Monday, October 5, 2009

၈၄၀၀၀ မဖြစ်နိုင်ပေါင်

ရာဟုလို့ခေါ်တဲ့ အသရိန်နတ်ကြီးဟာ အလွန်ကြီးမားပါတယ်။ သူ့အရပ်က ယူဇနာ ရှစ်သောင်းလေးထောင် ရှိတယ်လို့ဆိုပါတယ်၊ သူဟာဘုရားရှင်ရဲ့ ဂုဏ်သတင်းတွေ ကြားရတော့ ဖူးမြော်ချင်ပေမဲ့ လူသားဖြစ်တဲ့ ဘုရားကို ငါသွားဖူးရင် ငုံပြီးဖူးနေရလိမ့်မယ်၊ သွားဖူးလို့မဖြစ်ပါဘူးဆိုပြီး နေလိုက်ရာက ဘုရားရှင်ရဲ့ ဂုဏ်သတင်းတွေ ထပ်ကာထပ်ကာ ကြားရပြန်တဲ့အခါ၊ ဖြစ်သလိုပဲ သွားဖူးတော့မယ်ဆိုပြီး သွားဖူးမြော်တဲ့အခါ ဘုရားရှင်က `မဟိမာ´ ဘုန်တော်ဖြင့် သူ့ထက်အဆမတန်ကြီးမားတဲ့ ကိုယ်တော်သဏ္ဍာန်ဖန်ဆင်းပြီး လျောင်းတော်မူလျှက် အဖူးမြော်ခံတော်မူပါတယ်၊ သည်အခါ အလွန်အရပ်မြင့်လှပါတယ်ဆိုတဲ့ အသူရိန်နတ်ကြီးဟာ တအားကုန်မော်ပြီး ဖူးမြော်ပေမဲ့ ဘုရားရှင်ရဲ့ အထက်ပိုင်း ကိုယ်တော်အဆုံးကို မမြင်နိုင်ဘူးလို့ဆိုပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာက သင်္ခါရဆိုတဲ့ မမြဲခြင်းတရားတွေကို ဒီအသူရိန်နတ်တွေကကော လွန်ဆန်နိုင်နေသလား?
နောက်ပြီး ယူဇနာ ၈၄၀၀၀ ဆိုတာကလည်း မိုင်နဲ့တွက်ချက်မယ်ဆိုရင် တယူဇနာကို အချို ဘုန်းတော်ကြီးတွေက ၈ မိုင်၊ အချိုက ၁၂ မိုင် ခွဲ ဆိုပြီး တွက်ချက်ကြပါတယ်။ ဂေါတမ မွေးဖွားတဲ့ အိန္ဒိယ နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံပေါင်းရင်တောင်မှ ဒီအချိုးအစားနဲ့ အညီအမျ မိုင်ကိုတောင် ရနိုင်ပါ့မလား ဆိုတာကိုပေါ့ဗျာ ?

၈၄၀၀၀ အမြောက် ၈ မိုင် ညီမျခြင်း ၆၇၂၀၀၀ မိုင်ဆိုတော့ ဒီလောက်ကြီးမားတဲ့ ခန္ဒာ တကယ်ရှိခဲ့တယ် ဆိုရင်တော့ ကိုယ်ရွှေမြန်မာတို့က သမိုင်းမှာ လက်မထောင်နိုင်အောင် မောင်းခတ်စည်တီး ပွဲတွေ ဟီးနေအောင် လုပ်ကြတော့မှာပေါ့နော အခုတော့ ဒါက စာအရ တဆင့်စကား ဆင့်ကားကြားပြီး မြုတ်ဇာတ်တွေပါလို့ဆိုရင်တော့ ကျွန်တော့်အပေါ်မှာ ဒေါမနဿတွေ ပွားနေကြဦးမှာ အသေအချာဆိုတာ သိပေမဲ့ ရေးပြလိုက်ရပါတယ်။
အထက်က အရပ်တော်ကို ၁၂ မိုင်ခွဲနှင့် မြောက်လိုက်ရင်တော့ ပိုပြီး ကြီးမားလာပြီး မရေအတွက်နိုင်လောက်အောင် ယုံတမ်းစကား ဖြစ်လာတော့မှာပါ။ ဒါက အသူရိန်နတ်ရဲ့ အရပ်ပဲရှိသေးတာ ရှင်တော်ဂေါတမက သူထက် ဘယ်လောက်ကြီးသလဲဆို ရင် မော်ကြည့်တာတောင် အထက်ပိုင်း ကိုယ်တော်ကို မမြင်ရသေးဘူးဆိုတော့ ဘယ်လောက်ကြီးမလဲ ထပ်စဉ်းစားရင် ရှုးတောင် ရှုးချင်ကြပါလိမ့်မယ်။ ဒါကလည်း ရတနာမွန် အတွဲ-၂၃၊ အမှတ် ၅ ကယူထားတာဆိုတော့ ယုံလိုက်ကြပါတော့ဗျာ။

Twitter Delicious Facebook Digg Stumbleupon Favorites More