Wednesday, August 12, 2009

အရိမေတ္တယျဆိုတာဘယ်သူပါလည်း


မေးပါရစေ…အိုအဆွေ…
အရိမေတ္တယျ ဘုရားအလောင်း ဆိုတာဘယ်သူပါလည်း နောက်ပြီး.. ဓမ္မမိတ်ဆွေတို့ ပြောပြော နေကြတဲ့ အခြားဘာသာဝင်တွေ အကြောင်း လုပ်ကြံလီဆယ်ပြီး မဟုတ်မမှန် ပြောဆို နေတာတွေ ကဘာရည်ရွယ်ချက်ကြောင့်ပါလည်း…
ဒီမှာမေးခွန်းတစ်….. အရိမေတ္တယျ ရဲ့….အဓိပ္ပါယ်က အရိ=ရန်သူဖြစ်လျှက်ပင်၊ မေတ္တယျ=မေတ္တာထားသောဘုရား လို့အဓိပ္ပါယ်ရတာ… အားလုံးကသိကြမှာပါ… ဒါပေမဲ့ ထေရ၀ါဒလို့အော်အော်နေတဲ့… လူတွေရဲ့အယူအဆမှာ ဘုရား နှင့်လူဟာ ဘာကြောင့် ရန်ဘက်တွေဖြစ်စရာ လိုနေပါသလည်း..ရန်ဘက်ဖြစ်ရအောင်ကလည်း ဒီဘ၀ဒီခန္ဒာဒီရုပ် ဟိုဘ၀ဟိုခန္ဒာ ဟိုရုပ်ဟုဆိုသောကြောင့် ဖြစ်လာစရာ လည်းအကြောင်းမရှိပါဘူးလေ… နောက်ပြီး ခင်များတို့တိုက်ခိုက်နေတဲ့ ထာဝရဘုရားရဲ့သမ္မာကျမ်းစာမှာတော့ လူနှင့်ဘုရားဟာရန်ဘက်ဖြစ်သွားလို့ … ရန်သူဖြစ်လျှက်ပင် ခရစ်တော်ဘုရားက အဂ္ဂါပေမေတ္တာ ဖြင့် လာရောက် ကယ်တင်ရကြောင်း အတိအလင်း ရှင်းပြထားပါတယ်…`` ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသ္ခင်သည် ငါတို့အား အဘယ်မျလောက်ချစ်တော် မူသည်ကို ငါတို့အားထင်ရှားစေတော်မူပြီ´´ ( ရောမ ၅း၈) ဂေါတမက ကျွန်ူပ်ကိုးကွယ်တဲ့ဘုရား မဟုတ်ပေမဲ့ … ဗုဒ္ဓဆိုတာကတော့ ကျွန်ူပ်ရဲ့ ကိုးကွယ်ရာပါ… ရှင်းပါတယ်နော် ဗုဒ္ဓဆိုတာက ဘုရား လို့အဓိပ္ပါယ်ရတော့ … မြန်မာ(လူမျိုး) ဗုဒ္ဓဘာသာတွေသာ ဒီစကားလုံးကို သုံးရမယ်လို့ မူပိုင် မရှိသင့်ပါဘူး… ဘုရားစကားတော်ကို လိုက်နာသောသူတိုင်းက ဘုရား ( ဗုဒ္ဓ) ရဲ့သားသ္မီးတွေမို့…. နတ်စား မဟုတ်သူမှန်သမျ ဗုဒ္ဓဘာသာဝင်ပါပဲ…
နောက် ခင်များတို့ ပုဆိုးခြုံထဲက လက်သီးပြပြနေကြတာဟာ တကယ်တော့မကောင်းပါဘူးဗျာ…. တခုမေးပါရစေ… လက်ညိုးတွေ ဘာတွေဖြတ်လှုပူဇော်ခြင်းက ဒိဌိတွေရဲ့ အလုပ် လို့ ( ရဝေထွန်း) သျှင်သိလောကသာရက အကိုးအကားဖြင့် ဘာသာရေးပြဿနာမှာ ရှင်းပြထားတယ်.. အဲ့ဒါကဘာလဲဆိုတော့.. အရိမေတ္တယျ ဖြစ်လာမည့်ထိုအရှင်က ဟိုးအရင်းအရင် ဘ၀တခုမှာ .. သူ့လည်ပင်းကို သူ့လက်သည်းနှင့် လှီးဖြတ်ပြီးမှ… ထိုလည်ပင်းပြတ်ကြီးကို တင်လှုပူဇော်ရင်း ဘုရားဆုကို ပန်ဆင်ခဲ့လေသတဲ့ဗျာ… လည်ပင်းပြတ်မှတော့ ဘယ်သူကအသက်ရှင် စကားပြောတောင်းဆုခြွေနေနိုင်ဦးမှာလည်း … VCD နှင့် DVD, EVD တွေမှာတောင်မတွေ့ဘူးသေးပါဘူး.. တကယ့် သူရဲကောင်းကြီးပဲနော်..
နောက်တမျိုးဆိုထားတာက… ရှင်တော်ဂေါတမ လက်ထက်မှာ..ရွှေသင်္ကန်းယက်လှူ ပူဇော်ချိန်မှာပင် ရှင်ကြီးဂေါတမက ထိုသင်္ကန်းတစုံကို အလှူခံပြီး နောက်တစုံကိုတော့ အရိမေတ္တယျဖြစ်လာမည့်အရှင်ရဟန်းက လက်ခံတော့ ကျန်ရှိ ရဟန်းတွေကကဲ့ရဲ့တော့ ဗိုလ်ပုံ အလည်မှာပင် ရှင်တော်ဂေါတမက တန်ခိုးပြာဒိဟာကိုပြစေခဲ့ခြင်းအားဖြင့် လွှင့်မြောက်လိုက်တဲ့ သပိတ်တော်ကို ကောင်းကင်အထက်မှ ယူဆောင်စေခဲ့ပါတယ်တဲ့… အဲ့ဒီအဇိတဆိုတဲ့ အရိမေတ္တယျ ဘုရားအလောင်းကတော့ အဇာတသတ်ရဲ့သားတော်ပါတဲ့… ခမည်းတော် ဗိမ္မိသာရ ဆဲုးတဲ့နေ့မှာ.. မွေတဲ့ အဇိတက ၃ နှစ်သားအရွယ်ရှိချိန်မှာ ပျန်လွန်တော်မူသွားတဲ့ ရှင်တော်ဂေါတမ ရဲ့အထံမှာဘယ်လိုရဟန်းပြုနိုင်မလဲ ဆိုတာ စဉ်းစားတာကြည့်ပါတော့.. ဒီဇာတ်တော်ကမှားနေရင်တော့… အဇိတဆိုတဲ့ အရိမေတ္တယျဘုရား အလောင်းကဘယ်သူလဲ..ဒီဇာတ်တော်ကမှန်နေရင်တော့… သမိုင်းအရတော့မမြစ်နိုင်တာ သေချာနေပါပြီ.. ခရစ်တော်ရဲ့ ၁၈ နှစ် ကိုပင် မရှိရှာကြံပြီး ပြဿနာ လုပ်တတ်သူတွေက တကယ့်ပြဿနာကိုတော့ မေ့သွားကြတာ တော်တော်ကလေးကို အတ္တအပူအားကြီး၍ အမြင်အာရုံတွေပင် စိုးရိမ်စရာကောင်းနေပါပြီဗျာ… နောက်ပြီး ယခုတာဝတိံသာမှာ ရှိနေတယ်ဆိုတဲ့ စကားတွေကို ကြည့်မယ်ဆိုကလည်း…သက်တမ်းအရ ဘုရားအလောင်းမှာ ဘုရားလာဖြစ်ရန် မဖြစ်နိုင်ကြောင်းပြောဟောနေကြတာလည်းရှိပါတယ်…. ဘာတွေဘယ်လောက်ပဲပြောပြော အမှန်တရားဆိုတာ ဘာနှင့်မှ ဖုံးကွယ်လို့မရစကောင်းပါဘူး…

Twitter Delicious Facebook Digg Stumbleupon Favorites More