Friday, October 30, 2009

အပြစ်အကြီးအသေးခွဲခြားခြင်း

အပြစ်ကြီးသေး ခွဲခြားနည်း။

အင်္ဂုလိမာလက လူပေါင်း ၉၉၉ ယောက်၏ လက်ချောင်းများကို ရလိုသောကြောင့် သတ်ဖြတ်ပေမဲ့ ပါဏာတိပါတကံ မကျရောက်ရပဲ အကုသိုလ်တွေက အဟောသိကံ ( အချည်းနည်း) ဖြစ်၍ ကျွတ်တမ်းဝင်သွားရပေမဲ့၊ တခါတုန်းက ရဟန်းတော်တစ်ပါး အလွန်သီလစင်ကြယ်ပါသော်လည်း။ တစ်နေ့ လှေစီးပြီးအသွား လှေပေါ်ကနေ ပိန်းပင်ကလေးကို လက်နှင့်လှမ်းဆွဲလိုက်မိတာနဲ့ ပိန်းပင်ကလေးပြတ်သွားတဲ့ တောမှာနေ၍ အာပါတ်ဖြေခြင်း မပြုလိုက်ရသောကြောင့် ၊ သီလစင်ကြယ်ပေမဲ့ သေလွန်တော့ တိရိစ္ဆာန် နဂါးကြီးဖြစ်သွားရပါတယ်တဲ့ ( ရတနာမွန်၊ အတွဲ ၂၆၊ အမှတ် ၁)။ နောက်ပြီး သောရေယျ သူဌေးသား တဦးကတော့ အရှင်ကစ္စည်းကို အလွန်တရာ လှပလွန်းသောကြောင့် သူ့မယားကလေး ဖြစ်သွားရင်ကောင်းမှာပဲလို့ စိတ်ကူးကလေးယဉ်လိုက်တာနဲ့ ချက်ခြင်းပဲ ဘုန်းကံတွေ ပျောက်ကွယ်ပြီး မိန်းမ ဖြစ်သွားရပြန်ပါရော့တဲ့( ဣမေသု တာဝ ဒွီသု လိင်္ဂေသု ပုရိသလိင်္ဂံ ဥတ္တမံ၊ ဣတ္ထိလိင်္ဂိံ ဟီနံ ( ပါရာဇိကဏ် အဌကထာ၊ပထမပါရာဇိက၊ ၀ိနီတ၀တ္ထု၊ ၂၃၈)၊ ကဲ့ဒီလိုဆိုရင်တော့ အင်္ဂုလိမာလလို မကောင်းမှုတွေ တသီတတန်းကြီးပြုပြီး သေခါနီးမှ ဘာသာပြောင်းသွားတဲ့ သူကတောင် တသက်လုံး ဘာသာမှာ သီလစင်ကြယ်နေတဲ့ သူထက် အာမခံချက်တွေက ဘာကြောင့်ကွာခြားနေပါသလည်း ဆိုတာ၊ လုပ်ကြံထားတဲ့ ကျောက်ကွင်းအရေးတော်ပုံကို ရေးကြီးခွင်ကျက် ဇာချဲ့နေသောသူများအတွက် မေးလိုက်ပါရစေ၊ ဒီနေရာမှာ ကြံစည်ယုံဖြင့် အပြစ်ဖြစ်သူရှိ၏၊ လက်တွေ့လုပ်သော်လည်း အပြစ်၏ အကျိုးကို မခံစားရသူရှိ၏ ကောင်းစွာကြည့်မြင်တတ်ကြပါစေသော်။ အင်္ဂုလိမာလကိုတော့ဖြင့်ကား `အတ္ထိ ခေါ ပန မယာ ပါဏော အတိပါတော၊ ယာဝတကော ၀ါ တာဝကော ၀ါ´ ( ဂါမဏိ သံယုတ် ပါဠိတော်) ဟူ၍ဆိုကာ အပြစ်လွတ်ကင်းခွင့်ပေးလိုက်သည်ကိုကား အဘယ်သို့ မေးခွန်းမေးရမည်ကို မသိ ထာဝရ ဘုရားရှင်၏ လက်တွေ့ကျကျ အပြစ်ဖြေလွတ်ခြင်းကိုကား အလုပ်မရှိ ဟိုဟာ သန်းရှာဆိုသလို လုပ်လည်း လုပ်တတ်ကြပါပေ၏။

Twitter Delicious Facebook Digg Stumbleupon Favorites More