Friday, February 12, 2010

ရတနာ သုံးပါးကို ယုံကြည်ပါသည်ဘုရား!




ယနေ့ မြန်မာ လူမျိုး ( ကျွန်တော် အပါအ၀င် ) ရတနာ သုံးပါဟူသည် လူ့ဘ၀၏ အနှစ်သာရ အမွေအနှစ် ဘိုးဘေးတို့၏ ဆင့်ကမ်း အမွန်မြတ်ဆုံးသော "ရတနာ" စစ်ပင်ဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း ဂုဏ်ယူမဆုံး တပြုံးပြုံးဖြင့် ရတနာ စစ်ကို ရသော လူမျိုးများအဖြစ် ကမ္ဘာတွင် ၀င့်ကြွားကာ အောင်လံလွင့်ထူနေကြရပါသည်။

 ကျွန်တော် မြန်မာ ( ဗမာ) သည်လည်း ကျေးဇူးတော်ကြောင့် "တစ်ဆူတည်းသော ဘုရား " ဧကော ဗုဒ္ဓေါ ၊ " တစ်ခွန်းတည်းသော တရား "  ဧက၀ါစာ၊ "တစ်ပါးတည်းသော သံဃာ" ပရမတ္ထ သံဃာ ကို ယုံကြည် ကိုးကွယ်ခဲ့သလို ဆက်လက်၍လည်း ထိုရတနာ စစ်အား ကိုးကွယ်ဆည်းကပ်နေမည်သာမက။ သားစဉ်မြေးဆက်တိုင်အောင် ဤလောကတွင် တည်ရှိနေသ၍ အမြတ်တနိုးဖြင့် ကိုးကွယ်ဆည်းကပ် ခိုလှုံသွားမည်ကား "အာမဘန္တေ" ဟူသော ကတိစကားနှင့်အညီ အသက်ထက်ဆုံး ကိုးကွယ်နေပါမည်။

ဗုဒ္ဓံ = မြတ်စွာဘုရားကို ၊ သရဏံ = ကိုးကွယ်ရာဟူ၍ ၊ ဂစ္ဆာမိ = မှီဝဲဆည်းကပ်ပါ၏ဘုရား။

ဓမ္မံ = တရားတော်မြတ်ကို၊ သရဏံ = ကိုးကွယ်ရာဟူ၍ ၊ ဂစ္ဆာမိ = မှီဝဲဆည်းကပ်ပါ၏ဘုရား။

သံဃံ = သံဃာတော်မြတ်ကို၊ သရဏံ = ကိုးကွယ်ရာဟူ၍ ၊ ဂစ္ဆာမိ = မှီဝဲဆည်းကပ်ပါ၏ဘုရား။



ဆန်းလွင်သည် "ရတနာ သုံးပါးကို ယုံကြည် မီဝဲကိုးကွယ် ဆည်းကပ်လာသူ တစ်ယောက်အယောက်အကြောင်း" ဆို၍ စာအုပ်ထုတ်ခဲ့သလို ၊ ကျွန်ုပ်စာအုပ် ထုတ်မည် မဟုတ်သော်လည်း ထိုရတနာစစ်ကား ဤသို့ ဤနယ် ရှိသည် ဆိုသည်ကိုတော့ဖြင့် လောကီလူသားအခြင်းခြင်းအား လက်ဆင့်ကမ်းကာ ဝေမျှပေးကမ်းလိုသောကြောင့် ဤနေရာမှ ဝေမျှ ရေးသားရခြင်းဖြစ်ပါသည်။

လောကတွင် ထို "ရတနာ သုံးပါး " ကို မသိ၊ မကိုးကွယ် ၊ မရှိသောသူသည် မိစ္ဆာဒိဋ္ဌိ အယူရှိသူဟူ၍ ဆိုကြလေကုန်သတည်း။ ထိုနည်းတူ လောကတွင်  ရတနာချင်းတူသော်လည်း ရတနာ ထဲတွင် အတုအယောင် ထမင်းစား ကျောက်များလည်း ရောနှော ပါဝင်နေလေ့ရှိသည်ကိုလည်း မမေ့သင့်သောကြောင့် ဤနေရာမှ ကျွန်ုပ် သည် ရတနာ သုံးပါးကို ယုံကြည် မှီဝဲ ဆည်းကပ်ကိုးကွယ် သူဖြစ်ပါကြောင်း သက်သေခံ ရင်း စေတနာ အရင်းခံကာ ဖေါ်ပြလိုက်ရပါသည်။

ကျွန်တော် ဗမာလူမျိုးစစ် သေသည့်တိုင်အောင် "ရတနာစစ် သုံးပါး" အား ဦးဆွေးဆံမြေ့ မြေ၀ယ်မကျ ယုံကြည်ကိုးကွယ်သောကြောင့် မိစ္ဆာဒိဋ္ဌိမဖြစ် သမ္မာဒိဋ္ဌိ စစ်စစ်သာ ဖြစ်ပါကြောင်း ဆင့်ကမ်းကာ အသိပေး နှိုးဆော်အပ်ပါသည် အရိယာနွယ်ဝင် သူတော်စဉ် အပေါင်းတို့ ခင်များ။

               ထို့ကြောင့် ရတနာ သုံးပါး အကြောင်းအား ဆက်လက်၍ ဖတ်ရှုကာ ဘ၀အသက်တာတွင် နန်းအမတတိုင် တက်ရောက် နိုင်ကြပါစေသော်။

Twitter Delicious Facebook Digg Stumbleupon Favorites More