“ပြောတိုင်းမယုံကြပါနှင့် ဦးစွာဆန်းစစ်လေ့လာပါ” သွန်သင်ချက်ကိုသိ၍ ယုံကြည်ခြင်းသည် မှန်သော ယုံကြည်ကိုးစားမှုနှင့် မှန်သောကိုးကွယ်သူဖြစ်၏၊ ပြောစကားကြောင့် မယုံကြည်ပါနှင့် ဦးစွာကိုယ်တိုင် ဆန်းစစ်လိုက်ပါ။
Inta Chanthavongsouk
ဗုဒ္ဓဘာသာ၏ ယုံကြည်မှု။
ဗုဒ္ဓ၏ အနာဂတ္တိစကားကို မပြောမှီ ချစ်သော ညီအကိုအား မိမိကိုယ်ကိုမိမိ ဆန်းစစ်စေလိုပါသည်။ ဘယ်လိုဗုဒ္ဓဘာသာလည်း? ဘယ်ကဲ့သို့သော ဘာသာဝင်လည်း? စစ်မှန်သော ဗုဒ္ဓဘာသာဝင်လား? မိရိုးဖလာ ဗုဒ္ဓဘာသာဝင်လား? ဘာတွေကွဲပြားမှုရှိနေပါသလည်း? ခေတ်အဆက်ဆက်မှ ယနေ့တိုင်လူအများစုက စစ်မှန်သော ကိုးကွယ်မှုထက် မိရိုးဖလာ ဗုဒ္ဓဘာသာ
ကိုးကွယ်သမှုပြုသူများသာဖြစ်လာကြသည်။ စစ်မှန်သော ယုံကြည်သူကား ဗုဒ္ဓ၏ သွန်သက်ချက်ကို အမှန်သိ၍ လက်တွေ့ကျင့်သုံးသောသူများပင်ဖြစ်သည်။ မိရိုးဖလာ ဗုဒ္ဓဘာသာများမှာကား လုံးလုံးနားမလည်၊ မျိုးရိုး ယဉ်ကျေးမှုအရ မျက်စိစုံမှိတ်ကာ ဆင်ကန်းတောတိုး ယုံကြည်၍ ဘာသာဝင်ဖြစ်လာကြခြင်းပင်ဖြစ်သည်။ ၎င်းတို့ကို မိရိုးဖလာ ဗုဒ္ဓဖာသာဝင်များဟူ၍ ခေါ်ပါသည်။ ခေတ်အဆက်ဆက်တွင် ကျွန်ုပ်တို့ အနွယ်ဝင်များက ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ပြီး၊ နတ်၊ ၀ိညာဉ်နှင့် ဟိန္ဒူဘာသာလမ်းစဉ်များကိုလည်း လက်ခံကျင့်သုံးခဲ့ကြလေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် စစ်မှန်သော ဗုဒ္ဓဘာသာလား? အမည်သာခံသော ဗုဒ္ဓဖာသာလား? ဆိုသည်ကို ဆန်းစစ်ရန်လိုအပ်လှသည်။
ခင်မင်လေးစာရပါသော အသင်သည် မိမိ၏ယုံကြည်ချက်ကို ရုပ်လုံးဖေါ်ကြည့်ပါက၊ အာရုံပြုကြည့်ပါက မိမိကိုယ်ကို ဆန်းစစ်ပြီး သမ္မာတရားဖြင့် ချိန်ထိုးကြည့်သင့်ပေပြီ၊ ထို့နောက်တွင်ကား ကျွန်ုပ်တို့နှင့်တကွ မိဘနွယ်ဝင်များတို့သည် အဘယ်သို့သောသူဆိုတာကို ရှင်းလင်းစွာသိမြင်လာပေလိမ့်မည်။
အဘယ့်ကြောင့် ရောနှောဗုဒ္ဓဘာသာ ဖြစ်ရသနည်း?
ကျွန်ုပ်လေ့လာဆန်းစစ်လေ့လာမိသလောက်နှင့် မှတ်သားသင်ယူလေ့လာသမျအားဖြင့် ရောနှောရခြင်း အကြောင်းတရားများကို အောက်ပါအတိုင်း တွေ့ရှိ့ရလေသည်။
၁။ အသိပညာနည်းခြင်း။
လူအများစုက ဘာသာတရားနှင့် ယုံကြည်ရာ၏ အန္တိမပန်းတိုင်းကို ရှင်းရှင်းလင်းလင်း နားမလည်ကြပါ။ ၎င်းတို့ကား ဘာသာတရားတိုင်းသည် ကောင်းရာလုပ်ရန် သွန်သင်ကြသောကြောင့် ကောင်းသည်ဟု တွေးထင်ထားကြသည်။ ယုံကြည်ကိုးကွယ်မှုသည် ထို့ထက် နက်နဲလှပါသည်။ ၎င်းဘုရားနှင့်လူ၊ သေခြင်းနှင့် ရှင်ခြင်း၊ အပါယ်ငရဲနှင့် ကျွတ်ရာလမ်း၊ လူတို့၏ ယခုဘ၀နှင့် နောင်ဘ၀တို့ကိ ဆက်နွယ်နေသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ကိုးစားမှုကို ပေါ့ပေါ့တန်တန်မပြုသင့်သလို၊ အလေးထားကာ ကိုယ်စိတ်နှလုံး သုံးပါးလုံးဖြင့် လေ့လာဆန်းစစ်ကာ ယုံကြည်ကိုးကွယ်သမှုပြုရန် လွန်စွာမှပင် သတိမူသင့်လှပေသည်။
၂။ လေ့လာမှုနည်းခြင်း။
အခြားအကြောင်းကား လေ့လာမှု အားနည်းခြင်းပင်ဖြစ်သည်။ သမ္မတရားကို အမှန်တကယ်လေ့လာသောသူကား လွန်စွာနည်းပါးသောကြောင့် သေချာ ဂဃနဏ သွန်သင် ဟောပြောနိုင်သူကား လွန်စွာနည်းပါးလှလေသည်။
မြောက်မြှားစွာသော ဘုန်းတော်ကြီးများက ဘာသာရေး ပွဲလမ်းသဘင်တွင် မည်သို့ လုပ်ဆောင်ရမည်ဆိုသည့်အရေးအတွက်သာလေ့လာ သင်ကြားကြသည်။ သမ္မာတရားကို ဆင့်ကမ်းရန်ကား စူးစမ်းလေ့လာခြင်း မရှိကြ။ ကျွန်တော်သည် ငယ်စဉ်ကပင် ဘုရားကျောင်းကန်များသို့သွားပြီး သာရေးနာရေးများကို အကြိမ်ကြိမ်သွားကာ ကမကထ ဦးဆောင်ဦးရွက်ပြုခဲ့ပါသည်။ သေချာစွ လေ့လာနားထောင်ရာတွင် အခမ်းအနား အစမှအဆုံး မသိသော ဘာသာစကားဖြင့်သာ ရွက်ဖတ်ခြင်းပြုသောကြောင့် ဘာပြော၍ ပြောနေမှန်းကို ကောင်းစွာ မသိရှိခဲ့ရပါ။ လာရောက်ကြသော လူထုကြီးကလည်း လက်ကလေးကိုချီကာ ပုံသေလိုက်ပြီး သာဓု ( အာမင်) ဆိုသော စကားကို အဆုံးသတ်ပြီထင်သောနေရာတွင် ဆိုကြလေသည်။ ပါဠိဘာသာဖြင့် ရေးသားထားသော ဗုဒ္ဓစာပေသည် ဆင်ခြင်ပွားများရန် အတွက်သာဖြစ်ပြီး နားလည်ရန်ကား လွန်စွာ အားထုတ်ခြင်းကိုပြုရန်လိုအပ်လှလေသည်။
၃။ သမ္မာတရားကို လက်ခံရန် ရဲရင့်မှုမရှိခြင်း။
ဗုဒ္ဓဘာသာတွင် သာရေး၊ နာရေး ပွဲလမ်းသဘင်ပြုလေရာ၌ သွန်သင်ချက်အတိုင်း လိုက်နာခြင်းများ မကြာမကြာ ချိုးဖောက်တတ်ကြပါသည်။ ၎င်းကား လူမှုရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု စသည်တို့ဖြင့် ရောနှောထားခြင်းကြောင့်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ရိုးရာများဖြင့် ခေတ်အဆက်ဆက်က ပြုခဲ့သောကြောင့် ဘုရားလမ်းစဉ်အတိုင်းပင် ပြုပြင်ရန်လွန်စွာ ခက်ခဲလှလေသည်။
ယင်းကား အချို့သော ရဟန်းရှင်လူများက ဗုဒ္ဓဘာသာကျမ်းဂန်ကို နှံ့စပ်အောင်လေ့လာသူများရှိကောင်းရှိပေမည်။ သို့တိုင်အောင် အရိုးစွဲနေသော ရဟန်း၊ ရှင်၊ လူ များကို ကြောက်ကြရသောကြောင့် သူသိရှိခဲ့သော သမ္မတရားစစ်ကို ညွှန်ပြရန် ရဲဝံစွန့်စားရဲသော သတ္တိပြောင်ပြောင်မြောက်မြောက် မရှိခဲ့ကြ၊ ငြင်းဆန်မှုများကြုံရပြီး အဆုံး၌ သူ၏ အသက်ပင် ဆုံးရှုံးနိုင်သည်မဟုတ်ပါလော? ထို့ကြောင့်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သမ္မတရားစစ်ကို လက်ကိုင်ဆွဲခြင်း မပြုရဲကြပေ။ ရှုပ်ထွေးပွေလီနေသော မှားယွင်းမှုများဖြင့်သာ ပြည့်နှက်နေရခြင်းပင်ဖြစ်သည်။
၎။ အသစ်သော တရားကို မဖက်တွယ်ရဲခြင်း။
ဘာသာတရားကို ကိုးစားယုံကြည်သူမှန်သမျှတို့သည် အသစ်သော ပြုပြင်ပြောင်းလဲမှု၊ အသသစ်သော ခံယူချက်တို့ကို ၀န်ခံရန် လုံလောက်သော သူရသတ္တိနည်းပါးလှပေသည်။ အကယ်၍ တစ်စုံတစ်ဦးက ဗုဒ္ဓဘာသာမှ အသစ်သော ယုံကြည်ချက်သို့ ကူးပြောင်းသွားပါက၊ သို့ သက်ဝင်ယုံကြည်ကိုးကွယ်သွားပါက ထိုသူအား “အမျိုးဖျက်၊ သာသနာဖျက်၊ နိုင်ငံတော်ကို သစ္စာဖေါက်ဖျက်သူ” အဖြစ်သတ်မှတ်ကြခြင်းပင်ဖြစ်သည်။ ရှိရင်းစွဲမှ စစ်မှန်သော တစ်ဆူတည်းသော ဘုရားမြတ်ဖြစ်သော ခရစ်တော်အား လက်ခံယုံကြည်ကြသောသူများကိုလည်း “ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာ” ကိုသစ္စာဖေါက်သောသူများအဖြစ် ကဲ့ရဲ့ယိုးစွပ်ကာ ၀ိုင်းပယ်သမှုပြုကာ နိုင်လိုမင်းထက် ရှုတ်ချကြလေသည်။ ထိုသို့ခံကြရသောကြောင့် ကျွန်ုပ်တို့ အာရှတွင် ခရစ်တော်၏ ၀မ်းမြောက်ဖွယ်ရာ သတင်းတော်နှင့် ကယ်တင်ခြင်းကို သိကြားကြသော်လည်း မိမိဘ၀ကို ပုံအပ်၍ ကိုးစားသမှုပြုရန်ကား လွန်စွာ ခက်ခဲစေသောအရာပင်ဖြစ်သည်။ လူထု၏ ကဲ့ရဲ့ဝေဖန်မှုတို့ကို အမှုမထားပဲ သမ္မာတရားအတိုင်း လေ့လာရန် ဆန္ဒရှိသောသူမှုကား ယုံကြည်ကိုးစားမှု အပိုင်းကို နက်နဲစွာ သိရှိခွင်ရကြပေတော့မည်။
၅။ နိုင်ငံရေး ဖိနှိပ်မှု။
လူထုအား မျက်ကန်းယုံကြည်စေခြင်းတွင် နိုင်ငံရေးကလည်း အစိတ်အပိုင်းတစ်ခုအနေဖြင့်ရှိလေသည်။ အစိုးရသည် လူထု၏ ဘာသာရေးကို ကြိုးကိုင်နိုင်ပါက နိုင်ငံတော်၏ စီမံခန့်ခွဲရေးတွင် လွန်စွာ လွယ်ကူလှပေသည်။ ၎င်းသည် မှန်သောအရာဖြစ်ကြောင်းကို သမိုင်းကြောင်းကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။
၃၂၁ အေဒီတွင် ကိုးကွယ်မှုအမျိုးမျိုးတို့ဖြင့် အုပ်ချုပ်ရန်ခက်ခဲနေသော လာအိုလူထုအတွက် ရှင်ဘုရင် Fa Ngum က ဗုဒ္ဓဘာသာကို သယ်ဆောင်လာခံလေသည်။ ထိုအချိန်က လာအို လူထုသည် ရုက္ခစိုး၊ အာကသစိုး၊ နတ်၊ သိကြားနှင့် ဘိုးဘွားတို့၏ ၀ိညာဉ်များ အစရှိသဖြင့် လက်လှမ်းမှီရာကို ကိုးကွယ်ကြလေသည်။ ထို့ကြောင့်လည်း လာအို ရှင်ဘုရင်က ကမ္ဘောဒီယားမှ ဘုန်းတော်ကြီးများကို ၀င်ရောက်ခွင့်ပြုကာ နိုင်ငံတော်၏ ဘာသာအဖြစ် သတ်မှတ်လိုက်လေသည်။
ထို့ကြောင့်လည်း လာအိုလူထု တရပ်လုံးသည် နိုင်ငံတော်ဘာသာဖြစ်သော ဖိအားဖြင့်၎င်း၊ အသိုင်းအ၀ိုင်းအားဖြင့်၎င်း အလိုလို ဗုဒ္ဓဘာသာဝင်များဖြစ်ကြရလေတော့သည်။ ယခုလည်း လူထုတို့သည် ဗုဒ္ဓဘာသာအကြောင်းကို၎င်း၊ ဗုဒ္ဓဂေါတမအကြောင်းကို၎င်း ဂဃနဏ နားလည်နိုင်ခြင်းမရှိဖြစ်ကြရလေသည်။
၆။ မာရ်နတ်၏ ပယောဂကြောင့်။
အဆုံးစွန်မှာကား ကျွန်ုပ်လေ့လာတွေ့ရှိမိသည့်အလျှောက် စာတန်မာရ်နတ်သည် ၎င်းအမှုကိစ္စကြီးငယ်အသွယ်သွယ်အတွက် ရှုပ်ထွေးစေသော အဓိက တရားခံပင်ဖြစ်လေသည်။ ဖာသိဖာသာ အကန်းယုံ ယုံကြည်ရခြင်းက စာတန်မာရ်နတ်အတွက် မဟာအခွင့်ထူးပင်ဖြစ်သည်။ မှားယွင်းသော ရိုးရာဓလေ့၊ ဘာသာတရားတို့တွင် ကျဉ်လယ်နေသော သူများကိုသူလွန်စွာနှစ်သက်ပြီး စစ်မှန်သော ဧကောဗုဒ္ဓေါ တစ်ဆူတည်းသောအရှင်၊ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်အား သိကြွမ်းစေခြင်းကိုကား နည်းလမ်းမျိုးစုံဖြင့် ဆီးတာခြင်းအမှုကိုပြုလေသည်။ အကြောင်းမှာ ခရစ်တော်ဘုရားက သူ၏နည်းပရိယာယ် အသွယ်သွယ်ကို သိမြင်တော်မူသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း လူသားတို့အား စစ်မှန်သော ဘုရားနှင့်ဝေးရန်အတွက် နည်းများစွာဖြင့် လှည့်စားကာ မှားယွင်းသော ကိုးကွယ်ခြင်း၊ မှားယွင်းသော ဘာသာတရားတို့မှ ကိုးကွယ်ခြင်း၊ ပူဇော်ခြင်း၊ ချီးမြောက်ခြင်းတို့ အားလုံးသည် စာတန်မာရ်နတ်ကိုသာ ကိုးကွယ်နေခြင်းပင်ဖြစ်သည်ကို လူထုတို့သည် မသိရှိကြရှာပေ။ အချို့ ဘာသာတရားတို့က စစ်မှန်သော ဘုရားအစား စာတန်မာရန်ကို ဘုရားအဖြစ် “ဘုရားတစ်ဆူ ဂူတစ်လုံး” အဖြစ်ဖြင့်ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း ရုပ်တုဆင်းတုတို့အား လူမြင်ကွင်းတွင်ထား၍ ကိုးကွယ်စေခြင်းဖြင့် သူ့တို့ကိုးကွယ်နေသော ဘုရားကို သူတို့မသိကြောင်းပြသနေခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် ဗုဒ္ဓဘာသာတွင် မြွေ၊ နဂါး၊ ခြင်္သေ့အရုပ်ကြီးငယ်များပြုပြီး ဘုရား၊ ကျောင်းကန်စသော လူမြင်ကွင်းတွင် အရုပ် ( တိရိစ္ဆာန်) မျိုးစုံထားကာ ကိုးကွယ် ၀တ်ပြုကြလေသည်။ သမ္မာကျမ်းစာက ၎င်းတို့သည် စာတန်မာရ်နတ်ကို ကိုယ်စားပြုကြောင်း အတိအလင်းမိန့်ဆိုထားလေသည်။ ဗုဒ္ဓဘာသာဝင် အများက ထိုအရာကို မသိပဲ ရုပ်တုဆင်းတုများကို ပြုလုပ်ကာ အနေကဇာတင်၍ အသက်သွင်းသည်ဟုဆိုကာ ယနေ့တိုင်အောင်ပင် ရုပ်တုဆင်းတုများကို ကိုးကွယ်နေကြလေသည်။ စာတန်မာရ်နတ်က သူတို့၏ ညာဏ်မျက်စိကို ကွယ်စေ၍ ဖြားယောင်းသွေးဆောင်ထားခြင်းပင်ဖြစ်သည်။
ယေရှုခရစ်တော်အား စစ်မှန်သော အရှင်ဘုရားမြတ်အဖြစ် သိရှိလက်ခံယုံကြည်သောသူတို့မှာကား စာတန်မာရ်နတ်သည် မည်သူမည်ဝါဖြစ်ကြောင်း ကောင်းကောင်းသိပြီး ( ယော ၁၀း၁၀ ) ကောင်းစွာပိုင်းခြားကာ ကြောက်ရွံ့ခြင်းမရှိပဲ မှားယွင်းသော လမ်းစဉ်ကို စွန့်လွတ်ကာ သက်ဝင်ယုံကြည်ကြခြင်းပင်ဖြစ်သည်။