Monday, February 22, 2010

မှန်သောဘုရားနှင့် မှန်သောတရားတို့ကို လူတို့မမြင်ရန်ကွယ်စေသောအရာ။

   ပရမတ္ထနိယာမဖြစ်တော်မူသော လောကုတ္တရာ၏ ဘုရင် ထာဝရမြတ်စွာဘုရားသခင်ကို၊ လူတို့သည် မမြင်မသိနိုင်အောင်၊ အဘယ်အရာအားဖြင့် ကွယ်ကာ၍နေပါသနည်းဆိုလျှင်၊ သမုတိပညာတ်အားဖြင့် လူတို့ခေါ်ဝေါ်သမုတ်အပ်သော ရုပ်ဘုရားအပေါင်းတို့နှင့် မာရ်နတ်သည် ကွယ်ကာထားသောကြောင့် မမြင်နိုင်အောင်ဖြစ်သတည်း။ ၎င်းရုပ်ဘုရား အပေါင်းတို့ကို ဖယ်ရှားစွန့်ပစ်၍၊ ဥာဏစက္ခုဖြင့် ကြည့်ရှုလျှင်၊ လူတို့ကို အပါယ်ငရဲဘေးမှ ကယ်လွတ်တော်မူသော ဘုရားကိုမြင်ပေလိမ့်မည်။ လူတို့ကို အပါယ်ငရဲဘေးမှ ကွယ်လွတ်တော်မူသော နိယာမဓမ္မ ဖြစ်တော်မူသော ဧ၀ံဂေလိ ၀မ်းမြောက်ဖွယ်ရာဖြစ်သော မင်္ဂလာတရားကို ၊ အဘယ်အရာအားဖြင့် ကွယ်ပါသနည်းဆိုသော်၊ လူအပေါင်းတို့ကို အပါယ်ငရဲ၌ နစ်မြုပ်သေစေအောင်၊ မာရ်နတ်သည် သုတ်ဝတ္ထုနိပါတ်ပညာတ်တရားတို့နှင့် ကွယ်ကာထားသောကြောင့်၊ မမြင်နိုင်အောင်ဖြစ်လေသည်။ ၎င်းသုတ်ဝတ္ထုနိပါတ်ပညာတ်တရားတို့ကို ဖယ်ရှားစွန့်ပယ်၍ကြည့်လျှင်၊နိယာမဓမ္မပရမတ္ထဖြစ်သော ဧ၀ံဂေလိဝမ်းမြောက်ဖွယ်၊ အပါယ်ငရဲမှ ကယ်လွတ်နိုင်သော မင်္ဂလာတရားစစ်ကို မြင်ပေလိမ့်မည်။ လူတို့၏ အတွင်းစိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေအောင် ပြုပြင်တော်မူသော ၀ိညာဉ်တော်အတွင်း ပရမတ္ထသံဃာကို လူတို့မမြင်နိုင်အောင်၊ အဘယ်အရာများက ကွယ်ကာပါသနည်းဆိုသော်။ လောဘ၊ ဒေါသ၊ မောဟနှင့်တကွ  တစ်ထောင့်ငါးရာ ကိလေသာတို့ဖြင့် ခြံရံလျှက်၊ ကာမစိတ် ၅၄ ပါးတို့နှင့်အပြည့်ရှိသည့် သမုတိ ပညာတ်ဖြစ်ကုန်သော ဘုန်းကြီး၊ ရဟန်းတို့နှင့်တကွ မာရ်နတ်သည် ကွယ်ကာ၍ ထားခြင်းအားဖြင့်၊ လူတို့မမြင်နိုင်အောင်ဖြစ်သတည်း။ ထို့ကြောင့် သမုတိ ပညာတ်ဖြစ်ကုန်သော ဘုန်းကြီး၊ ရဟန်းတို့ကို စွန့်ပစ်ဖယ်ရှား၍၊ ညာဏစက္ခုဖြင့် ကြည့်ရှုလျှင်၊ နိယာမ ပရမတ္ထဖြစ်သော သန့်ရှင်းတော်မူသော ၀ိညာဉ်တော်အတွင်း သံဃာကို မြင်ပေလိမ့်မည်။ ၀ိညာဉ်တော် သံဃာတော် အစစ်အမှန်တို့ကို၊ အယ်ပုဂ္ဂိုလ်တို့သာလျှင်၊ သိမြင်နိုင်သနည်းဆိုရပါလျှင်၊ သိနိုင်မြင်နိုင်သော ပုဂ္ဂိုလ်တို့ကို၊ ပိဋကတ်ပါဠိတော်၌ပြဆိုသည်မှာ။ ။ပစ္စသံဝေဒိတပ္ပေါဝိညူဟိတိ။ ။ဟူ၍ပါဠိပြရှိသည်။ ၎င်းပါဠိကို မြန်မာဘာသာဖြင့် ပြန်ရပါလျှင်။ ပစ္စတံ၊ ထင်ရှားရှိသော တရားကို၊ ၀ိညူဟိ၊ ပညာရှိတို့သည်။ ဝေဒိတပ္ပေါ၊ သိအပ်ကုန်၏ဟူ၍ ပြဆိုသောကြောင့်၊ ၎င်းပါဠိ၏ အဓိပ္ပါယ်မှာ။ ပရမတ္ထနိယာမဖြစ်တော်မူသော ထာဝရဘုရားကိုသော်လည်းကောင်း။ နိယာမဓမ္မဖြစ်တော်မူသော ဧ၀ံဂေလိ ၀မ်းမြောက်ဖွယ်ရာဖြစ်သော ကယ်တင်ခြင်း မင်္ဂလာတရားကိုသော်လည်းကောင်း။ လူတို့၏ စိတ်ကိုသန့်ရှင်းစင်ကြယ်စေအောင် ပြုပြင်တော်မူသော ပရမတ္ထ၀ိညာဉ်တော်အတွင်း သံဃာကို၎င်း၊ ညာဏစက္ခုကို အသုံးပြုသော လူပညာရှိတို့သည်သာလျှင် သိနိုင်၊ မြင်နိုင်အပ်သည်ဟူ၍ ဆိုလိုသတည်း။ ဤကား ကွယ်ကာထားသော အရာများကို ရှင်းလင်းစွာ ခြားနာအောင်ပြဆိုလိုက်ခြင်းပင်ဖြစ်သည်။
 

Twitter Delicious Facebook Digg Stumbleupon Favorites More