Saturday, January 30, 2010

ကောလာဟာလသုံးပါး။

၁။ ကောလာဟာလသုံးပါး။

       ကောလာဟာလ ဟူသည်ကား။ အုတ်အုတ်ကျက်ကျက်သော အသံဖြစ်လျှက်။ လောက၌ ကျော်စောနှင့်ခြင်းဖြစ်သတည်း။ အဘယ်သို့ဖြစ်နှင့်သနည်းဆိုသော်၊ လောကဗြူဟာ အမည်ရှိသော နတ်သားတို့သည် ဦးခေါင်းငိုက်ဆိုက် ဖြစ်ကုန်လျှက်၊ ဆံပင်ဖါးရား၊ ငိုသောမျက်နှာ ရှိကုန်လျှက်၊ နီသော အဝတ်ပုဆိုးတို့ကို ဝတ်ကုန်၍၊ မလှသောအသွင်အပြင်ကို ဆောင်ကုန်သည်ဖြစ်၍၊ လူတို့၏ လမ်းခရီး၌ သွားလာကုန်လျှက်၊ ဤသို့ဆိုကုန်၏၊အချင်းတို့ ဤနေ့မှစ၍ အနှစ်တသိန်းလွန်လျှင် ကမ္ဘာပျက်လတံ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မာစိုရ် တရားတို့ကိုပွားစေကုန်အံ့။ အမိ၊ အဘတို့ကို လုပ်ကျွေးကုန်ဟူ၍ြွေကးကြော်ကုန်း၏။ ထိုနည်းတူ၊ လောက၌ ဘုရားပွင့်တော်မူမည်ကို၎င်း၊ စကြာမင်းဖြစ်တော်မူမည်ကို၎င်း၊ ကောလာဟာလဖြစ်လျက် လောကဗြူဟာနတ်တို့သည်ြွေကးကြော်ကုန်း၏။

 

       ဝိသုဒ္ဓိမဂ်  အဘိညာဉ် နိဒ္ဒေသ စာမျက်နှာ ၂၂ ၌လာ၏။

       ၁။ ကပ္ပကောလဟာလ=ကမ္ဘာပျက်မည်ကို အနှစ်တသိန်းက အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။

       ၂။ ဗုဒ္ဓကောလဟာလ=ဘုရားဖြစ်မည်ကို အနှစ်တထောင်က အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။ ဗုဒ္ဓေါလောကေ ဥပ္ပဇ္ဈိဿတိ။

       ၃။ စကြာဝတ္တိ ကောလဟာလ=စကြာမင်းဖြစ်မည်ကို အနှစ်တရာက အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်း။


              ဤသုံးပါးသော ကောလဟာလတို့တွက် ၊ ဘုရားဖြစ်လတံ့ဟူသောြွေကးကြော်သံကို ကြား၍ နတ်အပေါင်းတို့သည် တုသိတာ နတ်ပြည်၌ရှိသော အလောင်းတော် နတ်သားအားသွား၍ တောင်ပန်ကြကုန်၏။


မှတ်ရန်။ ။ဤ၌ အသံနှင့် အမှန်ခြားနားစေရန် ပြောဆိုရန် ရှိပေသည်။ လောက၌ ဘုရားတည်းဟူသော အသံသည် ရှေးဦးစွာ ရောက်နှင့်သည်။ အမှန်ဘုရားသည် နောက်မှပေါ်လာသည်။ ထိုနည်းတူ မြန်မာပြည်၌လည်း နှစ်ပေါင်း ၂၀ဝ၀ ကျော်ကောလဟာလ ဖြစ်လျှက်ရှိနှင့်ပြီး၊ အမှန်ဘုရား ပေါ်လာလေပြီ။

 

Twitter Delicious Facebook Digg Stumbleupon Favorites More