Friday, September 11, 2009

ဗုဒ္ဓက ဆုံးမ၍ မရလျှင် သတ်ပစ်ခြင်း။

ဤအကြောင်းအရာကို ရေးသားရခြင်းက ဗုဒ္ဓဘာသာဝင်များက ခရစ်ယာန်ဘာသာတွင် မေတ္တာရှင်ဖြစ်လျှက် အဘယ့်ကြောင့် လူတွေကို ငရဲသို့သွားခိုင်းရသနည်း၊ ဤကား မေတ္တာရှင် မဟုတ်ဆိုသောကြောင့် ကောက် နှုတ်ရေးသားဖေါ်ပြရခြင်းပင် ဖြစ်ပါသည်။ အကြောင်းသော်ကား မိစ္ဆာ ဆရာ ကြောင်သူတော်များကား မည်မျှပင် တရားဟောဟော မကျွတ်လွတ်နိုင်သော အစိမ်းသေများကဲ့သို့ပင် ရှိနေချေပေမည်၊ ထို့ကြောင့် ခရစ်ယာန် ဓမ္မမိတ်ဆွေများ ရန်သူတော် စာတန်၏ သားသမီးပျိုများဖြစ်သော ကိုရွှေမြန်မာ တုများအား ရှောင်ရှားနိုင်ရန် ရေးသားရခြင်းပါ၊ သူတို့စကားနှင့် ဆိုရပါက `` မည်သူ့မျှ နစ်နာစေလိုသော ဆန္ဒမရှိပါ´´ယခုစာကား ဗုဒ္ဓဘာသာ လက်စွဲကျမ်း ( သာသနာရေးဦးစီးဌာန၊ သာသနာ ၂၅၃၇၊ ကောဇာ ၁၃၅၅၊ ခရစ်နှစ် ၁၉၉၃ နှစ်ထုတ်ဖြစ်ပါသည်၊ နှာ ၉၀) မှ ဖြစ်ပါသည်…… သာမန်လူမဟုတ်- သူတော်ပြောင်များ) မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်း အောက်ပါအတိုင်း မိန့်မြွတ်ဖြေကြားတော်မူခဲ့ပါသည်…
``မင်းမြတ်…. သင် မင်းမြတ်သည် အက္ခောဘိဏီ မကသော ကျည်းကုလားများကို သတ်ဖြတ်သေစေရာ၌ ( သရဏဂုံ တည်သူ တစ်ယောက်နှင့် ငါးပါးသီလမြဲသူ တစ်ယောက် ပါဝင်သောကြောင့်) တစ်ယောက်နှင့် တပိုင်းအတွက်သာ ( လူသတ်မှု) အပြစ်ရှိသည်။ ကြွင်းသော ( မိစ္ဆာအယူရှိသူနှင့် သီလမရှိသူ) ရန်သူအားလုံးတို့ကို သတ်မှု အပြစ်မျိုးလောက်သာ ရှိသည်ဟု မှတ်ယူသင့်၏….. သင်မင်းမြတ်၏ တိရိစ္ဆာန် သားသမင်များ နွားများနှင့် တူသော ရန်သူများနှင့် တကွ လူတစ်ယောက်နှင့် တပိုင်းတို့ကို သတ်မိသော အကုသိုလ်သည် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ် သုံးပါးတည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် ရည်ရွည်သည်ဖြစ်သောကြောင့် သင်မင်းမြတ်အား နတ်ပြည်ရောက်ရန် အန္တရာယ်၊ မဂ်ဖိုလ်ရရန် အန္တရာယ် မဖြစ်နိုင်ပါ။ ပြီးခဲ့သည့် စစ်ပွဲများကို အကြောင်းပြု၍ နှလုံးမသာမယာခြင်း ဖြစ်နေလျှင် ယင်းကိုပယ်ဖျောက်လော့´´
ဟုရဟန္တာ မထေရ်မြတ်ရှစ်ပါးတို့က သက်သာရာ ရနိုင်ကြောင်းစကား မိန့်မြွတ်ဖြေကြားတော်မူခဲ့ပါသည်( မဟာဝံသ အဌကထာ)။

Twitter Delicious Facebook Digg Stumbleupon Favorites More