Friday, October 30, 2009

ပါရာဇိကကျခြင်းဟူသည်

ပါရာဇိက ကျခြင်းဟူသည်။

၁။ သိက္ခာမချဘဲ မေထုန်မှီဝဲသော ပုဂ္ဂိုလ်။

၂။ တစ်မတ်၊ တစ်မတ်ထက်များတဲ့ ပိုက်ဆံ၊ တစ်မတ်ထက်ပိုတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းကို ခိုးတဲ့ပုဂ္ဂိုလ်။

၃။ လူသတ်မိတဲ့ ပုဂ္ဂိုလ်။

၎။ ဈာန်သမာပါတ် မရဘဲနဲ့ လိမ်ညာသော ပုဂ္ဂိုလ်တို့ လူသေသည် သေပြီးမှ ပြန်မရှင်နိုင်သကဲ့သို့ ထိုသူတို့သည် သာသနာအသက်ထွက်သွားပြီးသော သူများဖြစ်၍ ဘယ်သောအခါမှ ရဟန္တာပြန်မဖြစ်နိုင်တော့ဟူ၍ ဆိုသောကြောင့်၊ အဘယ်သူသည် ဤလောက အပြစ်ငရဲထဲမှ အဘယ်သို့သော နည်းများဖြင့် လွတ်မြောက်ရာကို ရနိုင်သောသူ ရှိနိုင်ပါအံ့တော့နည်း။ယနေ့သော်ကား လူတို့၏ နည်းပရိယယ် အသွယ်သွယ်ဖြင့် အယောင်ဆောင်အချို့က လုပ်ဇာတ်ခင်းကာ ကနေကြသည့် အရာကို အမှန်ဧကန် ရှိသည်ဆိုငြားအံ့ ထိုသူသည် အလိမ်အညာတို့၏ ဘုရင်၊ အလိမ်အညာတို့၏ သခင်ပင်ဖြစ်ပေမည်ဖြစ်သောကြောင့် ကြည့်၍သာ ရှောင်ကြပါတော့။

ဤနေရာတွင် စစ်မှန်သော ဘုရားသာသနာမှ ထွက်ခွါသွားပြီးသော သူတို့သည် ဗုဒ္ဓကျမ်းဂန်အရ နှစ်ဖြာကွဲသွားပြီးသော ကျောက်နှင့် လည်ဆစ်က ပြတ်သွားသော ထန်းငုတ်တို့သည် ဘယ်သောအခါမှ ပြန်၍ အရင်လို မဖြစ်လာနိုင်သကဲ့သို့ အပြစ်နွံတွင်ကျဆင်း၍ ဘုရားသာသနာမှ ဝေးကွာနေသူတို့ကား ဘုရားနည်းလမ်းကို မရယူသ၍ ဖြေဆေးမရှိတော့ပါပေ။

Twitter Delicious Facebook Digg Stumbleupon Favorites More