Monday, September 7, 2009

ဘုရားအား လူတို့သတ်၍မရနိုင်ကြောင်း !

ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာကေနစိ အန္တရာယော ကတုံ တထာ မေဟောတု ( အဝေဏိကဂုဏ်တော်)

ဗုဒ္ဓါနံ မြတ်စွာဘုရား၏ ( ဂေါတမကိုပြောခြင်းမဟုတ်ပါ) ဇီဝိတဿ အသက်တော်ကို နသက္ကာကေနစိ တစ်စုံတယောက်သောသူမျ အန္တရာယော ကတုံ အန္တရယ်ပြုခြင်းငှါ တထာ မစွမ်းစောင်နိုင်သကဲ့သို့ မေ အကျွန်ုပ်၌ ဟောတု ဖြစ်ပါစေသတည်း ….. ဤကား အဝေဏိက ဂုဏ်တော်လာ ဘုရားတစ်ဆူ၏ အရည်အချင်းပင်ဖြစ်ပြီး မကြာမကြာလည်း ကိုရွှေမြန်မာတို့ ရွက်ဖတ်နေကြပါသသည်။ သို့သော် ယနေ့ ဂေါတမသည်ကား သူတပါး၏ ပယောဂဖြင့် ခြေမ အနာရ သွေးစိမ်းရှင်ရှင် မြစ်ကြီးတခုလုံးကိုပင် ရပ်တန့်စေသော ဆေးစွမ်းကောင်းပင် ပျောက်ကင်းခြင်းငှါ မစွမ်းစောင်နိုင်ခဲ့။ အစွမ်းဆုံ ပြောရပါက သေခြင်းတရားကိုပင် မအောင်မြင်ခဲ့ပါ သို့သော်လည်း ဖင်ဗူးတောင်းထောင်၍ ကြောင်သူတော်များကတော့ဖြင့် ဘုရားအသက်တော်ကို မည်သူမျ မသတ်နိုင်သကဲ့သို့ မိမိလည်း မသေလိုကြောင်းကို ဟစ်အော်နေကြပြန်ပါသည်။ ရေးရပြန်ကလည်း မကောင်းမှန်းသိသော်လည်း မေတ္တာရှင် ရဟန်းရှင်လူတချို့ အခြားဘာသာဝင်များ မကောင်းကြောင်းကို ထင်သလိုရေးနေပြန်သောကြောင့် သမိုင်းပေးတာဝန်သဖွယ် ရေးရပြန်ပါသည်၊ နောက်ဆုံးရှင်တော် ဂေါတမက `` ငါသည်လည်း သေခြင်းတရားကို မလွန်ဆန်နိုင်သောကြောင့်´´ ဆိုသော အမှာစကားကလေးက အရှင်းသားဖြစ်သော်လည်း အရှုပ်တကာ့ အရှုပ်ကောင် မာရ်နတ်သားများက မေတ္တာကိုသွင်သွင် ဟောလျှက် `` အနောက်တိုင်း ဘုရား´´ ကိုကိုးကွယ်သူများဆိုပြီး ရိုးသားသော တောသူတောင်သား ပြည်သူများကို ချိုးချိုးနှိမ်နှိမ် လုပ်ကြီဖန်တီးရေးသားတတ်ကြပြန်ပါသည်။ သို့တိုင်အောင် ဂေါတမကား ကုလား လူမျိုးဖြစ်ပြီး ကုလားပြည်၌ပင် သူ့အား ယုံကြည်သူသည် ၁.၀ ပင် မရှိပါချေ၊ ပြည်တွင်းဖြစ်ကို ကိုးကွယ်ရပါက ပြည်တွင်းဖြစ်မှန်သမျသည် `` အလိမ်အညာ၊ အကြံအဖန်၊ အတုအယောင်၊ ရှေးပဝေသဏီကအစ အရည်းကြီးများ´´သာရှိသောကြောင့် ဇာနည်မျိုးဟေ့ဟု နှုတ်ကအော်သော်လည်း လက်တွေ့ကား ဖွန်ကြောင်မျိုးဟေ့ဟုသာ ပြသနေလေသည်။ ကုလားစကားကို အဟုတ်ကြီးထင် ကုလားစာစကားရမှ ကျွတ်တမ်းရောက် `` ကြက်တူရွေး နှုတ်လွတ်ရွက် ပြည်သူပြည်သားမှာ အသိညာဏ်မဖက် ´´ ဆိုသော ဆောင်ပုဒ်ကိုသာ လက်ကိုင်ထားကြပြန်လေသည်။
ခရစ်တော်ဘုရားကတော့ ထိုသို့မဟုတ်ပါ သူများသတ်၍ သေခဲ့သည်မဟုတ် ၁။ အချက်က ယေရှုခရစ်တော်ဘုရားက လူသတ်လို့သေတဲ့ဘုရားမဟုတ်ပါဘူးလို့ ဆိုရတာက ဟော့ဒီမှာကြည့် ‘ငါသည် ကိုအသက်ကို ကိုယ့်အလိုအလျှောက်စွန့်၏ ’ ဆိုတာပါပဲ နောက်ပြီး ယေရှုခရစ်တော်ရဲ့ ကားတိုင်ခရီးစဉ်မှာကြည့်ရင်လည်း ခရစ်တော်ဘုရားက ‘ အကျွန်ုပ်၏ အသက်ဝိညာဉ်အား ကိုယ်တော်လက်သို့အပ်ပါ၏ ’ လို့ဆိုထားတယ်ကွာ နောက် လူသတ်သမားက လှံဖြင့် ထိုးသတ်ရန်ကြည့်ပြီး သေမသေကိုစမ်းတော့ ခရစ်တော်ဘုရားက ‘ အသက်တော်ကို စွန့်ပြီးနေပြီးသား ဖြစ်ကြောင်းကို အရှင်းသားအတိုင်း ’ လို့တွေ့မြင်နိုင်ပါတယ်ကွာ၊ ဒါ့ကြောင့် ငါကလူသတ်လို့သေတဲ့ဘုရားဆိုရင်တော့ ငါလည်း မကိုးကွယ်ဘူးလို့ပြောရတာပေါ့ကွာ”
၂။ အချက်က “ ခရစ်တော် ဤလောကကို ကြွလာရခြင်းက တိုက်ဆိုင်မှု မဟုတ်သလို သာမန်အမှုလည်းမဟုတ်ခဲ့ပါဘူး၊ ဤလောကကို ကြွလာမည့်အကြောင်းကို ဟိုနှစ်ပေါင်း ဘီစီ ၇၀ဝ ကတည်းက ကြိုတင်ပြောထားသော ကတိတော်စကားဖြစ်ပြီး၊ သူ၏မွေးဖွားခြင်းမှအစ သေခြင်းတိုင်အောင် အနာဂတ္တိဆိုတဲ့ တဘောင့်စကားတွေနှင့် ကြိုတင်ပြောဆိုထားတဲ့အရာတွေပါ။ လက်တွေ့ရှင်းရှင်းဆိုကြပါစို့ အခု မင်းတို့ငါတို တတွေအနေနှင့် ကာယ၊ ဝစီ၊ မနော ဆိုတဲ့ အကုသိုလ်အပြစ်ကြွေးတွေကို နေ့ရက်အစဉ်တိုင်းကျူးလွန်နေကြပြီး၊ ကုသိုလ်တပဲ ငရဲတပိဿာ ဆိုတဲ့အတိုင်း သူ့ကို ကိုယ်မကယ်နိုင်သလို၊ ကိုယ့်ကိုလည်း သူမကယ်နိုင်ဆိုတဲ့အခြေအနေမှာ ဘုရားရှင် က တပါးတည်းသော သားတော် ယေရှုခရစ်ကို ဤလောကသို့ စေလွတ်၍ ကိုယ်စားပြု ယတြာခံခဲ့ခြင်းဖြင့် အသက်လမ်းတံခါးကို ဖွင့်ပေးခဲ့တာက လူတိုင်းအတွက်ဖြစ်ပေမဲ့ ၊ မာန်ခဝါချပြီး လက်ခံယုံကြည်သောသူတိုင်းအတွက် ထာဝရအပြစ်စီရင်ခြင်းမှ လွတ်ကင်းကာ အို၊ နာ၊ သေခြင်းမှ လွတ်ကင်းရာ တမလွန်အေးငြိမ်းရာဘဝကို ရရှိပိုင်ဆိုင်နိုင်ရေးသက်သက်မို့ လွန်စွာအရေးပါအရာ ရောက်လှပါတယ်ကွာ၊ ဒါကိုမသိနိုင်ရန် သမ္မာကျမ်းစာမှကတော့ ဤလောက၏ ဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏ လို့ဆိုထားတယ်ကွ”………… ဟူ၍ စာရေးသူတချို့က ဖေါ်ပြထားပါသည်။ ထို့ကြောင့် အထက်က ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာကေနစိ အန္တရာယော ကတုံ တထာ မေဟောတု ( အဝေဏိကဂုဏ်တော်) ကုလားစကားအတိုင်း ကိုက်ညီနေသည်ကိုထောက်၍ ငါ့ဘုရား၊ ငါ့ဘာသာ ဆိုသော အတွေးမှားကိုရှောင်ကျဉ်ကာ သင်္ခါရ သဘောတရားကို သိမှတ်ကြပါတော့ဟု တိုက်တွန်းလိုက်ပါရစေ။ သို့မဟုတ် အယူတိမ်း၍ အစိမ်းတွေဖြစ်ကုန်ကြပေတော့မည်။

Twitter Delicious Facebook Digg Stumbleupon Favorites More