ကိလေသာမာရန် မအောင်သည်ကိုပြခြင်း
ရှင်တော်ဂေါတမ သည်အသက် ၂၉ နှစ် ရှိသောအခါ၊ ယသော်ဒယာမင်းသ္မီးနှင့်၊ သားရာဟုလာကို စွန့်ပစ်၍၊ ဗြဟ္မဏတို့၏ ကျင့်စဉ်အတိုင်း တောထွက်၍၊ ဆရားကိုကျင့်လေ၏ အသက်၃၅ နှစ် ပြည့်သောအခါတွင် ဗြဟ္မဏတို့  ဘာသာတရားလမ်းကိုစွန့်၍၊ အသစ်သော တရားလမ်းကို မိမိဥာဏ်အားဖြင့် လူအပေါင်းတို့ကို ဟောလေ၏။ ထိုအခါ အများသောသူတို့သည်၊ သူ၏ဘက်သို့ ပါသွားလေတော့သည်၊ ထို့ကြောင့် သောဠသ ပြည်အနှံ့ အပြားဖြစ်၍၊ သူ၏ သာသနာသည် တည်ထွန်းလေ၏။၎င်းအချိုန်တွင်၊ သာဝတ္ထိပြည်၊ ပသေနဒီ ကောသလမင်းကြီးသား ၀ိဋဒူပနှင့်၊ ကပ္ပိလ၀တ်ပြည် ရှင်တော်ဂေါတမအမျိုး၊ မဟာနာမ်မင်းတို့သည် စစ်ဖြစ်ကြသောအခါ၊ စစ်ရှံး၍ သာကီဝင် အမျိုးအပေါင်းတို့ ကို၊ ၀ိဋဒူပသည်၊ ရက်စက်စွာ နှိုပ်စက် ညှင်းဆဲ သောကြောင့်၊ ပါတဠိပုတ် ပြည်မှစ၍၊ သီဟိုဠ်ကျွန်းးတိုင်
အောင်၊ တိမ်းရှောင် ထွက်ပြေးကြရလေသည်။ သို့သော်လည်း ဤနေရာတွင် ရှင်းရှင်းလင်းလင်း သေချာစေရန် အကြောင်းအရင်းကို ပြဆိုလိုသည်မှာ ရှင်တော်ဂေါတမသည် ကာမ ရာဂ သည် ယောင်္ကျား ယုတ်တို့၏ အကျင့်တရားဟု့ ဟောပြောသော်လည်း သူကိုယ်တိုင်ကား ဤ ကိလေသာမာရန်ကို မအောင်မြင်ခဲ့သည့်နည်းတူ သားသမီး အများအပြားပင် ရခဲ့လေသည်..
မှတ်ရန်။ ။ ( ၅ ) ယသောဓရာ အမှုးရှိသော မယားများ။
ယသောဓရာ အမှုးရှိသော မင်းသမီးအပေါင်းတွင်၊ ထင်ရှားသော မိဖုရားခေါင်ကြီး ၅ ပါးနှင့် သားတော် ငါးပါးတို့ကို ဟံသာဝတီတိုက်ထုတ်၊ ဗုဒ္ဓဝင်ဝတ္ထု၊ စာမျက်နှာ ၁၅၅ တွင် ဖေါ်ပြထားသည်မှာ အောက်ပါအတိုင်းပင်ဖြစ်လေသည်ကို ပြည်သူအများသိစေရန် ရေးသာတင်ပြလိုက်ပါသည်။
၁။ ယသောဓရာ နှင့် သားတော် ရာဟုလာ။
၂။ သုမိတ္တာ နှင့် သားတော် ပုတ္တ။
၃။ ကဉ္စန နှင့်သားတော် ဥပရောဂ။
၎။ မင်္ဂလ နှင့် သားတော် သင်္ဃာဝရ။
၅။ မလ္လိကာ နှင့် သားတော် ဇာတိဝရ။
၎င်းတို့ကို ဗုဒ္ဓဝင် အကျဉ်းချုပ်နှင့်ဒီဃနိကာယ် ကျမ်းတွင် ပါကြောင်း လမ်းညွန်ပြထားလေသည်။
အဘိသင်္ခါရာမာရန် မအောင်သည်ကို ပြခြင်း။
အသက်ရှစ်ဆယ် ၊ ၀ါတော် လေးဆယ့်ငါးနောက် အထက်ပါ မာရန်များအား မအောင်မြင်သည့်နောက်တွင်။ လောကသားများကဲ့သို့ သင်္ခါရ သဘောရှိသော သူများထဲမှ အပါအ၀င်ဖြစ်သော ရှင်တောဂေါတမသည် သေခြင်းတရားကို " သဗ္ဗေသတ္တကမ္မဿကာ" ဟုသော စကားကို ဟောကြားပြီးနောက် မလွန်ဆန်နိုင်သော ခန္ဓာနာမ်ရုပ်သည် သေခြင်းတရားကို ရင်ဆိုင်ရပြီးနောက် ပုတ်ပျက်ခြင်းတရားများနှင့် ရင်ဆိုင်ကာ အများနည်းတူ လှမ်းရလေတော့သည်တည်း…
ရှင်တော်ဂေါတမသည်ကိုယ်၏သေခြင်းတည်းဟူသော မစ္ဈုမာရ်ကိုမအောင်သည်ကိုပြခြင်းအကြောင်း။ ။
ရှင်ဂေါတမသည်။ အသက်ရှစ်ဆယ်ပြည့်သောအခါ၊ ပါဝါပြည်ကပန်းထိမ်သမားစုန္ဒလှုသောဝက်သားကိုဘုန်းပေးတော်မူသောအခါ၊ ပါစကတေဇောဓါတ်သည်မချေနိုင်သည်ဖြစ်၍ ပါဝါပြည်က၊ ကုဿန္နာရုံပြည်သို့အသွားလမ်းခရီးအကြားတွင်။ ၀မ်းသွန်ရောဂါဖြစ်သောအခါ၊ ညီတော်အာနန္ဒာအားမိန့်တော်မူသည်မှာ၊ ဟတွာဟုရုတုဒေါသာနံ၊ ဓါတ်ဥတုအဟာရတို့၊ ၀ိသမာ၊ မညီညွတ်သည်ဖြစ်၍၊ အကလ္လကော၊ မကျန်းမမာက၊ သွေဟိ၊ နက်ဖြန်ခါလည်း၊ ကိံရရေယ၊ အဘယ်မှာချမ်းသာရအံ့နည်း။ ။ဤသို့မိန့်မှာဟောကြားပြီးသောအခါ၊ ညီတော်အာနန္ဒနှင့် စုန္ဓ ရဟန်းတို့သည်။ လက်ဝဲ၊ လက်ကျာတွဲပြီးလျှင်။ ကုသိန္နာရုံပြည်၏အနောက်တောင်ထောင့်။ မလ္လာမင်းတို့၏အင်ကြင်းတောသို့ဝင်ပြီးလျှင်။ အင်ကြင်းနှစ်ပင်၏အကြား၌ မြောက်အရပ်သို့ခေါင်းပြု၍။ သက္ကရာဇ် တရာ့လေးဆယ်ရှစ်ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ညသံခေါင်းယံကျော်အချိန်တွင်။ ကွယ်လွန်ကြောင်းကို၊ ရှင်ဂေါတမမရှိသည့်နောက်။ နှစ်ပေါင်း ငါးရာကျော်ကြာမရေးသားသော ပရိနိဗ္ဗာနသုတ်၊ ဗုဒ္ဓ၀င်အဌကထာတို့၌ပြဆိုထားသောကြောင့်။ ရှင်ဂေါတမသည်။ ကိုယ်၏သေခြင်းတည်းဟူသော မစ္ဈုမာရ်ကိုမအောင်သည်ကိုသိရလေသည်။ ။ အဘိသင်္ခါရမာရ်ဆိုသည်မှာရှင်တော်ဂေါတမအဖို့လုံးလုံးအလျှင်းမအောင်မြင်ခဲ့ပါလေ။ ။
ရှင်ဂေါတမသည်သူတပါး၏သေခြင်းတည်းဟူသောမစ္ဈုမာရ်မအောင်သည်ကိုပြခြင်းအကြောင်း။
ရှင်ဂေါတမသည်၊ သာဝတ္ထိပြည်။ ဇေတ၀န်ကျောင်း၌နေစဉ်အခါ။ ကိသာဂေါတမီအမည်ရှိသောမိန်းမတရောက်သည်၊ မိမိ၌ရှိသောသားကလေးသေဆုံး၍၊ ထိုသားငယ်ကိုအလွန်ချစ်သောကြောင့်။ မိမိသားငယ်၏ခန္ဓာရုပ်ကျွန်းအားပိုက်ချီပြီးလျှင်၊ ငိုကြွေးမြည်တမ်းလျှက် ရှင်ဂေါတမသည။ သေသောသူကိုရှင်အောင်တတ်နိုင်လိမ့်မည်အထင်ဖြင့်၊ ရှင်ဂေါတမရှိရာ၊ ဇေတ၀န်ကျောင်းသို့ယူလာလေသည်၊ ထိုအကြောင်းအရာကိုရှင်တော်ဂေါတမသိလျှင်၊ သေသောသူကိုငါရှင်အောင်တတ်နိုင်သည်ဟုရုတ်တရက်မပြောဆိုဘဲ၊ သေသောသူကိုရှင်အောင်တတ်နိုင်လေဟန်ဖြင့်၊ ရှင်သောဆေးကိုပေးမည်၊ ယုံချို၊ လိပ်မွေး၊ ပုဇွန်သွေး၊ ခွေးလှေးတင်ပါးငါးကျပ်သားကိုရအောင်သာရှာပါလေဟု၊ ဆေးမှော်ရူးသွေးဝင်သူတို့ကိုခိုင်းနှိုင်းသောဥပမာကဲ့သို့။ ပရိယာယ်ညာဏ်ဖြင့်၊ ကိသာဂေါတမီအားပြောသည်မှာ၊ သင်၏သားငယ်ကိုရှင်စေလိုလျှင်။ သ၀တ္ထိပြည်တွင်းသို့သွား၍ လူမသေဘူးသောအိမ်မှ၊မုန့်ညှင်းစေ့တဆုပ်ရအောင်ရှာပါလေဟုခိုင်းသောအခါ၊ ကိသာဂေါတမီသည်လည်းသားငယ်ဇောဖြင့်၊ ရှင်စေလိုသောဆန္ဒကြောင့်၊ မိခင်မေတ္တာအားကြီးစွာဖြင့်၊ ရှင်ဂေါတမပြောသောစကားကိုမစဉ်းစားမဆင်ခြင်ဘဲဝမ်းသာအားရနှင့်၊ မြို့ တွင်းကိုးကုဋေ၊ မြို့ ပြင်ကိုးကုဋေ၊ အိမ်ခြေလူနေရှိသောသာဝတ္ထိပြည်ကြီးအတွင်းသို့ သွား၍၊ မုန့်ညှင်းစေ့တဆုပ်ကိုရှာလေ၏။ မသေသောသူ၏အိမ်မှ မုန့်ညှင်းတစေ့ကိုမျှမရသည့်အပြင်၊ သားသေသည့်အတွက်စိတ်ဒုက္ခဝေဒနာပေါ်မှာ၊ မုန့်ညှင်းစေ့ရှာရသည့်အတွက်၊ ကိုယ်ကယာပင်ပန်းခြင်းကိုသာထပ်၍ကြုံရလေသည်။ ရှင်ဂေါတမရှိရာ ဇေတ၀န်ကျောင်းသို့ပြန်ရောက်၍လျှောက်ထားသောအခါရှင်ဂေါတမ တရားပြသည်မှာ။ ဤလောက၌၊ ဘုံအားလုံးတွင် မြင်မြင်သမျှ အနိစ္စမို့၊ မရဏာဓူဝံ ငါသော်မှ မလွန်ဆန်နိုင်ဟူသောအခါ။ ကိသာဂေါတမီသည်လည်း။ သားငယ်အသေကောင်ကိုပစ်ထားလျှက်။ စိတ်နှစ်လုံးကိုယ်ကာယပင်ပန်းစွာဖြင့်သွားရလေသည်။ ၎င်းပြဆိုခဲ့သောအကြောင်းအရာတို့သည်။ ဓမ္မပဒ၀တ္ထုကျမ်းထွက်ဖြစ်၏။ ၎င်းဝတ္ထုကိုထောက်၍သူတပါး၏သေခြင်းတည်းဟူသော မစ္ဈုမာရ်ကိုမအောင်ကြောင်းရှင်းလင်းစွာသိရလေသည်။ ။
ရှင်တော်ဂေါတမသည်မိမိကိုယ်၌စွဲကပ်နေသော ဒုက္ခဝေဒနာခန္ဓမာရ်မအောင်သည်ကိုပြခြင်းအကြောင်း ။ ။
ရှင်တော်ဂေါတမသည်။ ဗိမ္မိသာရမင်းကြီးဆောက်လုပ်လှုဒါန်းသောဝေဠုဝန်ကျောင်းမှာနေစဉ်အခါ။ နောက်ပါတပည့်သံဃာနှင့်တကွ။ ရာဇဂြိုလ်ပြည်ဆွင်းသို့ဝင်၍ ဆွမ်းခံသောအခါ။ လမ်းခရီးအကြား၌၊ ယောက်ဖတော် ဒေ၀ဒတ်သည်။ ဂိဇ္ဈကုဋ်တောင်ပေါ်ကနေ၍ ကျောက်တလုံးနှင့်လှိမ့်ချသောအခါ။ ခြေမတော်ကွဲ၍ သွေးပြည်တည်သောဒုက္ခဝေဒနာကိုမခံမရပ်နိုင်၍ ဇီဝကဆရာကိုခေါ်ပြီးလျှင်။ ဆေးကုသမှုကိုရယူမှသာလျှင် ဝေဒနာမှသက်သာခြင်းအခွင့် ရလေသတည်း။ ၎င်းအပြင်လည်း၊ အသက်ရှည်သမျှကာလပါတ်လုံး ခဏခဏဦးခေါင်းတော်ကိုက်ခဲရခြင်း၊ ခါးတော်ခဏခဏနာခြင်း၊ ၀မ်းတော်ချုပ်၍ စမြင်းခံခြင်းအားဖြင့်၊ ဇီဝကဆရာခဏခဏ ၀မ်းကျဆေးတိုက်ရခြင်း၊ ရှင်တော်ဂေါတမကိုယ်တော်တိုင်က၊ ဖြစ်သမျှသောဝေဒနာအပေါင်းတို့ကို၊ ဇီဝကဆရာ၏ ဆေးတန်ခိုးအားဖြင့်ပါယ်ရှားရလေသည်။ ထို့ကြောင့်ရှင်ဂေါတမသည်မိမိ၏ကိုယ်ခန္ဓမာရ်ကိုမအောင်ကြောင်း ပိဋကတ်ကျမ်းကသက်သေခံလေသည်။ ။
ရှင်ဂေါတမသည် သူတပါး၏ ကိုယ်ကာယ၌စွဲကပ်သောဒုက္ခဝေဒနာ ခန္ဓာမာန်ရ်ကိုမအောင်ကြောင်းကိုဖြခြင်း။ ။
ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ်အခါ။ ဗိမ္မိသာရမင်းကြီး၏သားဖြစ်သော၊ အဇာတသတ်မင်းသားသည်။ ရှင်ဂေါတမ၏ယောက်ဖတော်ဖြစ်သော၊ ဒေ၀ဒတ်၏စကားကိုနားထောင်၍ ဖမည်းတော်ကိုနန်းကချပြီးလျှင်၊ ခြေဖ၀ါးတော်ကို ဓါးဖြင့်မွန်းပြီးလျှင်။ ဆားလူးမီးကင်စေ ဟုထောင်မှုးတို့အားပြုလုပ်စေပြီးသည်။ ထိုအခါ၊ ဗိမ္မိသာရမင်းကြီးသည်၊ အလွန်ပြင်းထန်စွာခံစား၊ နာကျဉ်ပါသောကြောင့်။ ရှင်ဂေါတမသည် တန်ခိုးတော်အားဖြင့် ကယ်မနိုင်လိမ့်မည်ဟုအထင်ဖြင့် အားကိုးအားထားပြု၍။ ကျယ်သောအသံဖြင့် ကယ်တော်မူပါဟူ၍ အော်ဟစ်သောအခါ၊ ရှင်တော်ဂေါတမ တပည့်တို့သည်ကြားလျှင်၊ ညီတော်အာနန္ဒာအားလျှောက်ထားစေသောအခါ၊ ရှင်တော်ဂေါတမကပြန်၍မိန့်တော်မူလေသည်မှာ။ ငါလည်းအိုခြင်း၊ နာခြင်း၊ သေခြင်း၊ စသည့်တရားတို့ကို မလွန်သာနိုင်သောကြောင့်၊ ထိုဓမ္မတာတရားလမ်းသို့ဝင်ရဦးမည်ဟု၊ ညီတော် အာနန္ဒာအားပြန်မိန့်တိုလေသည်။ ထို့ကြောင့် ရှင်တော်ဂေါတမသည် သူတပါး၏အပြင်ခန္ဓာမာရ်ကိုမအောင်ကြောင်းသိရလေသည်။ရှင်တော်ဂေါတမသည်ဒေ၀ပုတ္တမာရ်မအောင်သည်ကိုပြခြင်းအကြောင်း။ ။
ရှင်တော်ဂေါတမသည်၊ အသက်ရှစ်ဆယ်ပြည့်သောနှစ် သက္ကရာဇ် တရာ့လေးဆယ့် ရှစ်ခုနှစ်တွင်။ ဝေသာလီပြည်၏ အရှေ့မျက်နှာစပလစေတီအနီးသစ်ပင်ရိပ်၌ ထိုင်နေစဉ်။ မာရ်နတ်သည်လာ၍၊ ပရိနိဗ္ဗာန်ပြုတော်မူပါဟူ၍ အခွင့်တောင်းသောအခါ။ ကောင်းပြီငါသည် သင်အခွင့်တောင်းသည့်အတိုင်း၊ ဤလမှစ၍သုံးလလွန်လျှင်၊ ငါပရိနိဗ္ဗာန်ပြုမည်ဟု မာရ်နတ်၏အလိုသို့လိုက်ရလေ၏။ အဓိပ္ပါယ်တည့်တည့်ဆိုရပါလျှင်။ ရှင်ဂေါတမသည်။ မိမိအသက်ကိုမာရ်နတ်လက်သို့ အပ်ရချေသည်တကား၊ သူ၏အလိုအားဖြင့် အသက်တကမ္ဘာပါတ်လုံးနေထိုင်လိုသောဆန္ဒရှိသည်။ သို့သော်မာရ်နတ်ကို နောက်ကအခွင်းတောင်းထားသောအချိန်ကာလရောက်လာသောအခါ၊ ကာလစေ့သောအခါ၊ ထိုအတိုင်းသာအသက်ရှင်ရလေသည်။ အခွင့်တောင်းသောဒေသ၊ အရပ်ကိုဆိုရလျှင်၊ အသက်သုံးဆယ့်ငါးနှစ်ရှိစဉ်အခါ၊ အဇ္ဇပါလညောင်ပင်၊ သတ္တဌာနအရပ်တွင်၊ မာရ်နတ်အခွင်းတောင်းထားလေ၏၊ ယခုပြဆိုခဲ့သောအကြေင်းအရာတို့မှာ၊ ဗုဒ္ဓ၀င်အဌကထာ၏၊ ပရိနိဗ္ဗာနသုတ်အဖွင့်ကျမ်းတို့၌ပြဆိုသောကြောင့်သိရလေသည်။ ဤကား၊ ရှင်တော်ဂေါတမသည် ဒေ၀ပုတ္တမာရ်မအောင်ကြောင်းကိုပြခြင်းအကြေင်းပေတည်း။ ။