Monday, February 22, 2010

ကမ္ဘာမိုးမြေကိုပြုပြင်စီရင်သောအရှင်မရှိဟူ၍ ယူသောသူတို့ကို ပြခြင်းအကြောင်း။

ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းသော၊ စီရင်ပြုပြင်သောအရှင်မရှိဟု ယူဆသော အယူဝါဒသည်၊ ယခုရှင်၊ လူ၊ ရဟန်းတို့သာလျှင် ယူဆကြသည်မဟုတ်။ ရှေးရှေး အထက်ကပင်၎င်း အယူကို ယူသောသူတို့အများရှိကြလေသည်။  ထိုကဲ့သို့သော အယူကို ပိဋကတ်ကပြဆိုသည်မှာ အဟေတုကဒိဌိဟူ၍ အင်္ဂုတ္တရအဌကထာ၊ အင်္ဂုတ္တရဧကနိပါတ်၊ မိစ္ဆာဒိဌိသုတ်အဖွင့်တွင် ပြဆိုသည်။ ပြဆိုသော ပါဠိကို ဖေါ်ပြဦးမည်။ ။ နတ္ထိအယံလောကော၊ နတ္ထိဟေတုကပစ္စယော၊ သတ္တနံဝိသုဒ္ဓိယာ၊ သံကိလေသာယ၊ အဟေတုက ဒိဌိယာနာမ။ ။မြန်မာလိုပြန်ရလျှင်။ ။အယံလောကော၊ ဤလောက၌၊ နတ္ထိ၊ ပြုပြင်စီရင်သောသူမရှိ။ သတ္တာနံ၊ သတ္တ၀ါတို့ကိုလည်း၊ သံကိလေသာယ၊ ပူပန်ဆင်းရဲစေခြင်းငှါ၎င်း။ ၀ိသုဒ္ဓိယာ၊ သန့်ရှင်းဖြူစင်စေခြင်းငှါ၎င်း၊ နတ္ထိဟေတုနတ္ထပစ္စယော၊ အကျိုးအကြောင်းတို့ကို ပြုပြင်စီရင်သောအရှင်မရှိဟု ယူခြင်းသည်။ အဟေတုကဒိဌိယာနာမ၊ အဟေတုကဒိဌိမည်ကုန်၏။ ။ အဓိပ္ပါယ်ကား ဤကမ္ဘာမိုးမြေနှင့် ခပ်သိမ်းသော လောကဓါတ်တို့ကို ပြုပြင်စီရင်သော အရှင်မရှိဟု ယူခြင်း၊ ထိုလောကဓါတ်ပေါ်၌ ရှိသော သတ္တ၀ါပုဂ္ဂိုလ်တို့ကို ညစ်ညူးစေခြင်းငှါ၎င်း၊ သန့်ရှင်းစေခြင်းငှါ၎င်း။ ပြုပြင်စီရင်သော အရှင်မရှိဟု ယူခြင်း။ ထိုကဲ့သို့သော ယူခြင်းကို အဟေတုကမိစ္ဆာဒိဌိဟူ၍ ခေါ်ဆိုသည်။ ဤကား ပိဋကတ်ကျမ်းလာ စကားတော်ပင်ဖြစ်သတည်း။

Twitter Delicious Facebook Digg Stumbleupon Favorites More