Tuesday, July 14, 2009

၆. ဆဌမရှုထောင့်

စာပေရှုထောင့်အမြင် (Litracy View)
ခရစ်တော်ကိုယ်တော်တိုင် ရေးသားထားလျှင် ထိုစာပေနှင့်လက်ရေးမူသည် လွန်စွာ အရေးကြီးလှပေသည်။ ယနေ့ကမ္ဘာ့စာပေပညာရှင်ကြီးများ၏ အထုပ္ပတ္တိများ။ လက်ရေးစာမူများ၊ အာဘော်များ၊ ၀ါသနာများ၊ အကျိုးပြုမူများကို ထုတ်ဖော်နေစဉ်မှာ ထိုမှ ဗုဒ္ဓဘာသာ ပညာရပ်ကိုဆည်းပူးခဲ့သော ပညာရှင်တဦးဖြစ်နေခဲ့ပါလျှင်၊ ယနေ့ထိုပုဂ္ဂိုလ်နှင့် သူ၏စာမူလက်ရေးတို့သည် ကမ္ဘာ့စာပေလောကမှာ နေရာယူထားနေပေတော့မည်။အထူးသဖြင့်ထင်တိုင်းကျဲနေသော ဘုရားမဲ့ဝါဒီသမားတို့သည် ရက်ပေါင်းရာထောင် အလှုကြီးပေးကာပြသနေပေလိမ့်မည်။
စာပေဆိုသည်မှာ လူတို့၏ အသက်သွေးကြောမကြီး မဟုတ်ပါလား၊ ခရစ်တော်က ကျမ်းစာကိုပင် ဖတ်ရုံနှင့် ကယ်တင်ခြင်းမရနိုင်၊ ကျမ်းစာသည် ငါ၏သက်သေမျသာဖြစ်သည်ဟု ဆိုမိန့်ခဲ့ပါသည်။ နှလုံးသား၌သာ မင်နှင့်မရေး၊ ၀ိညာဉ်နှင့်ရေးသော ခရစ်တော်ပါ။
၁. သခင်ယေရှုကိုယ်တိုင် စာရေးသားမှတ်တမ်းတင်သည်ဟု ဂျူးသမိုင်းတွင် မတွေ့ရပါ၊ ကျမ်းစာ၌လည်း မတွေ့ရပါ၊ ပညာပင်မသင်မကြားသောကြောင့် စာပင်မရေးဘူးပါ၊ စာပေမရေးတိုင်း ပညာမရှိဟု မဆိုလိုပါ၊ ဂေါတမကိုယ်တိုင်လည်း စာမရေးခဲ့ပါ လူတို့ကသာ သူ့အဟောအပြောကို မှတ်တမ်းတင်ခဲ့ကြခြင်းပါ၊ ထို့အတူ ခရစ်တော်သည် နုတ်တော်ဖြင့် ဟော်တော်မူ၏။ လူတို့ကမှတ်တမ်းတင်ပြ၏၊ ကျောင်းပင်မနေခဲ့သောကြောင့် နှိမ်ပြောခြင်းဖြင့် လက်သမားသား မဟုတ်လောဟုပင် တိုင်းထွာပြောခဲ့ကြပါသည်။
၂. ကျမ်းစာအရ ယော ၈း၆ တွင် ယေရှုသည် အောက်သို့ငုံ့လျှက် လက်ညိုးတော်နှင့် မြေ၌ရေးသား၍ နေတော်မူ၏။ ဤကျမ်းပိုဒ်၌ သိရသည်မှာ လိင်ကိစ္စ၌ မှားယွင်းဖောက်ပြန်နေသော မိန်းမအား ယေရှုထံသို့ ခေါ်လာပြီး ထေင်ချောက်ဆင်မေးမြန်းခန်းမှဖြစ်သည်။ ခရစ်တော်သည် သူ၏ သက်တော်စဉ် တစ်လျှောက်လုံး၌ မည်သည့်စာပေကိုမျှ ရေးသားဖြန့်ဝေခြင်းမရှိခဲ့ပါ။ ယခုလို မြေကြီးပေါ်မှာ မိမိလက်ညိုးတော်နှင့် နှစ်ကြိမ်မျ ရေးခြစ်ခဲ့ဘူးသည်ကိုသာ ကျမ်းစာ၌ ဖတ်ရှုရပါသည်။ ပေ၊ စာရွက်၊ ကျောက်ထက်အက္ခရာ မတင်ခဲ့ဘူးပါ။
ယုဒတို့ထုံးစံအရ အိမ်ထောင်ဆိုသည်မှာ မိသားစု၏ ပထမဆုံးသော ပညာဆည်းပူးရာ၊ ပညာရှာဖွေ သိုမှီးရာ ဖြစ်သည်။ အိမ်ထောင်းသည် လက်ဦးကျောင်းဖြစ်သည်။ မိဘများက ဘုရားသခင်အကြောင်းနှင့် သိမှတ်ဖွယ်ရာတို့ကို သားသမီးတို့အား အလွှတ်ကျက်မှတ်စေ၍ သင်ကြားပေးခဲ့ကြသည်။ တက္ကသိုလ်၊ ကောလိပ်ကျောင်း ပညာရပ်များကို ယေရှုမသင်ကြားခဲ့သော်လည်း အိမ်ထောင်တွင်း၌ပင် မိဘပညာရေးတော့ရှိပေသည်။
လုကာ ၄း၁၆-၂၂ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင် ထုံးစံတော်ရှိသည့်အတိုင်း ဥပုဒ်နေ့၌ တရားဇရပ် သို့ဝင်၍ ကျမ်းစာဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။ ဇရပ်စောင့်သည် ပရောဖက် ဟေရှာယ၏ ကျမ်းစာလိပ်ကို ပေစည်ဖြစ်၍ ကျမ်းစာကို ဖွင့်တော်မူလျှင် တွေ့သောအချက်ကား ထာဝရဘုရားသခင်၏ ၀ိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏ အကြောင်းမူကား ဆင်းရဲသားတို့အား ၀မ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိပ်ပေးတော်မူပြီ။
ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်း ငှါလည်းကောင်း လွတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား ပြန်မြင်စေခြင်းအကြောင်း ငှါလည်းကောင်း ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါလည်းကောင်း ငါ့ကိုစေလွှတ်တော်မူပြီ ဟုလာသတည်း။ ကျမ်းစာလိပ်ကို ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်ရှုလျှက်နေကြ၏။ ယေရှုကလည်း ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားရသည့် အတိုင်းပြည့်စုံလေပြီ ဟုမိန့်တော်မူ၏။ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍ တင့်တယ်လျှေက်ပတ်သော နှုတ်တော်ထွက်စကားကို အံ့သြချီးမွမ်းလျှက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟုဆိုကြ၏။ အထက်မှသိရသည်မှာ…….
၁. ကြီးပွားတော်မူရာ နာဇရက်မြို့ဟုဆိုသောကြောင့် နာဇရပ်မြို့၌ အမြဲနေထိုင်ကြောင်း သိရသည်။ အခြားပြည်ပသို့မသွား။
၂. ထုံးစံရှိသည့်အတိုင်း ဥပုဒ်နေ့၌ တရားဇရပ်တွင် ကျမ်းစာလိပ်ကိုသာ ဖတ်ကြားကြောင်း သိရ၏။ အခြားစာပေ၊ တရားမဟော၊ မဖတ်မကြား၊ စက္ကူမသုံး။
၃. ဖတ်သောကျမ်းပိုဒ်သည် ယေရှုအားညွန်းဆိုသော ကျမ်းစာလိပ်ဖြစ်ပြီး။ ယေရှုက ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည့်အတိုင်း ပြည့်စုံပေပြီဟု မိန့်တော်မူ၏။ အမောခံ၊ အပင်ပန်းခံ၍ လိမ်လည်ဇာတ်လမ်းဆင်နေပါမည်လား။ တရားသမား၊ ဘုရားတရားတို့က အခုတမျိုး တော်ကြာတမျိုးပြောပါက အဘယ်မှာလျှင် ကောင်းပါတော့အံ့နည်း။
၎. လုအပေါင်းတို့ ထောက်ခံမူပင် ထိုအချိန်ကပင်ရရှိခဲ့သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More