူတို့၏သဘောသဘာဝတို့သည် သုံးနှင့်လေးပမာ ဆန့်ကျင်ဘက်ဖြစ်သည်။ သမ္မာကျမ်းစာတွင်ကြည့်ပါက
မဿဲ ၂၃း၁၂ တွင်လည်း ``အကြင်သူသည် မိမိကိုမြှောက်အံ့၊ ထိုသူသည် နှိမ်ချခြင်းသို့ ရောက်လတံ့။ အကြင်သူသည် မိမိကိုနှိမ်ချအံ့၊ ထိုသူသည် မြှောက်ခြင်းသို့ ရောက်လတံ့။ ´´ ဟုဆိုထားလေသည်။
ကွဲပြားခြားနားသောအရာများထဲမှ တစ်ခုကိုပြပါက ``လူသည် ပေးကမ်းလိုသလော ( သို့ ) မိမိကိုယ်ကျိုးအတွက် ဆုတောင်းလိုသလော?´´ ဆိုသောအချက်ကပင် ကွာခြားနေပေသည်။ ဘုရားရှင်က ``
အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏၊ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။´´ ( မဿဲ ၁၆း၂၅ )။ 

မိတ်ဆွေသည် အထက်ပါစကားများကို ကြားနာရချိန်တွင် အဘယ်သို့ ထင်မြင်ပါသနည်း? အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်လိုပါသနည်း? တင်ကျန်ရစ်သောခြ သို့တည်းမဟုတ် အပါယ်ခံရသောဆင် မည်သည့်အသွင်ကို ရယူလိုပါသနည်း? ဘုရားရှင်၏ ရွှေရေစစ်တော်ဖြင့် စစ်သောအခါ လွန်သွားလိုသလော? တင်ကျန်လိုသလော? တင်ကျန်သောခြသူငယ်ဖြစ်လိုပါသလော? ဆင်ခြင်ပွားများ၍ ဘုရားလက်ကိုင်ပြုနိုင်သူဖြစ်ပါစေလို့ စာရေးသူဆန္ဒပြုပါတယ်။

Tuesday, April 6, 2010

ကယ်တင်ရှင်နှင့်ဆိုင်သော အနာဂတ္တိစကားတော်။

ကျွန်ုပ်တို့အရပ်ဒေသတွင် လူတိုင်းသိသော အနာဂတ္တိစကားဖြစ်ငြားလည်း၊ ငယ်ရွယ်စဉ်က ကျွန်ုပ်အတွက် ထိုအရာသည် အရေးပါသည်ဟု ထင်မှတ်မထားခဲ့ပါ။ ခရစ်တော်၏ သက်တော်စဉ်ကို လေ့လာသည်နှင့်အမျှ ထိုအရာသည် သာ၍သာ၍ အရေးပါလာခဲ့ရလေတော့သည်။ တမလွန်လွတ်ရာလမ်းကို ကုသိုလ်ကောင်းမှု အားဖြင့် မရနိုင်မှန်း သိလာရပြီး ကြွလာသော ( အရိမေတ္တယျ) မေတ္တာတော်ရှင် ဘုရားအား ယုံကြည်ကိုးစားခြင်းရှိမရှိနှင့်သာ ဆိုင်ကြောင်းနားလည်လာရလေသည်။ ဗုဒ္ဓကိုယ်တော်တိုင်ပြောသော အနာဂတ္တိစကားတွင် ကျွန်တော်တွေ့လာရပါသည်။ အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ( တိပိဋကကျမ်း ၂၇ အုပ်မြောက်၊ စာ ၂၃ ) ယနေ့တိုင်ရှိနေပါသည်။

  ဘုန်းတော်ကြီး သီရိဝိသုဒ္ဓိဝံက ချင်းမိုင် ( Phra Sing ) တွင် ကျွန်တော့်ကိုပေးခဲ့ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓသည် တစ်နေရာမှ တစ်နေရာသို့သွားလာစဉ် အိန္ဒိယပြည် ဗြဟ္မဏနွယ်ဝင် တစ်ဦးက ရောက်ရှိလာပြီး အောက်ပါအတိုင်းမေးခဲ့လေသည်။
      ``အဘယ်ကဲ့သို့သော တရားရှုမှတ်ခြင်း၊ တောခိုခြင်း၊ ဥပုဒ်စောင့်ခြင်း၊ ပေးလှူခြင်းအားဖြင့် လူသည် ( သို့ )  ဗြဟ္မာတို့သည် အပြစ်တရားမှ လွတ်နိုင်အံ့နည်း? ``
ဂေါတမက-
      ``အလှူဒါနပြု၍၊ ငါးပါးသီလ၊ ရှစ်ပါးသီလတို့ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံ၍ ၂၂၈ သွယ်သော ၀ိနည်းကို နိုင်သည်သာမက ဗုဒ္ဓဘာသာဝင်စင်စစ် ထူးကဲ့လှစွာ လက်အုပ်ချီရာတွင် ထောင်သောင်းမကသော အကြိမ်ဖြင့် တစ်ရက်ကို ငါးကြိမ် ရှုမှတ်သော်လည်း ဆံခြည်၏ ရှစ်စိတ်မျသော အကျိုးတရားကို မရနိုင်ရာ။ ထိုမျှမက မိခင်ဝမ်းမှာ ရှိသော သန္ဓေသားပင် လွတ်ရာတံခါးဝသို့ မချဉ်းကပ်နိုင်ရာ´´ ဟုဆိုသောအခါ ဗြဟ္မဏက
      `` ထိုသို့ဆိုပါက အကျွန်ုပ်တို့သည် မည်သို့ ကျွတ်လွတ်ရနိုင်ပါအံ့တော့နည်း? ´´
      ``လူတို့၏ အပြစ်သည် များပြားလှသည်၊ ကောင်းကင်ထက်မြင့်၍၊ မြေထုနှင့်အမျှနက်၏၊ ကောင်းကင် နတ်တစ်ပါးသည် ၁၈ လက်မခန့်ထူ၍ ကျစ်လစ်သိပ်သည်းသော ကျောက်တုံးကိုလာ၍  နှုးညံ့သော ဂွမ်းဖြင့် ညှင်သာစွာ လာရောက်ပွတ်တိုက်၏၊ ကျောက်တုံးသည် လုံးပါးပါး၍ ပျောက်ကွယ်ငြားက အပြစ်သည်ကား ပျောက်ကွယ်ငြားအံ့၊ ငါတို့သည် ကိုယ်တိုင်ပင်လျှင် သားမယား၊ စည်းစိမ်၊ လောဘ၊ ဒေါသ၊ မောဟတွေကို ပယ်၍ ဘုန်းကြီးဖြစ်လာကာ ကိုယ်ကျင့်တရားတွင် စံပြဖြစ်သော်လည်း ၎င်းအတိုင်း ဘ၀အဆက်ဆက် ပြုသော်လည်း အပြစ်ငရဲမှ လွတ်ခြင်းငှါ မစွမ်းသာသေးချေ´´
      ``ထိုသို့ဆိုပါက ကျွန်ုပ်တို့ကား အဘယ်သို့လွတ်နိုင်ပါအံ့နည်း? ´´
      `` သင်သည် အလှူအတန်းကိုပြု၍ နောက်ကြွလာလတံ့သော ကယ်တင်ရှင်ကို စောင့်မျှော်ခြင်းက သင့်အတွက် သင့်တော်ပေလိမ့်မည်၊ သူ၏အမည်ကား အရိမေတ္တယျ ( ရန်သူဖြစ်လျှက်ပင် မေတ္တာထား သောဘုရား ) ဘုရားဟူ၍ခေါ်ပြီး ထိုကယ်ချွတ်ရှင်ဘုရားသည် ငါမရှိမှီရှိ၍ ငါ့နောက်ကြွလာပေလိမ့်မည်´´
      `` ထိုဘုရားအား အဘယ်သို့သော နိမိတ်လက္ခဏာအားဖြင့် သိနိုင်ပါအံ့နည်း?´´
      ``လောကတစ်ခွင်လုံးကို ကယ်တင်ရန်ကြွလာမည့် အရှင်၏ လက်တွင်၎င်း၊ ခြေတွင်၎င်း သံချက်ရာကို တွေ့ရလိမ့်မည်၊ နံဘေးတော်တွင်လည်း ထိုးနှက်ခြင်းကိုခံရ၍ ခေါင်းတော်တွင်လည်း ဆူးဦးရစ်ကို ဆောင်လိမ့်မည်၊ ထိုအရာကို သင်သည်မြင်တွေ့သောအခါ ထိုအရှင်သည် လူသားအားလုံးတို့အား သံသရာ ၀ဲဂယက်မှ လွတ်မြောက်စေမည့် မဂ္ဂင်ဖေါင်ကူးတိုးပင်ဖြစ်လေသည်။ သင်သည် ရတနာသုံးပါးကို တွေ့မြင် ရမည်၊ လမ်းဟောင်းကို မလိုက်လေနှင့် သံသရာမှ လွတ်နိုင်မည်မဟုတ်။ လမ်းဟောင်းကိုစွန့်ပယ်၍ အထက်အရပ်မှ ၀ိညာဉ်တော်သည် မီးသဖွယ်သင့်နှလုံးတွင် ၀င်ရောက်၍  ထာဝရကာလတိုင်အောင် အို၊ နာ၊ သေခြင်းကင်းရာ လမ်းသို့ပို့ဆောင်ပေးလိုက်မည်´´ ဟူ၍ ဖြေဆိုထားလေသည်။

      အောက်ဖေါ်ပြပါ  လင်္ကာသည် အနာဂတ၀ံကျမ်းမှ ဖွဲ့ဆိုထားခြင်းပင်ဖြစ်သည်။

      ``အကျွန်ုပ်တို့ပြောသော ကယ်တင်ရှင်သည် ၀တ်ဖြူစင်ကြယ်ဖြင့်
      ကြယ်စင်နှင့်အမျှ ထွန်းတောက်တော်မူ၏
      ရွှေမဂ္ဂင်ဖေါင်သဖွယ် ဆင်းကြွတော်မူ၍
      နန်းအမတကို ပို့ဆောင်တော်မူလတံ့
      အမည်နာမသည်ကား  ရန်သူဖြစ်လျှက်ပင် မေတ္တာထားသောဘုရားမည်၏
      ထိုအရှင်ကို လျှစ်လျှူမရှုဘဲ ကိုးကွယ်ဆည်းကပ်ကြကုန်အံ့´´

ဗုဒ္ဓဂေါတမ၏ အနာဂတ၀ံ စကားများနှင့် ခရစ်တော်၏ သက်တော်စဉ်ကို ချိန်ထိုးသောအခါတွင် အောက်ပါအတိုင်း ကျွန်ုပ်အဆုံးတိုင်ခဲ့လေသည်။
      ဂေါတမနှင့် ဗြဟ္မဏတို့အမေးအဖြေကား အလွန်တရာမှပင် အရေးပါလှသော မဂ္ဂင်ရှစ်ပါးသို့ဦးဆောင်ညွှန်ပြနေမှန်း သိသာလှပေသည်။ 

၁။ လောကီသားတိုင်း အပြစ်မှ လွတ်မြောက်ရန်လို။
      ဗြဟ္မဏကသူ၏ ဆန္ဒရှိသည့်အတိုင်း ဂေါတမနှင့် ဆွေးနွေးခဲ့ကြခြင်းက ကျွန်ုပ်ကို အဖိုးထိုက်သော သင်္ခန်းစာကို ရစေခဲ့သည်။ ထိုအရာကား လူမျိုးရေး၊ ဘာသာရေးခွဲခြားခြင်းမရှိ၊ နာမ်အသိစိတ်ဖြင့် လူတိုင်းသည် အပြစ်ဆိုသော ၀ဲသြဃမှ လွတ်မြောက်လိုကြခြင်းပင်ဖြစ်သည်
      လူပေါင်းမြောက်များစွာက ကိုးကွယ်ယုံကြည်မှု၏ အန္တိမပန်းတိုင်မသိရှိကြ ဘိုးစဉ်ဘောင်ဆက် ရိုးရာ ဓလေ့တို့နှင့်အညီ ဖာသိဖာသာမျက်ကန်း သဘောဖြင့် ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။ အမှန်တကယ် မိမိတို့၏ လိုအပ်နေချက်များကိုလည်း ကောင်းစွာနားမလည်ကြ ထို့ကြောင့်လည်း ဗုဒ္ဓပြောခဲ့သလို အကျွတ်တရားလမ်းကယ်တင်ရှင်ကိုလည်း စိတ်မ၀င်စားကြခြင်းပင်ဖြစ်သည်။
      ဗြဟ္မဏလိုလူမျိုး မိမိ၏နောင်တမလွန် အကျွတ်တရားလမ်းသို့ သိလို၍ မိမိ၏ ဘ၀အမှန်နှင့် အန္တိမ ပန်းတိုင်ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိသူ မည်သူမဆိုကြုံဆုံလာမည့်အဟန့်အတား ( မာရ်နတ်မင်း ၏ တားဆီးမှု ) များအားရင်ဆိုင်ကျော်လွားကာ အကျွတ်တရားလမ်းစဉ်ကို ရှာဖွေကိုပေတော့မည်။ 
 
၂။ ကုသိုလ်တပဲ ငရဲတပိဿာ။
      ဗြဟ္မဏာ၏ အမေးဖြစ်သော ``အဘယ်ကဲ့သို့သော တရားကိုရှုမှတ်ခြင်း၊ တောခိုခြင်း၊ ဥပုဒ်စောင့်ခြင်း အားဖြင့် မိမိဘ၀ကို အပြစ်တရားမှ ကင်းလွတ်ရပါအံ့နည်း? ´´ အထက်ပါမေးခွန်းသည် မေးသင့်သော မေးခွန်းဖြစ်၍ လူသားတိုင်း မေးသင့်လှသော စန်းစစ်သင့်သောအရာပင်ဖြစ်သည်။ ဗုဒ္ဓက ထိုမေးခွန်းအတွက် အဖြေစကားကို သုံးခွန်းပေးခဲ့လေသည်။
      ( ၁ ) အပြစ်ကြီးလေးမှု။
      ( ၂ ) အပြစ်နှင့် ကိုယ်ကျင့်တရားကို ကွဲပြားစွာပြောဆိုခြင်း။
      ( ၃ ) အပြစ်ကိုဖယ်ရှားရန်နည်းစနစ်။
            အပြစ်နှင့်ပါတ်သက်၍ ဗုဒ္ဓက ``အပြစ်သည် မိုးထက်မြင့်၍ မြေကြီးထက်နက်၏´´ ဆိုသော အရာသည် မည်သည့်အရာနှင့်မဆို နှိုင်းယှဉ်၍ မရနိုင်ကြောင်း ပြောဆိုခြင်းပင်ဖြစ်သည်။ အဆိုပါစကား သည် အကြွင်းမဲ့ သစ္စာစကားဖြစ်သည် လူသားတို့၏ ကိုးကွယ်ရာဖြစ်သော ဘုရားရှင်၏ စကားတော်အား နားမထောင်ခြင်းနှင့် ထိုအရှင်အစား ရုပ်တုဆင်းတုတို့ကို ပြုလုပ်ကိုးကွယ် ချီးမြောက်ခြင်းတို့သည် လူသားတို့၏ မဟာအမှားပင်ဖြစ်သော ပြစ်မှားခြင်းပင်ဖြစ်သည် ( ရောမ ၁း၂၁ )။
      လူသည် စာတန်မာရ်နတ်အားနာခံ ကိုးကွယ်ခြင်းဖြင့် အပြစ်တရားစခဲ့သည် ( ကမ္ဘာဦး ၃း၁-၇ ) ၊ တဖန် ဖန်ဆင်းရှင်အစား ဖန်ဆင်းခံအရာများကို ကိုးကွယ်ခဲ့ကြသည် ( ရောမ ၁း၂၁-၂၅ )။ ထိုအရာတို့သည် ကြီးမားဆုံးသော ကံကြီးထိုက်စေသည့် အပြစ်ဖြစ်သောကြောင့်  အပြစ်တရားကို မပယ်ခွါနိုင်ဘဲ အပြစ်၏ အဖိုးအခအဖြစ် သေခြင်းတည်းဟူသော ရလာဒ်ကို ခံစားရခြင်းပင်ဖြစ်သည်။
      ဗုဒ္ဓက အပြစ်နှင့် ကိုယ်ကျင့်တရားကို ကောင်းစွာ ရှင်းပြခဲ့ပြီး `` အကုသလံ ကုသလံ´´ ဆိုသော စကားဖြင့် အပြစ်နှင့် ကင်းလွတ်သော ကောင်းသောအမှုကို ပြုသောသူမရှိကြောင်းဆိုခဲ့လေသည်။ ထို့ကြောင့် မည်သူမဆို မိမိ၏ ကိုယ်ကျင့်တရားအားဖြင့်  အကျွတ်တရားကို ရယူလိုသောသူတိုမည်သည် ဗုဒ္ဓ၏သွန်သင်ချက်နှင့် လားလားမှ မဆိုင်လွဲမှားနေသော ဒိဌိအယူမှားများပင်ဖြစ်သည်။ လူသည် အပြစ်တရားအား မည်သို့ မှ ပယ်သတ်နိုင်စွမ်းမရှိ၊ မိမိ၏ ဘာသာတရားနှင့် အဖွဲ့အစည်းတွင်လည်း မှီခိုကိုးစား၍ မရပါ၊ အကြောင်းမူကား `` ကောင်းကင်အောက် မြေကြီးပေါ်တွင် ထိုသခင်ယေရှုခရစ်၏ နာမတော်မှ တပါး အခြားကယ်တင်နိုင်သော အရှင်မရှိ´´ ( တမန်တော် ၄း၁၂ ) ဟု အတိအလင်း ဆိုထားပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓက သူ၏နောက်တွင် ပေါ်ထွန်းတော်မူမည့် ရန်သူဖြစ်လျှက်ပင် မေတ္တာထားသော ကယ်ချွတ်ရှင်ကို စောင့်မျှော်ရန် အနာဂတ္တိစကားများဖြင့် ကျွန်ုပ်တို့အား မှာကြားထား ခဲ့ခြင်းပင်ဖြစ်သည်။ 
 
၃။ ဗုဒ္ဓပြောသောကယ်ချွတ်ရှင်။
      သမ္မာကျမ်းစာတွင် ယောဟန် ၄း၂၅ တွင်ကြည့်ပါက ဗုဒ္ဓခေတ်တွင် အိန္ဒိယလူမျိုးများက ကယ်တင်ရှုကို မျှော်လင့်နေသကဲ့သို့ ဂျူးလူမျိုးတို့ကလည်း ကယ်တင်ရှင်ကို မျှော်လင့်စောင့်စားနေခဲ့ကြပါသည်။ အိန္ဒိယအနွယ်များနှင့် ဗုဒ္ဓဘာသာဝင်အားလုံးတို့က ဘုရားရှင်ကို၎င်း၊ ရှမာရိနှင့် ဂျူးတို့က၎င်း မေရှိယ ( ကယ်ချွတ်ရှင် ) ကိုမျှော်လင့်နေကြသည်မှာ တစ်ဆူတည်းသော ကယ်တင်ရှင် ယေရှုခရစ်တော်ဘုရားကိုပင် မျှော်လင့်စောင့်စားနေကြခြင်းပင်ဖြစ်သည်။ ကြွလာတော်မူမည့် `ဘုရားရှင်သည်´ ဗုဒ္ဓ၏ အနာဂတ္တိစကား နှင့် ထပ်တူ ခရစ်တော်၏ သက်တော်စဉ်တွင် လုံးဝဥဿုံ ပြည့်စုံစေခဲ့ပါသည်။
      ခရစ်တော်၏ ဒုက္ခရစရိယာကို ကြားနာရသည်တွင် ဗုဒ္ဓ၏ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက် နားလည်လာခဲ့ရသည်။ လက်ဖ၀ါးတော်နှင့် ခြေတော်အစုံတွင် သံမှိုစွဲခြင်းခံရမည်ဆိုသည့်အတိုင်း ခရစ်တော် အား လောကီအမိုက်သားတို့က ပြုခဲ့ကြပါသည်။  သောမက ``ငါသည် ခြေတော်နှင့် လက်တော်၊ နံဘေးတော်ရှိ ဒါဏ်ချက်ရာအား ကိုယ်တိုင် ကိုင်တွယ်ခြင်းမပြုရသ၍ မယုံ´´ ဟူ၍ ဆိုခဲ့သည် မဟုတ်ပါလား?။ ခရစ်တော်သည် အလုံပိတ်ထားသော အိမ်အတွင်းသို့ ကြွရောက်တော်မူလာပြီးလျှင် ``ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေ…… သောမသင်သည် ငါ၏လက်ခြေနှင့် နံဘေးတော်အား လာ၍ကြည်ရှုလော ယုံမှားခြင်းမရှိလင့် … ´´ ဟူ၍ မိန်တော်မူခဲ့လေသည် ( ယောဟန် ၂၀း ၂၅-၂၇ )။
      နံဘေးတော်တွင် လှံချက်ရာသည် အထင်အရှား၊ ရောမစစ်သည် တစ်ဦးက ထိုးဖေါက်ခဲ့သောအခါ နံဘေးတော်မှ အသွေးတော်နှင့် ရေသည် စီးကြတော်မူလေသည် ( ယောဟန် ၁၉း၃၄ )။ ဦးရစ်တော်ရှိ ဒါဏ်ချက်တော်တို့သည်ကား ဆူးရစ်သရဖူ၏ အကျိုးဆက်ကြောင့်ပင်ဖြစ်သည် ( မဿဲ ၂၇း၂၉ )။ ထို့အတူ ``ဤသူသည်ကား ယုဒလူတို့၏ ရှင်ဘုရင်ပေတည်း´´ ဆိုသော လှောင်ပြောင်ကဲ့ရဲ့ခြင်းပင် မဟုတ်လော (မဿဲ ၂၇း၃၅ )။ 
 
၎။ထိုအရှင်သည် မဂ္ဂင်ဖေါင်ကူးတိုးပင်ဖြစ်သည်။
      ၎င်းသည်ကား သံသရာဝဋ်ဆင်းရဲမှ လွတ်ငြိမ်းရာ ``ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏´´ ဆိုသော ခရစ်တော်ဘုရားပင်ဖြစ်သည်။ ``သင်တို့သည် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့် ဘုရားသခင်ကိုလည်း ယုံကြည်ကြလော၊ ငါ့ကိုလည်း ယုံကြည်ကြလော ငါ၏ အဖအိမ်၌ နေစရာ အခန်းများစွာရှိ၏၊ သင်တို့နေစရာအဘို့ပြင်ဆင်ခြင်းငှါ  ငါသွားရမည်၊ သို့မဟုတ်လျှင် မဟုတ်ကြောင်းငါပြောမည်…. ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏၊ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံတော်သို့ မရောက်ရာ´´ ဟူ၍ ခရစ်တော်ဘုရား မိန့်တော်မူခဲ့လေသည် ( ယောဟန် ၁၄း၁-၃၊၆ )။ ဘုရားရှင်ပြင်ဆင်ပေးသော မဂ္ဂင်ဖေါင်ကူးတိုးဖြင့် လူတို့သည် အကန့်အသတ်မရှိ တိုးဝင်ကာ အကျွတ်တရားလမ်း နန်းအမတကို တက်လှမ်းနိုင်ကြပေသည်။ 
 
၅။ မီးလျှံကဲ့သို့သော ဥပစ္ဇျာယ်ဆရာ နှလုံးတွင် ကိန်းဝပ်မည်။
      ၎င်းသည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ညွှန်းဆိုခြင်းဖြစ်သည်။ ``ငါ့ကိုချစ်လျှင် ငါ့ပညာတ်တို့ကို စောင့်ရှောက်ကြလော …  ခမည်းတော်သည် သမ္မာတရားကိုပြသော ၀ိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပစ္ဇျာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်´´ ( ယောဟန် ၁၄း၁၅-၁၆ )။ အထက်ပါ ကတိတော်နှင့်အညီ တပည့်သာဝကတို့သည် တည်ရှိနေရာ အထက်ခန်းမအတွင်းသို့ မီးလျှံသဖွယ် ဥပစ္ဇျာယ်ဆရာသည် ကြွဆင်းတော်မူခဲ့လေသည်။ 
 
၆။ ရတနာသုံးပါး အဖြစ်တော်ဘုရား။
      ၎င်းရတနာသုံးပါးသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ညွှန်းဆိုခြင်းပင် ဖြစ်သည် ၊ ( မဿဲ ၃း၁၃-၁၇ ) အထက်ပါကျမ်းစာတော်မြတ်တွင်ကား ``ထိုအခါယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော်မူ၏။ ယောဟန်ကလည်း၊ အကျွန်ုပ် သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည်အကြောင်း ရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော ဟု ယေရှုကိုဆီးတားလေ၏။ ယေရှုကလည်းအလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍၊  ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည်ဝန်ခံလေ၏။ ယေရှုသည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ဤသူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။´´ ဗျာဒိတ် ၄း၂-၃ တွင်လည်း `` ထိုအခါ ဝိညာဉ်တော်ကို ငါသည် ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာထိုင်သောသူ လည်းရှိ၏။ ထိုသူ၏အဆင်း အရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။´´ အတိအလင်းမိန့်မြွတ်ထားလေသည်။ 
 
၇။ အရိမေတ္တယျအဓိပ္ပါယ် ကယ်ချွတ်ရှင်။
      မေတ္တယျ အဓိပ္ပါယ်ကား မေတ္တာရှင်၊ ကရုဏာရှင်၊ ကျေးဇူးပြုသောအရှင်ပင်ဖြစ်သည်။ ဤလောကတွင် ခရစ်တော်ဘုရား၏ မေတ္တာ၊ ကရုဏာနှင့် ယှဉ်လောက်သော သူတစ်စုံတစ်ဦးမှ မရှိခဲ့ပါ။ ခရစ်တော်သည် လောကီသားတို့အား ကားတိုင်ပေါ်၌ အသက်တော်ကို စွန့်တော်မူသည့်တိုင်အောင် အပြစ်သားများ ဖြစ်ကြသော လောကီသားတို့အား ကရုဏာထားတော်မူခဲ့လေသည်။ ခရစ်တော်ဘုရား ယုံကြည်လက်ခံ သော သူတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရ အပြစ်စီရင်ခြင်းမှ လွတ်ကင်းလေသည် ( ယောဟန် ၃း၁၆၊ ၅း၂၄၊ ၁ ယော ၄း၇ )။ ထို့ကြောင့်လည်း ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏ ( ရောမ ၅း၈၊ ယောဟန် ၁၅း၁၃ )။ ကျွန်ုပ် ဗုဒ္ဓဘာသာတွင် ဘုရားနှင့်လူသည် ရန်ဘက်ဟူ၍ဖြစ်စရာ အကြောင်းလုံးဝမရှိပါလေ၊ သမ္မာကျမ်းစာတွင်ကား ဘုရားဖန်ဆင်းတော်မူခဲ့သောလူသည် နားမထောင်ခြင်းကြောင့် ဘုရားစာရေ၊ တရားစာရေသင့်ကာ အပြစ်သား၊ ရန်သူဘ၀သို့ ရောက်ခဲ့ရကြောင်းကို အတိအလင်းပင် ဆိုထားခဲ့လေ သည်။ ဖန်ဆင်းခံများဖြစ်သောကြောင့် ``ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင် ဖြစ်ကြလေ သည်´´ ဟုစာဆိုရှိခဲ့ကြခြင်းပင်ဖြစ်သည် 
 
၈။ ကောင်းကင်ဘုံလော၊ နိဗ္ဗာန်လော?
      နှစ်ခုလုံးသည် သေသည်၏ အခြားတစ်ဖက်၌ ယုံကြည်ကြသော်လည်း နားလည်မှုခြင်းကား လုံးဝ မတူညီကြပါ။ ဗုဒ္ဓဘာသာတွင် အဓိပ္ပါယ်နှစ်မျိုးဖြင့် ယုံကြည်ကြပါသည်။ ၎င်းမှာ -
      ( ၁ ) လူသည် သေပြီးနောက်အရာခပ်သိမ်းချုပ်ငြိမ်းခြင်း။
      ( ၂ ) အို၊ နာ၊ သေခြင်းကင်းသော အန္တိမသုခချမ်းသာဘုံ ဟူ၍ဖြစ်သည်။
      ခရစ်ယာန်တို့၏ ယုံကြည်ချက်ကား ကောင်းကင်ဘုံသည် ဘုရားမြတ် စံပါယ်တော်မူရာဖြစ်ပြီး၊ ဘုရားအနွယ်ဝင် သူတော်စဉ်တို့သည် ထိုနေရာ၌ အန္တိမ သုခချမ်းသာကို ခံစားကြရမည်ဖြစ်သည်။ ကောင်းကင်ဘုံသည် ပိုင်ရှင်ရှိသောကြောင့် လူတို့သည် ကြိုက်ရာနည်းလမ်းဖြင့် သွား၍မရနိုင်ရာ၊ ချမှတ်ထားသော နည်းလမ်းဖြင့်သာ သွားရောက်နိုင်သည်။ ယေရှုခရစ်တော်ဘုရားက သွား၍ နေစရာအရပ် အခန်းများကို ပြင်ဆင်မည်ဟု မိန့်တော်မူသောပိုင်ရှင်ပင်ဖြစ်ပါသည် ( ယောဟန် ၁၄း၁-၃ )။ ထိုအတူ လမ်းခရီးလည်းဖြစ်တော်မူပါသည် ``ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏ ငါ့ကို အမှီမပြု လျှင် အဘယ်သူမျှ ခမည်းတော်ထံတော်သို့ မရောက်နိုင်´´ ( ယောဟန် ၁၄း၆ )။ ထိုနည်းတူ `` ကောင်းကင်နိုင်ငံတော်၏ တံခါးဝင်ပေါက်´´ ဖြစ်ကြောင်းလည်း ဆိုထားမိန့်တော်မူခဲ့လေသည် ( ယောဟန် ၁၀း၉-၁၀ ) `` ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်ဖြင့်ပြည့်စုံစေခြင်းငှါ လာသတည်း။ ´´။ 
      ကောင်းကင် သို့မဟုတ် နိဗ္ဗာန်သို့ ၀င်ရောက်ရာလမ်းသည် ခရစ်တော်ဘုရားမှ တစ်ပါး အခြားလမ်းခရီးမရှိကြောင်းကို ကျွန်တော် ကောင်းစွာသိမြင်လာရပါလေတော့သည်။

Thursday, March 25, 2010

ဗုဒ္ဓ၏အနာဂတ၀ံစကားတော်


``အရင်ကျသည် နောက်ကျသည်ကအရေးမကြီး၊ မည်သူမည်ဝါဖြစ်သည်နှင့် ရည်ရွယ်ချက်သည်သာအရေးကြီးသည့် ပဓါနဖြစ်သည်၊ ဂေါတမနှင့် ယေရှုခရစ်တော်ဘုရား၏ ရှုထောင့်နှစ်မျိုးလုံးတွင် ကွဲပြားခြားနားလှပေသည်´´
Inta Chanthavongsouk

၁။ဗုဒ္ဓကျမ်းဂန်မှစကားများ။

လများကုန်သည်နှင့်အမျ၊ ကျွန်တော် ဂေါတမ၏ စကားများကို လေ့လာနေလိုက် သမ္မာကျမ်းစာနှင့် ချိန်ထိုးလိုက်ဖြင့် ဗုဒ္ဓ၏ ( ၇ ) ကြိမ်မြောက်တည်းဖြတ်ခြင်း စာမျက်နှာ ၃၃၀ တွင် ဤသို့တွေ့ရလေသည်။
``ကြည့်ရှုလော အမျိုးသမီးတစ်ဦးသည် ရဟန်းမအဖြစ် ( သင်္ကန်းဝတ်) မရှိလာပါက၊ ဗုဒ္ဓဘာသာသည့် ၅၀၀၀ ကြာလိမ့်မည်၊ အကယ်၍ရှိလာပါက ၅၀၀ သာဖြစ်လိမ့်မည်၊ ဤကားငါ၏ သွန်သင်ချက်၏ အရှည်တည်တံ့ရာကာလဖြစ်လိမ့်မည်´´။
              ထို့နောက် ၂၃ ကြိမ်မြောက် စာမျက်နှာ ၃၈၉ တွင် ဂေါတမီအမည်ရှိသော အမျိုးသမီးသည် သာသနာ့ဘောင်ဝင်ရောက်ရန် ခွင့်တောင်းလေရာတွင် ခွင့်ပြုချက်ရ၍ သာသာနာ့ဘောင်သို့ဝင်ရောက်ခဲ့လေသည်။ ထို့ကြောင့် ဗုဒ္ဓ၏စကားတော်အရ သွန်သင်ချက်တို့သည် နှစ် ၅၀၀ သာတည်ရှိခဲ့လေသည်။
              သာသနာနှစ်နှင့် သက္ကရာဇ်ကို ချိန်ထိုးကြည့်ရာတွင် ဗုဒ္ဓ၏နောက်နှစ်ပေါင်း ၅၀၀ အကြာတွင် ခရစ်တော်မြတ်ဘုရားကြွလာတော်မူကြောင်းကို မြင်တွေ့ရခြင်းက အဘယ်မျှ ဆန်းကြယ်မှုနည်း။
ထို့အတူ တဘောင့်စကားလည်းရှိခဲ့၍ လူအသီးသီးတို့က သီဆိုကြသည်မှာ ``ဗုဒ္ဓကွယ်သွား၊ မေတ္တာဘုရား၊ ကြွမြန်း၍လာ၊ ကယ်မည်အမှန်´´ ဟူ၍ပင်ဖြစ်သည်။ ၎င်းတဘောင်စကားနှင့် ဗုဒ္ဓ၏ အနာဂတ္တိစကားအရ သာသနာနှစ် ၅၀၀ နောက်တွင် မေတ္တာတော်ရှင် ဘုရားပေါ်ထွန်းတော်မူမည်ဟူ၍ပင်ဖြစ်သည့်အတိုင်း ဘုရားရှင်က သားတော် ယေရှုခရစ်တော်ကိုစေလွတ်၍ လူ့ဇာတိကိုခံယူစေကာ လူတို့အားအပြစ်မှ ရွေးနှုတ်ကယ်တင်တော်မူခဲ့လေသည်။ အထက်ပါ အကြောင်းအရာတို့သည် တိုက်ဆိုင်မှုလား? ဘုရားမြတ်၏ အကြံအစည်တော်လား? စသည်တို့ကို သိမြင်တတ်ကြပါစေ။ လူမျိုးအပေါင်းတို့အတွက် သမ္မာကျမ်းစာတော်မြတ်က ဤစကြာဝဠာကို ဖန်ဆင်းတော်မူသော အရှင်ကစေလွတ်တော် အကြံအစည်တော်မြတ်ဖြစ်ကြောင်း ဖေါ်ပြထားခဲ့ပါသည်။
              ခရစ်တော်ဘုရားသည် လူ့ဇာတိကို ခံယူခဲ့ခြင်းမှာ လူသားတို့မျှော်လင့်စောင့်စားနေသည့်အတိုင်း မေတ္တာတော်ရှင်၊ ကယ်ချွတ်အရှင်ဖြစ်ကြောင်း ဘုရားမြတ်ကသိရှိစေပါသည်။ အဘယ်ကဲ့သို့သောအားဖြင့် ယေရှုခရစ်တော်ဘုရားကို ကျွန်ုပ်တို့ငြင်းပယ်၍ ဥပေက္ခာပြုနိုင်ပါအံ့နည်း။ ဗုဒ္ဓက သူ၏နောက်တွင် ကြွလာတော်မူမည့် မေတ္တာတော်ရှင်ဘုရားတည်ရှိကြောင်းနှင့် ထိုကယ်ချွတ်ရှင်ဖြစ်ကြောင်းကို ပေါ်လွင်စေခဲ့ပါသည်။ ထိုအချိန်က ခရစ်တော်ဘုရားအား ကယ်တင်ရှင်ဘုရားအဖြစ် လက်ခံယုံကြည်ခြင်းက ဗုဒ္ဓ၏အနာဂတ္တိစကားတော်ကို လက်ခံယုံကြည်ခြင်းနှင့် ထပ်တူထပ်မျှကျခဲ့လေသည်။
ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဂေါတမက အလင်းမရခင်မှာ သိဒ္ဓတ္ထအမည်ဖြင့်ဖြစ်ကြောင်း သင်ယူခဲ့ရလေသည်။ ဘီစီ ၅၄၃ တွင် သုဒ္ဓေါဓနနှင့်  မယ်တော်မဟာမာယာတို့၏ သားဖြစ်ပြီး အိန္ဒိယမြောက်ပိုင်း ကပိလ၀တ်ပြည်ရှင်ဘုရင်တို့မှ မွေးဖွားခဲ့သည်။ ထိုအချိန်က မိဘများတို့ ဟိန္ဒူဘာသာနှင့် ဘုရားအများကို ကိုးကွယ်ယုံကြည်၍ သံသရာကိုလည်း လက်ခံယုံကြည်ခဲ့ကြလေသည်။
              သိဒ္ဓတ္ထမင်းသားသည် အတတ်ပညာများကို သင်ယူတတ်မြောက်ပြီးသော်လည်း နိုင်ငံရေးထက် ဘ၀နောင်ရေးကိုသာစိတ်ဝင်စားခဲ့သည်။ အကြောင်းမှာ လူဆိုတာဘာလဲ? ဘယ်ကလဲ? ဘာကြောင့် ဤကမ္ဘာမှာရှိနေရသနည်း? ဘယ်ကိုသွားကြမည်နည်း? စသောအကြောင်းတရားတို့ကြောင့်ပင်ဖြစ်သည်။
              ထိုမေးခွန်းမျိုးကို ကျွန်တော်လည်း ခံစားခဲ့ရလေသည်။ သိဒ္ဓတ္ထသည် ထိုအဖြေများကို ရရန်အရေး ဟိန္ဒူဘာသာဆရာကြီးများထံတွင် သင်ကြားခြင်းများပြုခဲ့သော်လည်း ကျေနပ်လောက်သော အဖြေကိုမရရှိခဲ့ပေ။
              အသက် ၁၆ နှစ်တွင် ယသော်ဓယာ နှင့် လက်ထပ်ထိမ်းမြားပြီး၊ သားတော်ရာဟုလာနှင့် အခြားသော သားသမီးများကို ဖွားမြင်ခဲ့လေသည်။  သို့တိုင်အောင် သူသည် ဘ၀အတွက် အဖြေများကို ရှာကြံရန် လက်မလျှော့ခဲ့၊ အသက် ၂၉ နှစ်အရွယ်တွင် သမ္မာတရားကို ရှာဖွေရန် စည်းစိမ်ဥစ္စာ၊ သား၊ မယားတို့ကိုစွန့်ခွါ၍ ခြောက်နှစ်တိုင်တိုင် ရှာဖွေခဲ့လေသည်။ သမ္မာတရားအလင်းကို သိရှိလာပြီးနောက်တွင် ဗုဒ္ဓဘာသာတို့၏ ခေါင်းဆောင်ဖြစ်လာလေတော့သည်။

၂။အရင်ကျခြင်း၊ နောက်ကျခြင်း ဘယ်ကအရေးကြီးသနည်း?

ခရစ်တော်၏အကြောင်း သက်သေခံဝေငှရာတွင် ကျွန်ုပ်တို့အရပ်ဒေသ၌ မကြာမကြာကြားရသည်မေးခွန်းမှာ အထက်ပါအရာတွင် မည်သည်က အရေးပါသနည်း? အရင်ဦးသူလား? နောက်ကျသူလား? ဆိုသော အရာပင်ဖြစ်သည်။ တစ်စုံတစ်ဦးက -
              ``ဂေါတမက အရင်ကျတော့ သာ၍ကြီးမြတ်တယ်၊ သူကအလင်းကိုရရှိပြီး အနာဂတ္တိစကားကိုပြောကြားခဲ့တယ်၊ ဒါ့ကြောင့် သူသာပဓါန´´
              အခြားသူက-
              ``ယေရှုက နောက်မှကြွလာတယ် ဒါ့ကြောင့် သူကသာ၍ကြီးမြတ်တယ်`` ဟူသတည်း။
              သာ၍လေ့လာသည်နှင့်အမျှ ကျွန်ုပ်နားလည်လာရသည်ကား `နှစ်ဦးလုံးသည် ကောင်းသော်လည်း ဂုဏ်အင်္ဂါနှင့် ရည်ရွယ်ချက်တို့သည် လွန်စွာကွဲပြားခြားနားလှပေသည်၊ ၎င်းတို့မှာ-

ဗုဒ္ဓဂေါတမ                                                                                   
- သူမဖွားမီသူ့ကိုဘယ်ကလာသည်ကိုမသိရကြ။                           
-အိန္ဒိယဘုရင်တို့မှမွေးဖွား။                                                       
-လူသာမန်ဖြစ်၍ တရားကျင့်၍ဘုရားဖြစ်သည်ဟု လူတို့သတ်မှတ်။             
-မယ်တော်အိမ်မက်မှ သာမန်ဖွား။                                                       
-လူတို့အသွေးအသားဖြင့် သန္ဓေတည်။                                         
- နိမိတ်လက္ခဏာကြီးစွားမပြခဲ့။                                                                                                 
-ဇနီးမယးများရှိခဲ့။                                                                     
-တက်သားအဆိပ်တက်၍ အသက် ၈၀ တွင် ရည်ရွယ်ချက်မဲ့ဖြင့် ဆုံးပါးခဲ့ရ။
-ထာဝရသေခြင်း။
-သေပြီးနောက်ဘယ်ရောက်သည်ကို မည်သူမျမသိ။
-သူ၏လက်ရှိကိုမည်သူမျှ မသိ။
-ဘယ်သောအခါမှ ပြန်လာနိုင်မည်မဟုတ်။             

ယေရှုခရစ်တော်
-ဘုရားဖြစ်၍၊ ဖန်ဆင်းရှင်ဖြစ်တော်မူသည်။
-အစ္စရေးဘုရင်အနွယ်တို့မှ ၀ိညာဉ်တော်ဖြင့်ဖွား။
- ထာဝရဘုရားဖြစ်၍ ကယ်တင်အံ့သောငှါကြွလာ။
-ဘုရားအကြံတော်မြတ်အတိုင်းပြည့်စုံလာသူ။
-သွေးသားမပါ ၀ိညာဉ်တော်ဖြင့်ဖွား။
- သာမန်လူတို့ကဲ့သို့ပညာသင်ယူခဲ့ရ။
-ကြီးစွာသော နိမိတ်လက္ခဏာပြခဲ့။
-ဥာဏ်ပညာတို့၏အရှင်ဖြစ်သည်။
-ဇနီးသားမယားမရှိခဲ့။
- သက်တော် ၃၃  တွင် ကားစင်ထက်တွင် အပြစ်တရားအတွက် အသက်စွန့်လှူပူဇော်ရင်း အသက်စွန့်တော်မူခဲ့။
-အနာဂတ္တိစကားအတိုင် သေခြင်းမှ အောင်မြင်တော်မူခဲ့။
-ရက်လေးဆယ် ကိုယ်ထင်ရှားပြသခဲ့၍ ကောင်းကင်ဘုံသို့ချီဆောင်ခြင်းခံရာမျက်မြင်သက်သေရှိခဲ့။
-ခမည်းတော်လင်္ကျာဘက်တွင် ကျွန်ုပ်တို့အတွက် ကိုယ်စားပြုပေးနေသည်။
- ပြန်ကြွလာ၍ တရားစီရင်အုပ်စိုးတော်မူမည်။

အထက်ပါကွဲပြားခြားနားသော ဆယ့်သုံးချက်က သိဒ္ဓတ္ထနှင့် ခရစ်တော်ယေရှုဘုရား၏ သဘောသဘာဝကို ကွဲကွဲပြားပြားသိမြင်စေပါသည်။ ထိုကြောင့် အရင်ကျသည် နောက်ကျသည် ဆိုသည်တို့သည် အဓိကမကျ ဂုဏ်ရည်နှင့် ကြွလာခြင်းပန်းတိုင်သာ အဓိကကျ၍ အရေးပါလှပေသည်။

ဗုဒ္ဓဂေါတမသည် သမ္မာတရားကို ရှာဖွေသူ။
ယေရှုခရစ်က `ငါသည်သမ္မာတရားဖြစ်၏´ ဟုမိန့်တော်မူသောအရှင်ဖြစ်သည်။ ယောဟန် ၁၄း၆၊ ၅း၂၄။

Twitter Delicious Facebook Digg Stumbleupon Favorites More