Friday, September 11, 2009

သေသောက်ကြူး သော်လည်း နတ်ပြည်ရောက် ` သရဏဥပါသကာ´ အကြောင်း

သေသောက်ကြူး သော်လည်း နတ်ပြည်ရောက် ` သရဏဥပါသကာ´ အကြောင်း

ယနေ့ခရစ်ယာန်များနှင့်ပါတ်သက်၍ မကောင်းကြောင်းအထွေထွေရေးသားကာ ပုတ်ခတ်နေကြသော်လည်း၊ မိမိ၏အဖြစ်ကို မိမိမမြင် မိမိဘာသာတရားကိုတော့ဖြင့် အပြစ်မရှိဟု့ထင်နေကြသော သူများအတွက် `အရက်သမားပင် ငရဲမှ လွတ်ကြောင်း´ ဗုဒ္ဓစာပေတွင် တွေ့ရပါကြောင်း တင်ပြလိုက်ပါရစေ။
၎င်းမှာ ဗုဒ္ဓဘာသာလက်စွဲ ( သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသော စာမျှက်နှာ ၅၃-၅၄ တွင်ဖေါ်ပြထားးပါသည့် အတိုင်းပင်ဖြစ်သည်) ကျမ်းမှဖြစ်ပြီး အရက်သေစာ သောက်စားသူပင် ဖြစ်လင့်ကစား ဗုဒ္ဓဘာသာဝင်ဖြစ်သောကြောင့် ကောင်းရာမွန်ရာ ရောက်ရသည်ဆိုသော အဖြစ်သည် ၊ ခရစ်ယာန်၏ ကျေးဇူးတရားကို မကောင်းဖေါ်ဆောင်သော သူများအတွက် အဖြေ ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ကိုရွှေအလိမ်အညာ ကြောင်သူတော်များ၏ မှိုင်းမိနေသော သူများအတွက်လည်း ဖြေဆေးဖြစ်ပေမည်ဖြစ်သောကြောင့် ဤအရာကို ရေးသားလိုက်ရခြင်းဖြစ်သည်၊ ဖြစ်ပုံမှာ……………
ဘုရားရှင် လက်ထက်တော်၌ ဘုရားရှင်၏ ဆွေတော် အမျိုးသား တစ်ယောက်သည် အရက်သေစာကို လူမှန်းသိတတ်သည့် အရွယ်မှစ၍ မပြတ်မလပ် သောက်စားလေ့ရှိခဲ့သည်။ ထိုသို့ အရက်သေစာ သောက်စားလေ့ရှိသော်လည်း ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးအပေါ်၌ ယုံကြည်အားထားသည့်စိတ်ကား လွန်စွာကြီးမားခိုင်မာလှ၏။ အဘယ်မျလောက်ကြီးမားသနည်းဟူမူ……..
တစ်ဦးတစ်ယောက်က `` သင်သည် ဘုရားကို ဘုရားမဟုတ်ဘူး။ တရားကို တရားမဟုတ်ဘူး။ သံဃာကို သံဃာမဟုတ်ဘူးလို့ ပြောလျှင်ပြော၊ မပြောလျှင် သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်´´ ဟု ဆိုခဲ့လျှင်`` သင်ဖြတ်လိုဖြတ်ပါ။ ငါ့အနေဖြင့် ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကို တရားမဟုတ်ဘူး၊ သံဃာကို သံဃာမဟုတ်ဘူးဟု အဘယ်နည်းနှင့်မျှ မပြောဝံ့ပါ´´…
ဟူ၍ပြန်ပြောနိုင်စွမ်းသည်အထိ ရတနာ သုံးပါးအပေါ်၌ ယုံကြည်အားထားသည့် စိတ်ဓါတ် ကြီးမားလွန်းသည့် အတွက်ကြောင့်လည်း ထိုအမျိုးးသား၏ အမည်ကို အများက `` သရဏဥပါသကာ´´ဟု ခေါ်ခဲ့ကြသည်။
``ထိုသရဏဥပါသကာ´´ ခေါ် သေသောက်ကြူးအမျိုးသားသည် ထိုဘ၀မှ သေလွန်သည် ရှိသော် ရတနာ သုံးပါးအပေါ် အသက်စွန့်၍ ယုံကြည်အားထားသော သရဏဂုံစိတ်ကြောင့် နတ်ပြည်သို့ လားရောက်ရလေသည်။
ဤသို့ နတ်ပြည်ရောက်ရကြောင်းကို ဘုရားရှင်က ဟောပြောတော်မူရာ သရဏဥပါသကာသည် ဘ၀တစ်လျှောက်လုံး အရက်သေစာ သောက်စားလာခဲ့သူ ဖြစ်ပါလျှက် သေသည့်အခါ နတ်ပြညသို့ ရောက်သွားသည်ဆိုသော ဘုရားရှင်၏ ဟောကြားချက်ကို ဆွေတော်မျိုးတော် အားလုံးက မယုံကြည်နိုင်ဖြစ်ကြသည်။ အချင်းချင်းစုမိတိုင်း ပြောဆိုကြ၍ မြတ်စွာလုရားအား ကဲ့ရဲ့ပြစ်တင်ကြတော့သည်။ ဤအကြောင်းကို ဘုရားရှင်၏ ဘထွေးတော် ``မဟာနာမ်´´ သာကီဝင်မင်းက ကြားရသည့်အတွက် ဘုရားရှင်အား လျှောက်ထားရာ…………
မဟာနာမ် ….. ရတနာ သုံးပါး၌ မတုန်မလှုပ် သက်ဝင် ယုံကြည်သူ ``သရဏဥပါသကာ´´ သည် သေဆုံးသည့်နှင့် တပြိုင်နက် သောတာပန် အဖြစ်ရောက်ပြီး နတ်ပြည်သို့ ရောက်သွားရခြင်းမှာ မှန်ပေသည်။ ``ရတနာ သုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်ခြင်း ရတနာ သုံးပါးအပေါ် အသက်စွန့်၍ မတုန်မလှုပ် ယုံကြည်သော သဒ္ဓါတရား ထားရှိခြင်း´´ ဟူသော အကြောင်းတို့ကြောင့် သေရည် သေရက် သောက်စားသော အကုသိုလ်အား အစွမ်းးသည် သရဏဂုံတည်ခြင်း၏ ကုသိုလ်စွမ်းအားကို ကာဆီးတားမြစ်ခြင်း မပြုနိုင်……… ဟူ၍ ဘုရားရှင်က ပြန်လည် မိန့်တော်မူခဲ့ပါသည် ( သံ၊ ၂။၃၂၆)။
ကျေးဇူးတရားကြောင့် ``ခရစ်ယာန် ယုံကြည်သူများ ကောင်းကင်နိုင်ငံရောက်သည်ကို ´´ ရှင်ဥက္ကဌ ကရေးသားသော အရာကို ကိုရွှေအလိမ်အညာများက သဘောအကျကြီးကျကာ ၀မ်းသားလုံးစို့နေကြသော်လည်း ရှင်တော်ဂေါတမက သူ၏ အမျိုး အရက်သေစာ လှော်စာ သမားကြီးကိုပင် အရက်သောက်က အပါယ်ကျမည် ဟောပြောနေပြီး ( သူရာမေရယ မဇ္ဖပမါဒ ဌာနံဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ ) သူ၏ အမျိုးတော် ငယ်စဉ်ကပင် အရက်ချိုး အရက်သမား ကိုတော့ဖြင့် နတ်ပြည်၌ နတ်စည်းစိမ်ကိုပင် ခံစားနေကြောင်း ပြောခဲ့ပါသည်။
ဤနေရာတွင် ကိုရွှေကြောင်သူတော်များ စကားအတိုင်း ဖြေနိုင်သော ကြောင်သူတော်ရှိက ဖြေပေးပါရန် ရေးသားလိုက်ရပါသည်၊
ကိုယ့်အဖြစ်ကို ကိုယ်မမြင်သော ကြောင်သူတော်များအား ``မေတ္တာလမ်းစဉ်အတိုင်´´ ဟောဖေါ်ပြညွန်နိုင်ကြပါစေသော်ဝ်။ အရက်သမားပင် နတ်ပြည်ရောက်နိုင်က ငရဲကျရန် ဤလောက၌ အကြောင်းအရင်းမရှိတော့ပါလေ။

Twitter Delicious Facebook Digg Stumbleupon Favorites More